စကြဝဠာကြီး၏ အကွယ်မှကျေးဇူးတော်များနှင့် ဖန်ဆင်းရှင်

စကြဝဠာကြီး၏ အကွယ်မှကျေးဇူးတော်များနှင့် ဖန်ဆင်းရှင်

အရာရာတိုင်းရဲ့တည်ရှိမှုတွင် ၎င်းတို့ရဲ့ဝင်ရောက်စွက်ဖက်မှု တစ်စုံတစ်ရာမရှိကြောင်းကို နားလည်နိုင်ရန် ၎င်းတို့ရဲ့ ရည်ရွယ်ချက်တွေကို သုံးသပ်ကြပါစို့။ ဖန်ဆင်းခံတွေမှာတွေ့ရတဲ့ ရိုးစင်းတဲ့အကြောင်းအရာတွေကို စူး စမ်းလေ့လာပြီး သဟဇာတဖြစ်မှုနဲ့ အပြန်အလှန်ဆက်နွယ်နေမှုတို့ကို ပိုင်းခြားစိတ်ဖြာကြည့်ကြပါစို့။ ပညာရှင် Morrison က ကျွန်တော်တို့အာရုံစိုက်သင့်တဲ့ အချက်တချို့ကို ထောက်ပြထားပါတယ်။

ကမ္ဘာဂြိုဟ်ရဲ့ထုထည်ပမာဏာဟာ တိုင်းတာနိုင်လောက်အောင် တည်မြဲတဲ့အဆင့်ရောက်နေပါပြီ။ ၎င်းရဲ့ ထုထည်ကို ကျွန်တော်တို့တိုင်းတာသတ်မှတ်နိုင်ပါပြီ။ နေကိုလှည့်ပတ်ပြီး သွားလာတဲ့ ၎င်းရဲ့အမြန်နှုန်းမှာလဲ လုံးဝ တစ်သမတ်တည်းဖြစ်သွားပြီ။ ကမ္ဘာက မိမိရဲ့ဝင်ရိုးပေါ် လည့်ပတ်သွားလာနေမှုကိုလဲ တိတိကျကျ တွက်ချက်နိုင်ပါ ပြီ။ နက္ခတ္တဗေဒတွက်ချက်မှုအရ နှစ်၁၀၀တွင် တစ်စက္ကန့်မျှတောင် လွဲမှာမဟုတ်ပေ။ ယခင်က ကမ္ဘာဂြိုဟ်ရဲ့ ထု ထည်ပမာဏက ကြီးတာ၊ ငယ်တာ၊ နှေးတာ၊ မြန်တာ၊ နေမှဝေးတာ၊ နီးတာအားလုံးက လူသားအပါအဝင် သက် ရှိအားလုံးအပေါ် နက်နက်ရှိုင်းရှိုင်း အကျိုးသက်ရောက်ပါတယ်။

ကမ္ဘာဂြိုဟ်က ၎င်းရဲ့ဝင်ရိုးပေါ် ၂၄နာရီ လှည့်ပတ်နေပါတယ်။ သို့တည်းမဟုတ် တစ်နာရီလျှင်မိုင် တစ် ထောင်နီးပါးဖြင့် လှည့်ပတ်သွားလာနေပါတယ်။ တစ်နာရီလျှင် မိုင်၁၀၀နှုန်းဖြင့် သွားလာလှည့်ပတ်လျှင် မည်သို့ဖြစ် မည်နည်း။ ကျွန်ုပ်တို့လက်ရှိ ရှိနေတဲ့ နေ့တာနဲ့ ညတာ ၁၀ဆပိုရှည်သွားပါမယ်။ နွေရာသီရဲ့ ပူပြင်းတဲ့ နေမင်းကြောင့် ရှည်လျားတဲ့ နေ့အချိန်မှာ ကျွန်ုပ်တို့ရဲ့ သဘာဝပေါက်ပင်အားလုံး လောင်ကျွမ်းသွားပါလိမ့်မယ်။ ညအချိန်တွင် အညှောက်ပေါက်မဲ့ အစေ့အားလုံး အေးခဲသွားပြီး ပုတ်သွားပါလိမ့်မယ်။ သက်ရှိအားလုံးရဲ့ မျက်နှာပြင် အပူချိန်မှာ ၁၂၀၀၀ဒီဂရီ ဖာရင်ဟိုက် ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ကမ္ဘာဂြိုလ်က ထာဝရလောင်နေတဲ့ မီးပုံကြီးမှ သင့်တော်တဲ့ အကွာ အဝေးမှာ ရှိနေပါတယ်။ ကျွန်ုပ်တို့အား အလွန်အကျွံမဟုတ်ဘဲ သင့်တော်တဲ့ နွေးထွေးမှုကိုသာ ပေးပါတယ်။

