ဒြပ်ဝတ္ထုနှင့် သဘာဝအခွင့်အလမ်း

ဒြပ်ဝတ္ထုနှင့် သဘာဝအခွင့်အလမ်း

သဘာဝနိယာမတရားနဲ့ အကြောင်းတရားကြောင့် အရာရာတိုင်းဖြစ်တည်လာတယ်လို့မြင်ခြင်း၊ ၎င်းတို့ကို ဆန့်ကျင်ပြီး ငြင်းခုံခြင်းဆွေးနွေးခြင်းဟာ တစ်နည်းအားဖြင့် အရာရာတိုင်း အလိုအလျှောက်တည်ရှိခြင်း၊ သဘာဝ အရဖြစ်တည်ခြင်းလို့ ဆိုလိုခြင်းပဲဖြစ်တယ်။ တချို့က ဒါကိုထာဝရအမှန်တရားကဲ့သို့ မှတ်ယူကြတယ်။ သူတို့အ မြင်အရ ဖန်ဆင်းခံများကို သဘာဝအခွင့်အလမ်းနှင့် ဒြပ်ဝတ္ထုတို့က ဖန်တီးထားခြင်းဖြစ်တယ်လို့ ညွှန်းဆိုကြတယ်။

ဂန္တဝင်ရူပဗေဒနဲ့ ခေတ်သစ်ရူပဗေဒရဲ့ အခြေခံမူများအရဒြပ်ဝတ္ထုတွေ အစဉ်အမြဲပြောင်းလဲတတ်ပြီး ပြင်ပ စွက်ဖက်မူအသွင်အဖြစ် အကျိုးသက်ရောက်စေတယ်။ သို့ဖြစ်ပါ၍ ထိုဒြပ်ဟာ ထာဝရမဖြစ်နိုင်။ ဒြပ်မှာ အရာတစ် ခုရဲ့ မူလဘူတကို ဖန်တီးနိုင်စွမ်းမရှိပါ။ ဒြပ်သည် နားပင်း၊ မျက်ကန်း၊ အသက်မဲ့၊ အသိတရားမဲ့၊ လုပ်ပိုင်ခွင့် အာဏာမဲ့ရုံမက အသိစိတ်ရှိတဲ့ အရာလဲမဟုတ်ပါ။ ဒါဆို ဒီသက်မဲ့က အသက်၊ အသိတရား၊ အသိစိတ်နဲ့ လုပ်နိုင် စွမ်းတို့ကိုဖြစ်စေတဲ့ မူလဖန်တီးသူ ဖြစ်နိုင်ပါ့မလား။ မိမိကိုယ်မိမိမပိုင်တဲ့သူ၊ မရပ်တည်နိုင်တဲ့သူက တခြားသူတွေရဲ့ အခြေအနေကို ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။

စကြ၀ဠာအတွင်း၌ စီစဉ်ဖန်တီးထားသောအရာများ၊ အုပ်စုအဖွဲ့အစည်းများ၊ သဟဇာတဖြစ်မှုများတွင် စနစ် တကျ ရည်ရွယ်ချက်ရှိရှိလုပ်ထားသော အထောက်အထားများစွာရှိပါတယ်။ ၎င်းတို့ကို တိုက်ဆိုင်မှုကြောင့် ဒါမှမ ဟုတ် အခွင့်အလန်းအရဖြစ်လာခြင်းဖြစ်တယ်လို့ ကြွေးကြော်ခြင်းဟာ ယုတ္တိမရှိတဲ့အချက်ပင် ဖြစ်တယ်။ ဥပမာ- လူ့ ခန္ဓာကိုယ်အတွင်း ဆဲလ်ပေါင်းထရီလီယံပါဝင်နေပြီး ဆဲလ်တစ်ခုစီတွင် ပရိုတိန်းတစ်သန်းစီရှိပါတယ်။ ပရိုတိန်းတစ်ခု အခွင့်အလမ်းအရ အလိုအလျှောက်ဖြစ်နိုင်ခြေမှာ အတိုင်းအဆမရှိ နည်းလွန်းတယ်။ ပရိုတိန်းနှင့် ၄င်းတို့ဆက် နွယ်မှုကို အကြွင်းမဲ့သိတော်မူတဲ့ အရှင်တစ်ပါးရဲ့ဖန်ဆင်းဖြစ်တည်လိုတဲ့ဆန္ဒမပါရင် ဆဲလ်နှင့် ခန္ဓာကိုယ်အစိတ်အ ပိုင်းများ စနစ်တကျ သူ့နေရာနှင့်သူရှိမည်မဟုတ်။ ပရိုတိန်းတစ်ခုတောင် ရပ်တည်နိုင်မည်မဟုတ်ပါ။ လက်တွေ့စမ်း သပ်သူများက ဖန်ဆင်းရှင်တစ်ပါးရှိကြောင်းကိုဝန်ခံမှသာလျှင် သိပ္ပံပညာက ၎င်းရဲ့မှန်ကန်တဲ့လမ်းစဉ်ကို ရှာတွေ့ပါ လိမ့်မည်။

