သစ်ရွက်လေးရဲ့ သံသရာခရီး (ရဲခေါင်(စက်မှုတက္ကသိုလ်/သိပ္ပံ)

သစ်ရွက်လေးရဲ့ သံသရာခရီး (ရဲခေါင်(စက်မှုတက္ကသိုလ်/သိပ္ပံ)

သစ်ရွက်လေးရဲ့ သံသရာခရီး (ရဲခေါင်(စက်မှုတက္ကသိုလ်/သိပ္ပံ)

ကျွန်တော်ဟာ ဝက်သစ်ချပင်ကြီးရဲ့ အကိုင်းပေါ်မှာ ဝက်သစ်ချ ဖူးလေးအဖြစ်နဲ့ ဘဝ စတင်ခဲ့တာပေါ့။ ဝက်သစ် ချပင်က ကြီးလွန်းတော့ ကျွန်တော် နုနယ်စဉ်မှာ နင်းချေမခံရအောင်၊ တိရစ္ဆာန်တွေက ထိုးဆိတ်စားမသွား အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကျွန်တော် လူ့လောကကို အမျိုးမျိုး အကျိုးပြုပါတယ်။ အသိုက်အမြုံတွေ၊ အိမ်တွေ အရိပ်ရ လုံခြုံအောင် လုပ်ပေးနိုင်သလို ပန်းပွင့်တွေကိုလည်း အလှတိုးအောင် အားဖြည့် ဝန်းရံပေး ပါတယ်။ ကျွန်တော့် အရောင်က အစိမ်းရောင်ဆိုတော့ ကျွန်တော့်ကို ကြည့်မိတဲ့ လူသားတွေဟာလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရသလို အားသစ်အင်သစ် စိတ်ကူးသစ်တွေလည်း ရသွားကြတာပေါ့။ အစိမ်းရောင် ဆိုတာက ဘဝကို ကိုယ်စားပြုတယ်လေ။ နိုးကြား တက်ကြွမှုနဲ့ ခွန်အားရှိမှုတွေကိုလည်း ကိုယ်စားပြုတဲ့ အရောင်ပေါ့။

အခု နွေဦးပေါက်ပြီဆိုတော့ နေခြည်စူးစူးအောက်မှာ ကျွန်တော့်ရဲ့ အရွယ်ကလည်း တဖြည်းဖြည်း ကြီးထွား လာတော့မယ်ပေါ့။ နေရောင်ခြည်က ကျွန်တော့်ရဲ့ ပင်မအာဟာရ ဖြစ်သလို နေရောင်ကို ဗဟိုပြုပြီးတော့လည်း ကျွန်တော့်ရဲ့လောကတာဝန်တွေကို ထမ်းဆောင်ရတာပါ။ နေရောင်များများရလေ ကျွန်တော်မြန်မြန် ကြီးလာ လေပါပဲ။ အဲဒီလို ကြီးလာလေလေ ကမ္ဘာမြေကသက်ရှိတွေ အလိုအပ်ဆုံးဖြစ်တဲ့ အောက်စီဂျင်ဓာတ်ကို ကျွန် တော်ထုတ်ပေးနိုင်လေလေပါပဲ။ တန်ဖိုးမထားတတ်တဲ့သူတွေ အတွက်ကတော့ ကျွန်တော်ဟာ အရွက်ကလေး တစ်ရွက်လောက်ဆိုတာထက် မပိုဘူးပေါ့ခင်ဗျာ။

ဒါပေမဲ့ ကျွန်တော့်မှာ ဖြစ်နေတဲ့ဖြစ်စဉ်တွေကို နားလည်ဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းအသီးသီးက သိပ္ပံပညာ ရှင်တွေ အတွက်ကတော့ ကျွန်တော်ဟာ တော်တော်နက်နဲတဲ့ ပဟေဠိတစ်ပုဒ် ဖြစ်နေပါသေးတယ်။ ကျွန်တော့် ထဲက အောက်စီဂျင်ဓာတ်ကို ထုတ်ပေးတဲ့ ဖြစ်စဉ်တစ်ခုတည်းကိုပဲ ပြည့်ပြည့်စုံစုံ နားလည်ဖို့ဆိုရင်တောင် သိပ္ပံပညာရှင်တွေဟာ နှစ်တွေအများကြီးကြာအောင် လေ့လာခဲ့ရပါဦးမယ်။

