ပျားရည် “ခေတ်အဆက်ဆက် လူသားများအတွက် ဆေးတစ်ခွက်” (မောင်နီ(ကော့မှူး)/ဆေးဝါးကဏ္ဍ)

ပျားရည် “ခေတ်အဆက်ဆက် လူသားများအတွက် ဆေးတစ်ခွက်” (မောင်နီ(ကော့မှူး)/ဆေးဝါးကဏ္ဍ)

ပျားရည် “ခေတ်အဆက်ဆက် လူသားများအတွက် ဆေးတစ်ခွက်”
(မောင်နီ(ကော့မှူး)/ဆေးဝါးကဏ္ဍ)

လူသားများအတွက် အင်မတန်မှ အသုံးဝင်လှတဲ့ ပျားရည်မှာသဘာဝအတိုင်း ကုစားနိုင်တဲ့ စွမ်းပကားတွေ ပိုင် ဆိုင်ထားပါတယ်။ ပန်းပေါင်းစုံကနေ စုပ်ယူရရှိတဲ့ ပန်းဝတ်ရည်တွေကို ပျားသတ္တဝါတွေက ဝမ်းဗိုက်မှာ သို လှောင် သယ်ဆောင်ကြပြီး အသိုက်ဆောက်လုပ်နေထိုင်လေ့ရှိပါတယ်။ ယင်းပျားရည်ဟာ လူသားတွေအတွက် ဆေးတစ်ခွက်ပင် ဖြစ်ပါလေတော့တယ်။ ဒီအကြောင်း အချက်ဟာ ကျန်းမာရေးအတွက် ဆင်ခြင်တွေးတော သတိပြုသင့်လှပါတယ်။

ကမ္ဘာ့ရှေးအကျဆုံး ဆေးဘက်ဆိုင်ရာ မှတ်တမ်းမှတ်ရာတွေမှာ ပျားရည်ရဲ့ ဝေဒနာကုသမှု စွမ်းပကားကို တွေ့ ရှိ ဖတ်ရှုရသည်မှာ အလွန်ထူးခြားလှပါတယ်။ ဘီစီ ၂ဝဝဝ ပတ်ဝန်းကျင်လောက်မှာ ဆူမားလူမျိုးနဲ့ အီဂျစ်လူမျိုး (Sumerians Egyption) သမားတော်တွေဟာ ကိုယ်တွင်းကိုယ်ပ ဒဏ်ရာတွေ၊ ဖက်ခွက်နာပြည်တည်နာ၊ အဆုတ်နဲ့အရေပြား ဝေဒနာတွေ၊ အထူးသဖြင့် အစာအိမ်နဲ့ အူပိုင်းဆိုင်ရာဝေဒနာတွေအတွက် ပျားရည်ကို အသုံးပြုခဲ့ကြပါတယ်။

ပျားရည်ကို ငယ်ရွယ်နုပျိုမှုနဲ့ သက်ရှည်ကျန်းမာဖို့အတွက် တန်ဖိုးထားကာ သုံးစွဲခဲ့ကြပြီး တရုတ်ဧကရာဇ်ဘုရင် တစ်ပါးကလည်း ပျားရည်ကို မသေဆေးတစ်ခုလို သုံးစွဲခဲ့သေးတယ်လို့ ဆိုပါတယ်။ ကမ္ဘာကျော် ဆေးဘက် ဆိုင်ရာ စာအုပ်တစ်အုပ်ဖြစ်တဲ့ ”ဆေးဘက်ဆိုင်ရာကျမ်း” (The Canon of Medicine)ကို ရေးသားခဲ့တဲ့ သမားတော်ကြီး အိုင်ဘင်ဆီနားဟာ ပျားရည်နဲ့ပတ်သက်တဲ့ ဆေးအညွှန်း ဒါဇင်ပေါင်းများစွာကို ရေးသားပြုစုခဲ့ ပါတယ်။ သူရေးသားခဲ့တဲ့ ဆေးကျမ်းတွေအရ ပျားရည်ရဲ့ ကောင်းကျိုးအာနိသင်တွေကတော့ ပျော်ရွှင်မှု၊ လန်း ဆန်းတက်ကြွစေမှု၊ အစာကြေချက်နှုန်းနဲ့ လေလည်ခြင်း၊ နှာစေးချောင်းဆိုး ကိုက်ခဲဖျားနာခြင်းတွေကို သက် သာစေခြင်း၊ ဝမ်းမီးတောက်လောင်စေခြင်း၊ မှတ်ဉာဏ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေခြင်း၊ အာဝဇ္ဇန်းရွှင်စေခြင်း (စကားပြော စွမ်းရည်မြှင့်တင်ခြင်း)နဲ့ ငယ်ရွယ်နုပျိုမှုစေခြင်းတို့ပဲ ဖြစ်ပါတယ်။