အောက်ပါသိပ္ပံစမ်းသပ်မှုလေးက ထူးခြားတဲ့ ဆွေးနွေးမှုဖြစ်ပြီး ကျွန်ုပ်တို့ နားလည်သဘောပေါက်အောင် အထောက်အကူပြုပါလိမ့်မည်။

ဟူစတန်ရှိ Baylor ဆေးသိပ္ပံကောလိပ်မှ Overbec နှင့် သူ၏လုပ်ဖော်ကိုင်ဖတ်တို့သည် မျိုးရိုးဗီဇကုထုံး နည်းများကို လက်တွေ့ကျင့်သုံးဖို့ ကြိုးစားကြတယ်။ အရောင်တစ်မျိုးတည်းရှိတဲ့ ကြွက်များကို အရောင်စုံကြွက်များ အဖြစ်သို့ ပြောင်းလဲရန် ကြိုးစားကြပါတယ်။ ထိုသုတေသီက ကြွက်ရဲ့သန္ဓေသားရှိ ဆဲလ်တစ်ခုကို အရေပြားပေါ် တွင် အရောင်ထွက်စေတဲ့ မျိုးရိုးဗီဇဆေးတစ်မျိုး ထိုးပေးလိုက်ပါတယ်။ ပြီးတော့ မွေးဖွားလာတဲ့ ကြွက်ပေါက်ကလေး တွေကို ပေါင်မုန့်ကျွေးတယ်။ ကြွက်တစ်ဝက်လောက်က ခရိုမိုဇုန်းတစ်စုံရှိ ခရိုမိုဇုန်းတစ်ခုက မျိုးရိုးဗီဇသယ်ဆောင် လာတာ တွေ့ရပါတယ်။ ဂန္တဝင်မျိုးရိုးဗီဇပြုပြင်ပေးသူတွေက မြေးအဆင့်ရောက်ရင် ခရိုမိုဇုန်း(၂)ခုစလုံး မျိုးရိုးဗီဇ ပညာအခေါ် ဟုမိုဇီဂတ် (Homozygous)ခေါ်တဲ့ ပုံတူမျိုးရိုးဗီဇကို သယ်ဆောင်ပြီး အရောင်ပြောင်းသွားသင့်တယ် လို့ ပြောပါတယ်။

ဒါပေမယ့် ကြွက်တွေက အခွင့်အလမ်းအရ ထိုသို့ အရောင်ပြောင်းသွားတာ မရှိပါဘူး။ ပထမဆုံး ကျွန်ုပ်တို့ သတိထားမိတာတော့ မြေးအဆင့်ရောက်တော့ တစ်ပတ်အတွင်း ကြွက်တွေရဲ့ ၂၅ရာခိုင်နှုန်းကို ကျွန်ုပ်တို့ လက် လွတ်ဆုံးရှုံးသွားတယ်လို့ Overbeck က ပြောပါတယ်။