ကျွန်တော့် သွင်ပြင်က ရိုးရှင်းတယ်၊ ပါးလွှာတယ်၊ ထိခိုက်ပျက်စီးလွယ်တယ်။ ဒါပေမဲ့ ကျွန်တော်ဟာ လောက မှာ တာဝန်ကြီးကြီးမားမားကို ထမ်းဆောင်ရပြန်တယ်။ တစ်နွေလုံးမှာ ခြောက်မသွား၊ နွမ်းမသွားအောင် နေပူဒဏ်ကို ခံရတယ်။ ဒါဟာလည်း အပင်မြစ်တွေက စုပ်ယူပေးတဲ့ မြေအောက်ရေကို အကိုင်းအခက်တွေက တစ်ဆင့် ကျွန်တော်အဆက်မပြတ် ရနေလို့ပါပဲ။ ဒီလိုရေကို အဆက်မပြတ် ရနေတာကြောင့် ကျွန်တော် ငွားငွားစွင့်စွင့် ရွှင်လန်းနိုင်တာပေါ့ဗျာ။ ကျွန်တော့်ရဲ့မျက်နှာပြင် ပါးပါးလေးကတစ်ဆင့် ကျွန်တော်ဆီရောက်လာ တဲ့ ရေအတော်များများဟာ ရေငွေ့ပျံသွားကြတယ်။ ဒါပေမဲ့ရေတချို့ကတော့ ဓာတ်ပြိုကွဲသွားပြီး သက်ရှိတွေ ရှင်သန်ဖို့ လိုအပ်တဲ့ အောက်စီဂျင်ဓာတ်ကို ထုတ်ပေးပါတယ်။ ဒီဖြစ်စဉ်က ရိုးရိုးလေးလို့ ထင်ရပေမယ့် ဖြစ်စဉ် တစ်ခုလုံး ပြီးမြောက်ဖို့ကတော့ စွမ်းအင်တွေ အများကြီးလိုအပ်ပါတယ်။ ဒီလိုစွမ်းအင်တွေကို ကျွန်တော် နေရောင်ခြည်ကတစ်ဆင့်ရသလို အဲဒီဖြစ်စဉ်တစ်လျှောက် ကျွန်တော့်ထဲမှာဖြစ်ပေါ်လာတဲ့ သကြားဓာတ်တွေ ဆီကလည်း ရပါတယ်။

 

တိမ်တိုက်တွေဆီက မိုးရေမရတော့တဲ့ အခါကျွန်တော်ဟာ ရပ်တည်ဖို့ ခက်ခဲလာပါတယ်။ လူတွေလိုအပ်တဲ့ အောက်စီဂျင်ဓာတ် ထုတ်နိုင်လောက်အောင် ကျွန်တော်ငွားငွားစွင့်စွင့် မလန်းနိုင်တော့ပါဘူး။ အရမ်းပူလာ တယ်။ မိုးလည်း ပြတ်သွားပြီ ဆိုရင်တော့ ကျွန်တော် ထပ်ပြီးအကြပ် ရိုက်တော့တာပါပဲ။ မကြာခင်မှာပဲ ကျွန် တော်ဟာ သစ်ရွက်ခြောက်လေး ဖြစ်သွားတော့မှာပါ။ ကောင်းကင်မှာတိမ်တွေရှိပေမယ့် လူတွေက တစ်ဦးကို တစ်ဦး ဖိနှိပ်ကြတဲ့အ ချိန်အခါမျိုးဆိုရင် မိုးမရွာတတ်တာကြောင့် ကျွန်တော့်ရှင်သန်မှုကို ထိခိုက်ပြန်ပါတယ်။ ကျွန်တော်က လူတွေအတွက် အောက်စီဂျင်ထုတ်ပေးတာမှာ လိုအပ်တဲ့ နေရောင်ခြည်ကိုလည်း ဒီမိုးတိမ်တွေ က ဟန့်တားထားပါတယ်။

ခုဆို ဆောင်းဦး ပေါက်စပြုပြန်ပြီလေ။ နွေပူပူမှာ ကျွန်တော် ရွက်ခြောက်ဖြစ်မသွားခဲ့ပေမယ့် ကျွန်တော့်အတွက် ပုံစံပြုထားတဲ့ ဘဝစက်ဝန်းအရ ဆောင်းဦးရာသီမှာတော့ ညှိုးရော် ကြွေကျရတော့မှာပါ။ ကျွန်တော့် အရောင် က စိမ်းရာကနေဝါ၊ ဝါရာကနေ လိမ္မော်ရောင် သန်းပြီးတော့ အနီရောင်ဖြစ်လာမယ်။ နောက်ဆုံး အညိုရောင် ရွက် ခြောက်ဘဝနဲ့ ကြွေကျ၊ မြေခရပါတော့မယ်။ မြေခရပြီဆိုရင်တော့ လူတွေက နင်းချေသွားကြတော့မှာပါ။ နင်းခြေခံလို့ အမှုန့်ဖြစ်ပြီးသွားရင်တော့ ကျွန်တော်မြေကြီးပြန်ဖြစ် သွားပြီပေါ့လေ။ နောက်တစ်ကြိမ် နွေဦးပေါက် တဲ့ အချိန်အထိ ကျွန်တော်ဖြစ်တည်ရတဲ့ အခြေခံဓာတ်ဟာ မြေကြီးအဖြစ်နဲ့သာ ရှိနေပါတယ်။ နွေဦးရာသီ ရောက်ပြန်ရင်တော့ သေပြီးရင် တစ်ဖန် ရှင်သန်ထမြောက် ကြရဦးမယ်ဆိုတာကို လူသားတွေကို နိမိတ်ပြ အသိပေးဖို့အတွက် ကိုင်းဖျားထက်ကို ရွက်ဖူးလေးအဖြစ်နဲ့ ကျွန်တော် ပြန်ရောက်လာဦးမှာပါ။ လူသားတွေ အတွက် ကျွန်တော် ပြန်လာခဲ့ပါ့မယ်။ ကျွန်တော်ဟာ သစ်ရွက်ကလေးပါ။

လောကကြီးကို အမြဲမပြတ် အကျိုးပြုနေမယ့် သစ်ရွက် ကလေးပါဗျာ။

ရည်ညွှန်း

Sebnem Unlu ရေးသားသော

The Life and Journey of a Leaf ကို

ကိုးကားရေးသား ဖော်ပြ ထားပါသည်။

Related Post

Leave a Reply

Your email address will not be published. Required fields are marked *