ပျားရည်တွင်းရှိ ဘက်တီးရီးယားပိုးမွှား ကာကွယ်ရေးစနစ်

၁၉၃၇ ခုနှစ်မှာ အေ့ခ်ျဒိုးဒ်နဲ့ အဖွဲ့ရဲ့ အစီရင်ခံစာအရပျားရည်မှာ အင်ဟီဗင်းလို့ခေါ်တဲ့ ပိုးမွှား ဘက်တီးရီးယား တွေကနေ ကာကွယ်ပေးနိုင်တဲ့ ဓာတ်တစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ အဲဒီ အချိန်ကစပြီး သိပ္ပံ ပညာရှင်တွေဟာ အဲဒီအင်ဟီဗင်းဓာတ်ကို ဆက်လက်လေ့လာခဲ့ပေမယ့်လည်း ထင်သလောက် ခရီးမပေါက်ခဲ့ ပါဘူး။

၁၉၆၃ ခုနှစ်မှာ ဂျေဒဗလျူဝှိုက်က အင်ဟီဗင်းဆိုတာဟာ ပျားရည်ရဲ့ ဂလူးကို့စ် အောက်စီဒေးစ် စနစ်ဖြစ်ပြီး အဲဒါဟာ ဟိုက်ဒြိုဂျင်ပါအောက်ဆိုက် ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့တယ်။ ဒါပေမဲ့ စာရေးသူအပါအဝင် အခြားသော သိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ O.B.O’L ဂျိမ်းနှင့်အဖွဲ့ရဲ့ ၁၉၇၂ ခုနှစ်က တွေ့ရှိချက်နဲ့ S.S.Radwan ရဲ့ ၁၉၈၄ခုနှစ် တွေ့ရှိချက်တွေအရ အဲဒီအချက်ကို သိပ်သဘောမတွေ့လှပါဘူး။ စာရေးသူရဲ့ ဓာတ်ခွဲခန်း လေ့ လာသုတေသနပြုချက်အရ ပျားရည်ရဲ့ ပဋိဇီဝအစွမ်းသတ္တိဟာ အကြောင်းအရာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ နက်နဲရှုပ်ထွေးလှတဲ့ အကြောင်းအချက်တွေ စုပေါင်းထားတာဖြစ်တဲ့အပြင် အဲဒီအချက်တွေထဲက သုံးခုကို ဖော်ပြပေးပါရစေ။

၁။ သကြားဓာတ်၏ စုစည်းမှု (၇၆ ဂရမ်/ ၁ဝဝမီလီလီတာ)

၂။ အက်စစ်သတ္တိ (စံ ၃ ဒသမ ၆ ကနေ ၄ ဒသမ၂)

၃။ အော်ဂဲနစ် ပဋိဇီဝ ဓာတ်များ

ပျားရည်စစ်စစ်မှာ ပဋိဇီဝဓာတ်သဘာဝကို ရှင်းရှင်းလင်းလင်းတွေ့ရမှာ ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေရဲ့ ဆဲလ်တွေဟာ ပျားရည်တွင်းက သကြားဓာတ် အလွန်အမင်း ပါဝင်မှုကြောင့် ခြောက်သွေ့သွားပြီး ပျားရည်အ တွင်း အက်စစ်ဓာတ်ပါဝင်မှုကြောင့်လည်း ဘက်တီးရီးယားတွေရဲ့ ပေါက်ဖွားကြီးထွားမှုကို နှေးကွေးစေပါတယ်။ ရေရောထားတဲ့ ပျားရည်မှာတော့ ပျားရည်တွင်း သကြားဓာတ်နဲ့ အက်စစ်ဓာတ် ပါဝင်မှုလျော့နည်းသွားတာ ကြောင့် ဘက်တီးရီးယားတွေအပေါ်မှာ အဟန့်အတား မလုပ်နိုင်တော့ပါဘူး။ လူသားတွေကို ရောဂါဖြစ်စေတဲ့ ဖြစ်ရိုးဖြစ်စဉ် ဘက်တီးရီးယား အများစုဟာလည်း ပျားရည်ကြောင့် သေကြေပျက်စီးကြရပါတယ်။ ဒီအတွက် ကြောင့် ပျားရည်ဟာ ပိုးမွှားတွေကို သေစေနိုင်တဲ့ ပိုးသတ်ဆေးတစ်ခုလို အသုံးဝင်လှပါတယ်။ သုသေသီ တွေကတော့ အင်ဟီဗင်းဓာတ်ဟာ အမျိုးအမည်တစ်ခုတည်း မဟုတ်ဘဲ သိမ်မွေ့နက်နဲပြီး ရှုပ်ထွေးတဲ့ အကြောင်းအချက်တွေ စုပေါင်းထားတာ ဖြစ်တဲ့အပြင် သူ့ရဲ့ ဘက်တီးရီးယား ဆန့်ကျင်မှုဟာသိပ်ကိုထူးခြားတာ တွေ့ရပါတယ်။