အရောင်ထွက်မျိုးရိုးဗီဇဆေးကို ထိုးထားပေမဲ့ ကြွက်တွေက ၎င်းနှင့်လုံးဝမတူတဲ့ မျိုးရိုးဗီဇအဖြစ် ပြောင်းလဲ သွားတယ်။ ပြန့်ကားပြီး ထူးခြားတဲ့ DNAတစ်ခုရဲ့အလယ်မှာ မျိုးရိုးဗီဇအချက်အလက်ကို ဖတ်နိုင်စွမ်းရှိတဲ့ ဗီဇပျက် တွေရှိပါတယ်။ ဒါကြောင့် ကြွက်တွေမှာ မျိုးရိုးဗီဇက ပုံစံသွင်းပေးတဲ့ ပရိုတိန်းမှန်သမျှ မအောင်မြင်ပေ။ ပရိုတိန်းရဲ့ လုပ်ဆောင်မှုများ မအောင်မြင်ပေ။ ထိုအခါ အစာအိမ်၊ နှလုံး၊ အသည်းနှင့် သရက်ရွက်တို့အား ဒဏ်ရာရစေတယ်။ တစ်နည်းအားဖြင့် ကျောက်ကပ်နဲ့ သရက်ရွက်တို့ပျက်စီးသွားပြီး နောက်ဆုံးတွင် ကြွက်တွေသေဆုံးသွားကြတယ်။

Overbeekနဲ့ သူရဲ့လုပ်ဖော်ကိုင်ဖတ်များက မျိုးရိုးဗီဇဆေးကို ကြွက်ခရိုမိုဆုန်းသီးသန့်တစ်ခုထဲမှာ နေရာ ချပေးခဲ့တယ်။ ပြီးတော့ မျိုးရိုးဗီဇရဲ့ဖွဲ့စည်းပုံကို ပုံမှန်အတိုင်းအလုပ်လုပ်စေဖို့ ကြိုးစားတယ်။ ထိုသို့လုပ်ဆောင်ခြင်း ဖြင့် မျိုးရိုးဗီဇရဲ့သိမှတ်နိုင်တဲ့ ပရိုတိန်းဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး သိနိုင်လိမ့်မည်ဟု ယူဆကြတယ်။ ပရိုတိန်းတွေ ဘယ်လိုအလုပ်လုပ်သလဲ။ ဘယ်အချိန် ဘယ်နေရာမှာ ပရိုတိန်းက မျိုးရိုးဗီဇဖြစ်စေတဲ့ အရာကို ထုတ်ပေးတာလဲ။ မျိုးရိုးဗီဇကို နေရာတိုင်းမှာတွေ့ရသလား။ သန္ဓေသားရဲ့ ညာဘက်မှာရှိတာလား၊ ဘယ်ဘက်မှာရှိတာလား။ မျိုးရိုး ဗီဇက ဘယ်ချိန်ထွက်ပေါ်လာတာလဲစတဲ့ အချက်တွေကို Overbeck က စူးစမ်းမိပါတယ်။

မျိုးရိုးဗီဇပြောင်းရာတွင် ထိုမေးခွန်းအားလုံးကို လက်တွေ့စမ်းသပ်မှုအတွက် Overbeek အသုံးချခဲ့တယ်။ ကျွန်ုပ်တို့ထင်တာက အခွင့်အလမ်းကြောင့် သို့မဟုတ် အလိုအလျောက်ဗီဇဖြစ်နိုင်ခြေမှာ 100,000 မှာမှ တစ်ကြိမ်ပဲ ဖြစ်တယ်လို့ စာပိုဒ်ခွဲထောက်ပြပါတယ်။ သူက ဒါဟာ ကြွက်ထောင်ပေါင်းများစွာကို စမ်းသပ်မှုထောင်ပေါင်းများစွာ လုပ်ပြီးမှ ရရှိလာတဲ့ အတွေ့အကြုံဖြစ်ပါတယ်။

သို့သော် သဘာဝတရားမှာ အောင်မြင်တဲ့အထိ ထပ်တလဲလဲကြိုးပမ်းတာမျိုးမရှိပေ။ မည်သည့်အပင်ရဲ့ အစေ့ကိုမဆို မြေကြီးထဲ ပျိုးထားလိုက်ပါက အဟန့်အတား တစ်စုံတစ်ရာမရှိရင်တော့ အပင်ပေါက်လာစမြဲပါ။ ထိုသို့ ပင် သန္ဓေသားကလဲ မိခင်ရဲ့သားအိမ်မှာ သက်ရှိအဖြစ်ကြီးထွားလာပြီး အဆိုပါသက်ရှိကို ဉာဏ်ပညာနဲ့ နာမ်ရေးရာ အရည်အချင်းများဖြင့် တန်ဆာဆင်ထားပါတယ်။

လူ့ခန္ဓာကိုယ်ဟာ အချိုးအဆညီမျှမှု မညီမျှမှုဆိုင်ရာ အံ့ဖွယ်တစ်ခုဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက မိခင် ဗိုက်ထဲမှာ ခန္ဓာကိုယ် မည်သို့ဖွံဖြိုးလာသည်ကို သိနားလည်ကြတယ်။ သူတို့မတွက်ချက်မသိရှိနိုင်တဲ့ အချက်က ခန္ဓာကိုယ်ဖွဲ့စည်းပေးတဲ့အမှုန်တွေက အင်္ဂါဘယ်ညာတွေကို သီးသန့်စီခွဲခြားသွားအောင် မည်သို့ ဆောင်ရွက်သလဲ ဆိုတာပဲ။ ထိုအမှုန်တွေက အင်္ဂါတွေ နေရာမှန်ကိုရောက်အောင် မည်သို့ဆုံးဖြတ်သလဲ၊ ဆဲလ်နဲ့အင်္ဂါတွေရဲ့ အလွန် ရှုပ်ထွေးလှတဲ့ ဆက်နွယ်မှုနဲ့ လိုအပ်ချက်တွေကို ထိုအမှုန်တွေက မည်သို့ နားလည်သလဲ။ ဒီလုပ်ငန်းစဉ်က အင်မ တန်ရှုပ်ထွေးလှပါတယ်။ အကယ်၍ ညာမျက်စိသူငယ်အိမ်ရောက်ရမယ့် အမှုန်လေးက နားထဲရောက်သွားရင် သန္ဓေ သားပျက်စီးစေနိုင်တယ်၊ ဆုံးသွားနိုင်တယ်။

ထို့ပြင် သက်ရှိအားလုံးကို တူညီတဲ့ ဒြပ်စင်များဖြစ်တဲ့ မြေဆီ၊ လေနဲ့ရေတို့မှ ဖန်ဆင်းထားခြင်း ဖြစ်ပါတယ်။ သက်ရှိတို့ရဲ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ တစ်ခုနှင့်တစ်ခု လုံးဝမတူဘဲ ပြိုင်စံရှားဖြစ်နေကြ တယ်။ သူတို့ရဲ့ရုပ်သဏ္ဍာန်တွေ၊ စရိုက်တွေ၊ လိုအင်ဆန္ဒနဲ့ ရည်မှန်းချက်တွေ တစ်ခုနဲ့တစ်ခု လုံးဝမတူညီပေ။ ထိုသို့ ပြိုင်စံရှားအဖြစ် ထူးခြားစွာသီးသန့်စီိရှိနေတဲ့အတွက် ကျွန်ုပ်တို့ရဲ့လက်ဗွေရာများနဲ့ မည်သူမည်ဝါဖြစ်သည်ကို တိတိ ကျကျခွဲခြားသိနိုင်ပါတယ်။

ဒါကို ကျွန်ုပ်တို့ဘယ်လိုရှင်းပြမလဲ၊ ရှင်းပြနိုင်တဲ့ နည်းလမ်းတစ်ခုပဲရှိပါတယ်။ အမှုန်တိုင်းမှာ အကန့်အသတ် မဲ့ ဉာဏ်ပညာ၊ ဆန္ဒနဲ့ တန်ခိုးအာဏာရှိတယ်လို့ ပြောရင်ပြော၊ သို့မဟုတ် ဉာဏ်တော်အနန္တ၊ ဆန္ဒတော်နဲ့ တန်ခိုး အာဏာအလုံးစုံကို ပိုင်ဆိုင်တော်မူတဲ့အရှင်က အမှုန်တိုင်းကို ဖန်ဆင်းချုပ်ကိုင်ထားတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ သို့သော် ကျွန်ုပ်တို့က ထိုသို့မပြောဘဲ အကျိုးအကြောင်းနဲ့ မျိုးရိုးဗီဇကိုသာ တရားဝင်အကြောင်းပြချက်အဖြစ် တင် ပြရန် ကြိုးစားရင်း အမှန်တရားမှ ဝေးသွားကြတယ်။