ပျားရည်ရဲ့ ဇီဝဗေဒ ပေါင်းစည်းဖွဲ့စည်းမှု

ပျားရည်ရဲ့ ဇီဝဗေဒ ပေါင်းစပ်ဖွဲ့စည်းမှုဟာ သူ့ရဲ့ကုသမှု အာနိသင်တွေနဲ့ ဆက်စပ်နေပါတယ်။ ပျားရည်မှာ ဘက်တီးရီးယားတွေကို ဆန့်ကျင်ကာကွယ်နိုင်တဲ့ နည်းစနစ် ပါဝင်နေသလိုပဲ ၁၈၂ မျိုးထက်မကသော ဒြပ် ပေါင်းများလည်း ပါဝင်လျက်ရှိပါတယ်။ အဲဒီဒြပ်ပေါင်းတွေကို အောက်ပါအတိုင်း အမျိုးအစား သတ်မှတ်ထား ပါတယ်။

– သာမန်နှင့် ခက်ခဲရှုပ်ထွေးသော သကြားဓာတ်များ

– ဩဂဲနစ် အက်စစ်များ

– ဓာတ်သတ္တုများနှင့် သက်ရှိတို့ ရှင်သန်မှုအတွက်မရှိမဖြစ် လိုအပ်သော ဓာတုဗေဒပစ္စည်းမျိုး (သွေး၏

ပေါင်းစပ်ဖွဲ့စည်းမှုနှင့် အလားတူသည်)

– ဗီတာမင်များ (အဆီနှင့် ရေတွင် ပျော်ဝင်နိုင်သော)

– အမိုင်နိုအက်စစ်များ(မဖြစ်မနေ လိုအပ်သောဓာတ်နှင့်မဖြစ်မနေ မလိုအပ်သော ဓာတ်ပစ္စည်းများ)

– ပရိုတင်းများ(အင်ဇိုင်းအများစု)

– အပင်များ၏ အနံ့ အရသာများနှင့် ဆိုးဆေးဓာတ်များ

– ဟိုက်ဒရို ကာဗွန်များ

– ဟော်မုန်းများ

– ဝတ်မှုံများ

– အဏုဇီဝရုပ်များ (တဆေး)

ဖော်ပြပါ စာရင်းဇယားကို ကြည့်ရှုရုံနဲ့ ပျားရည်ရဲ့ပေါင်းစပ်ဖွဲ့စည်းပုံ အလွန်ပင် ရှုပ်ထွေးနေတာကို တွေ့ရှိနိုင် ပါတယ်။ ဒါကြောင့် ပျားရည်ကို အံ့ဩစရာအဖြစ် သတိပြုမိပြီး သူ့မှာပါဝင်တဲ့ ပေါင်းစုဒြပ်ပေါင်းတွေရဲ့ ဒဏ် ရာနဲ့ပြည်တည်နာတွေကို ကုသတဲ့နေရာမှာ အလွန်ထိရောက်မှုရှိတာကို အသိအမှတ်ပြုကြရပါတယ။် ပျားရည် ဟာ ပေါက်ပြဲသွားတဲ့ ဆဲလ်တွေကို ပိုးမွှားတွေဝင်ရောက်တဲ့ ဘေးရန်ကနေ ကာကွယ်ပေးတဲ့အပြင် ဆဲလ်တွေ နဂိုမူလအတိုင်း ပြန်လည်ကောင်းမွန် လှုပ်ရှားနိုင်ဖို့ လိုအပ်တဲ့ အဏုဇီဝအာဟာရ ဓာတ်တွေကိုလည်း ဖြည့် ဆည်းပေးပါတယ်။ အဲဒီ အဏုဇီဝအာဟာရတွေ အလွန်နည်းပါးတဲ့ အနေအထား ဖြစ်နေပေမဲ့လည်း သူတို့ကို လွယ်လင့်တကူ အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးပေးတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် အနာကျက်စေရန်အ တွက် လိုအပ်လျက်ရှိတဲ့ စွမ်းအင်ပမာဏကိုပျားရည်မှာပါတဲ့ သာမန်သကြား၊ ဖလူးတို့စ်နဲ့ ဂလူးကို့စ်ကနေ ရရှိ စေပါတယ်။