စကြဝဠာတစ်ခုလုံးရဲ့တည်ရှိမှုကို အရှင်မြတ်ရဲ့ဖန်ဆင်းခံလို့မပြောဘဲ အကျိုးအကြောင်းနဲ့ သဘာဝရဲ့ရလဒ် လို့ပြောရင် ကျွန်ုပ်တို့မငြင်းနိုင်တဲ့ အချက်တစ်ချက်ကို တွေ့ရပြန်တယ်။ အရာရာတိုင်းအား အလုံးစုံကို သိနားလည် နိုင်စွမ်း၊ တန်ခိုးအာဏာနဲ့ ဆုံးဖြတ်နိုင်စွမ်းရှိတဲ့အရှင်က ရှင်သန်ရပ်တည်စေပြီးသေကြေပျက်စီးအောင်လုပ်နေတာကို တွေ့ရပါတယ်။ ကျွန်ုပ်တို့က Overbeckရဲ့ စမ်းသပ်မှုတွေမှာတွေ့ရသကဲ့သို့ မျိုးရိုးဗီဇတစ်ခုကို နေရာမှန်၌ မထား လျှင်ဖြစ်စေ၊ တလွှဲညွှန်ကြားလျှင်ဖြစ်စေ၊ ပျက်စီးခြင်း သို့မဟုတ် အသက်သေဆုံးခြင်းတို့ ဖြစ်နိုင်ပါတယ်။ အက်တမ် မှသည် ကလက်ဆီအထိ အရာရာတိုင်း အပြန်အလှန်ဆက်နွယ်နေခြင်းဟာ အမှန်တရားတစ်ခုဖြစ်ပါတယ်။ ထိုသို့ လုပ်ဆောင်ရန် အရာရာတိုင်းက မိမိတို့ရဲ့တိကျတဲ့နေရာနဲ့ လုပ်ဆောင်မှုများကို ကိုယ်စီကိုယ်စီသိနားလည်ရမည် ဖြစ်ပါတယ်။

အလုံးစုံကို အကြွင်းမဲ့သိတော်မူသောအရှင်၊ တန်ခိုးအာဏာနဲ့ ဆန္ဒတော်ရှိတော်မူသောအရှင်ရဲ့ ဖန်ဆင်းမှု လို့မဖော်ပြဘဲ အရာရာတိုင်းရဲ့တည်ရှိမှုနဲ့ စကြဝဠာအတွင်းရှိ လွတ်လပ်ပြီး စနစ်ကျတဲ့သဘာဝဖြစ်စဉ်များကို အခြား ပိုကောင်းတဲ့ စွမ်းအားတစ်ခုခုက ပုံဖော်တယ်လို့ဆိုနိုင်မလား၊ အမှုန်များက တူညီတဲ့ ဓာတုဇီဝဖြစ်စဉ်ကို တစ်ခုနဲ့ တစ်ခု အပြန်အလှန်ဖြစ်ပေါ်ရေးအတွက် ဆက်နွယ်ပေးပြီး အသိမ်မွေ့ဆုံးညှိပေးဆောင်ရွက်မှုများကို သူ့အလိုလို လုပ်နိုင်ပါ့မလား၊ သီးခြားစီဖြစ်တဲ့ ပြိုင်စံရှားအရာများနဲ့ သက်ရှိများကို ဖန်တီးနိုင်စွမ်းရှိပါ့မလား။

ထိုဖြစ်စဉ်တွေက မျိုးရိုးဗီဇအတိုင်း အလိုအလျောက်ဖြစ်လာတာပါ သို့မဟုတ် တိုက်ဆိုင်မှုအရ ဖြစ်လာတာ ပါလို့ ရှင်းပြခြင်းဟာ အားရကျေနပ် ဖွယ်ရှိပါသလား။ ထိုရှင်းလင်းချက်များတွင် အရာခပ်သိမ်းကို လွှမ်းခြုံသိနိုင်တဲ့ အသိဉာဏ်၊ တန်ခိုးအာဏာနဲ့ ဆန္ဒတော်တို့ရှိနေတာကိုသိပါလျက် တစ်ပါးတည်းသောအရှင်ရဲ့ဖန်ဆင်းမှုဟု မဖော်ပြ ဘဲ တိုက်ဆိုင်မှု သို့မဟုတ် ဗီဇဟုပြောခြင်းဟာ လက်ခံဖွယ်ရာရှင်းလင်းချက် ဖြစ်ပါသလား။

အပြင်ပန်းအားဖြင့် သိသာထင်ရှားတဲ့ အချက်ပေါ်မူတည်ပြီး ကျွန်ုပ်တို့လမ်းမလွှဲသင့်ပေ။ အရာရာတိုင်းရဲ့ ဖြစ်ပေါ်မှုမှာ တိကျတဲ့ပရိုဂရမ်၊ ညွှန်ကြားချက်၊ အစီစဉ်များရှိပါတယ်။ သို့မဟုတ် အကျိုးအကြောင်း ဖြစ်စဉ်များရှိပါ တယ်။ ထိုနည်းစနစ်အစီစဉ်များက ပြန့်ကျဲနေတဲ့ စကြဝဠာကြီးတစ်ခုလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံထားပြီး အဖြစ်အပျက်များအား ထာဝရပြောင်းလဲဖြစ်ပေါ်စေတဲ့ စမ်းချောင်းများပင် ဖြစ်ပါတယ်။

သဘာဝနိယာမတရားကို ထိုပြောင်းလဲနေတဲ့ အကြောင်းတရားဖြစ်စဉ်အဖြစ် တွေးတောကောင်းတွေးတော သုံးသပ်နိုင်ပါတယ်။ ဒါပေမဲ့ ၎င်းတို့မှာ စစ်မှန်တဲ့ တည်ရှိမှုမရှိပါ။ ၎င်းတို့အမှန်တကယ်တည်ရှိနေတာ မဟုတ်ပါ။ ပုံမှန် အားဖြင့် ကျွန်ုပ်တို့က ဖန်ဆင်းရှင်ကို ရည်ညွှန်းရမည့်အစား ဒြပ်၊ တိုက်ဆိုင်မှုနဲ့ လိုအပ်ချက် သို့မဟုတ် သဘာဝတ ရားကို အရာတိုင်းရဲ့ဖြစ်တည်မှု အရင်းခံအဖြစ် ရည်ညွှ့န်းနေကြတယ်။ အနစ်သာရအားဖြင့်လည်းကောင်း၊ အမှန်တ ရားအဖြစ်လည်းကောင်း ဒါကို ကျွန်ုပ်တို့ လက်ခံရမှာ ဖြစ်ပါတယ်။

စကြ၀ဠာအတွင်းမှာရှိတဲ့အရာအားလုံးဟာ ပုံနှိပ်စက်ပမာအလုပ်လုပ်နေတဲ့အရာများဖြစ်ပေမဲ့ ပုံနှိပ်စက်များ
မဟုတ်ကြပေ။ ဒီဇိုင်းများသာဖြစ်ကြပေမဲ့ ဒီဇိုင်းနာတွေမဟုတ်ကြပေ။ လက်ခံခံစားနေသူများသာ ဖြစ်ကြပေမဲ့ ကိုယ်
စားလှယ်များမဟုတ်ကြပေ။ အမိန့်များသာ ဖြစ်ကြပေမဲ့ အမိန့်ထုတ်ပြန်သူများ မဟုတ်ကြပေ။ ၎င်းတို့က အမည်ခံ
အားဖြင့် တည်ရှိတဲ့နိယာမများဖြစ်ပေမဲ့ ထိုနိယာမတရားတွေကို ထုတ်လုပ်တဲ့တန်ခိုးအာဏာ မဟုတ်ကြပေ။

M. Fethullah Gulen

The Essential of the Islamic Faith

Related Post

မဟာကရုဏာတော်ရှင်ထံ အသနားခံခြင်း (အပိုင်း-၃)

မဟာကရုဏာတော်ရှင်ထံ အသနားခံခြင်း (အပိုင်း-၃)

အမှန်မှာ လူတစ်ဦးချင်း နှင့် လူမှုရေး အဟန့်အတားတို့မှ လွတ်မြောက် ပြီး ရုပ်နာမ်ဆင်းရဲဒုက္ခ ဝေဒနာများ ပျောက်ကင်းစေမည့် အတိုဆုံးနည်းလမ်းမှာ သူတို့၏ အမြင်အား ဝင်ရောက်စွက်ဖက်နေခြင်း ရပ်တန့်ပြီး…

Leave a Reply

Your email address will not be published. Required fields are marked *