ပျားရည်ရဲ့ ဆေးဖက်ဝင်မှု

ယနေ့အထိ သိရှိရသလောက် သိပ္ပံနဲ့ ဆေးပညာဆိုင်ရာ သက်သေသာဓကတွေအရ ပျားရည်ရဲ့ အံ့မခန်းတန်ခိုး အာနိသင်တွေကတော့ သိပ်ကိုများပြားလှပါတယ်။ ဆရာဝန်တွေ၊ ခွဲစိတ်အထူးကု ဆရာဝန်တွေကလည်း ဆေး ဝါးကုသရာမှာ ပျားရည်ကို အသုံးပြုကြသလို နေ့စဉ်မှီဝဲဖို့လည်း အားပေးထောက်ခံကြပါတယ်။ မကြာသေးမီ ကာလများက ပျားရည်အသုံးဝင်ပုံကို ဖော်ပြကြရာမှာ-

– ပြင်းထန်တဲ့ သေနတ်ဒဏ်ရာများကို ကုသတာ

– ယိုယွင်းနေတဲ့ ခွဲစိတ်ဒဏ်ရာများ

– ပြည်တည်နာများ၊ အပေါ်ယံဒဏ်ရာများ၊ ပြတ်ရှဒဏ်ရာများ၊ ပွန်းပဲ့ဒဏ်ရာများ

– ဘက်တီးရီးယားကြောင့်ဖြစ်ပေါ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါများ

– ပြင်းထန်လှတဲ့ နာတာရှည် ဒဏ်ရာတွေနဲ့ ပြည်တည်နာများကုသတာ

– မိန်းမကိုယ် ခွဲစိတ်ကုသရာမှာ ပိုးဝင်တဲ့ဒဏ်ရာတွေ၊ အူအမှေးပါး ပိုးဝင်ဝေဒနာ၊ ဝမ်းဗိုက်ဒဏ်ရာတွေနဲ့ ဝမ်း ဝမ်းဗိုက်ပိုင်းအမာရွတ် ပိုးဝင်တဲ့ဒဏ်ရာတွေလို့ ဖော်ပြထားပါတယ်။

အထက်ဖော်ပြပါ ဝေဒနာတွေကို ကုတဲ့နေရာမှာပျားရည်ဟာ ခေတ်မီကုထုံးတွေထက် ပိုမိုထိရောက်မှုရှိတယ် လို့ အမွှမ်းတင်ကြပါတယ်။ ပျားရည်ဟာ ဒဏ်ရာပေါ်က ဘက်တီးရီးယားတွေကို သုတ်သင်ဖယ်ရှားတာကို တွေ့ ရှိရတဲ့အပြင် ဒဏ်ရာတွေကို သန့်စင်စေတာ၊ မကောင်းတဲ့ အရေခွံတွေကို အသစ်အစားထိုးပေးပြီး အနာအဖေး သစ်တွေ ဖြစ်ပေါ်စေပါတယ်။ ပျားရည်ဟာ အရေပြားအသစ်တွေ (ကျန်းမာတဲ့ဆဲလ်တွေ)ကို ပြုလုပ်ဆောင်ရွက် ပေးသလို၊ ပြည်တည်နာရဲ့ ဘေးမှာ ရောင်ရမ်းနေတဲ့ သငန်ရည်တွေကို စုပ်ယူပေးပါတယ်။ ပျားရည်ဟာ ဘက် တီးရီးယားပိုးတွေ ဆက်လက်ပြန့်ပွားမှု မရှိစေဖို့ အကာအကွယ်ပေးပြီး ပြင်းထန်တဲ့ဒဏ်ရာတွေက ထွက်ရှိတဲ့ အနံ့အသက်ဆိုးတွေကို လျော့နည်းစေတဲ့အပြင် အရေပြားအစားထိုးရသော ကုသမှုဒဏ်ရာတွေကို သက်သာ စေပါတယ်။

နိဂုံးချုပ်

ကုရ်အာန်ကျမ်းစာတွင် ပျားရည်၏ တန်ခိုးအာနိသင်များကို ဖော်ပြပါရှိလေသည်။ မြတ်ဘုရား၏ ကရုဏာတော် ကို အလေးအမြတ် ကျေးဇူးတော်တင်ထိုက်ပေသည်။ ထို့ပြင် ပညာရှင် ပရောဟိတ်တစ်ဦး၏ မြွက်ကြားမှုကို လည်း နာယူထိုက်စေသည်။ ယင်းမြွက်ကြားချက်တွင် ”ပျားရည်ကို တစ်လအတွင်း နံနက်စောစောတွင် သုံးကြိမ်တိုင်တိုင် သုံးဆောင်ခဲ့သော် ထိုပုဂ္ဂိုလ်သည် ပြင်းထန်သော ဝေဒနာများမှ ကင်းဝေးပေအံ့” ဟူ၍ ဖြစ် သတည်း။

ရည်ညွှန်း

Dr. M.Y Kamaruddin ရေးသားသည့်

Honey: A Healing for Mankind Through

Out The Ages ဆောင်းပါးမှဘာသာပြန်ဆိုချက် ဖြစ်ပါသည်။

Related Post

Leave a Reply

Your email address will not be published. Required fields are marked *