အကယ်၍ ကမ္ဘာဂြိုလ်ရဲ့အပူချိန်ဟာ တစ်နှစ်လျှင် ပျှမ်းမျှအားဖြင့် ၅၀ဒီဂရီသာ တိုးမြင့်ပြောင်းလဲခဲ့လျှင် ဟင်းသီးဟင်းရွက်နဲ့ အပင်အားလုံးသေဆုံးသွားလိမ့်မယ်။ ၎င်းတို့နဲ့အတူ လူတွေလဲ ကင်ပြီးသား ဖြစ်သွားမယ် ဒါမှမဟုတ် ရေခဲတုံးဖြစ်သွားမယ်။ ကမ္ဘာဂြိုလ်က တစ်စက္ကန့်လျှင် မိုင်၈၀နှုန်းဖြင့် နေကိုလှည့်ပတ်၍ ခရီးနှင်နေတယ်။ အကယ်၍ တစ်စက္ကန့်လျှင် ၆မိုင်နှုန်း သို့မဟုတ် မိုင်၄၀နှုန်းဖြင့် လှည့်ပတ်မည်ဆိုပါက ကျွန်ုပ်တို့က နေမင်းနဲ့ အတော်နီးသွားမယ် ဒါမှမဟုတ် အတော်ဝေးသွားမယ်။ ဒီတော့ ကျွန်ုပ်တို့ရဲ့ အသက်ရှင်ရပ်တည်မှုက ဖြစ်နိုင်ခြေ ရှိတော့မည် မဟုတ်ပေ။

ကမ္ဘာဂြိုလ်က ၂၃ဒီဂရီ တိမ်းစောင်းနေလို့ ကျွန်ုပ်တို့က ရာသီဥတုပြောင်းလဲမှုတွေ ခံစားရတယ်။ အကယ်၍ ထိုသို့ မတိမ်းစောင်းလျှင် ဝင်ရိုးစွန်းတွေမှာ နေဝင်ဆည်းဆာချိန်ကိုသာ အမြဲတွေ့ရပါလိမ့်မယ်။ ပင်လယ်သမုဒ္ဒရာက နေပျံတတ်သွားတဲ့ ရေငွေ့တွေဟာ မြောက်နဲ့တောင်ဘက်သို့ ပြောင်းရွှေ့သွားတယ်။ ကမ္ဘာဂြိုဟ်ရဲ့ တိမ်းစောင်းနေမှု ပြောင်းသွားရင် ကမ္ဘာမှာရှိတဲ့တိုက်တွေ ရေခဲတောင်များဖြစ်လာပြီး အီကွေတာနဲ့ ထိုရေခဲတောင်တွေကြား သဲကန္တာရ တွေ ဖြစ်သွားပါလိမ့်မယ်။

လကမ္ဘာက ကမ္ဘာဂြိုဟ်မှ မိုင်၂၄၀,၀၀၀ပေးပြီး တစ်နေ့ ၂ကြိမ် ဒီရေအတက်အကျ ပုံမှန်ရှိခြင်းဟာ ၎င်းရဲ့ တည်ရှိမှုကိုပြသနေပြီး သိမ်မွေ့တဲ့ သတိပေးချက်လဲဖြစ်ပါတယ်။ သမုဒ္ဒရာရဲ့ ဒီရေများသည် တချို့နေရာများတွင် ပေ၅၀အထိ မြင့်တက်သွားတယ်။ လကမ္ဘာရဲ့ ဆွဲဆောင်မှုကြောင့် ကမ္ဘာဂြိုလ်ရဲ့ အပေါ်ယံအလွှာမှာ တစ်နေ့၂ကြိမ် လက်မပေါင်းများစွာ အပြင်ဘက်သို့ ကိုင်းညွတ်သွားတယ်။ အကယ်၍ ကျွန်ုပ်တို့နဲ့ လကမ္ဘာရဲ့ အကွာအဝေးဟာ လက်ရှိအကွာအဝေးအစား မိုင်ငါးသောင်းဝေးခဲ့ရင် ဒီရေကြောင့် တိုက်ကြီးတွေမှာရှိတဲ့ မြေနိမ့်တွေအားလုံး အကြီး အကျယ်ရေနစ်သွားပြီး တောင်တွေ တိုက်စားသွားနိုင်တယ်။ ကမ္ဘာမှာ ယနေ့တွေ့နေရတဲ့ တိုက်ကြီးတွေလဲ ပေါ် ထွက်လာမည် မဟုတ်ပေ။ ထိုအခါ ကမ္ဘာဂြိုလ် မငြိမ်မသက် အက်ကွဲသွားပြီး ဒီရေမြင့်တတ်မှုကြောင့် နေ့စဉ်လိုလို ပင် ဟာရီကိန်းမုန်တိုင်းများ ဖြစ်လာနိုင်ပါတယ်။

အကယ်၍ ကမ္ဘာမြေကြီးရဲ့အပေါ်ယံအလွှာက လက်ရှိအနေအထားထက် ၁၀ပေပိုထူခဲ့ရင် အောက်စီဂျင်ရှိ မှာ မဟုတ်ဘူး၊ ဒါဆိုသတ္တဝါတွေအားလုံး သေကြေသွားလိမ့်မယ်။ အကယ်၍ ပင်လယ်သမုဒ္ဒရာတွေက လက်ရှိအ ခြေအနေထက် ပေအနည်းငယ်ပိုနက်နေခဲ့မယ်ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အောက်စီဂျင်တွေ စုတ်ယူခြင်းခံရပြီး အပင်များနဲ့ သဘာဝပေါက်ပင်အားလုံး ရှင်သန်ရခက်သွားမယ်။ အကယ်၍ လေထုက လက်ရှိအနေအထားထက် ပို၍ပါးခဲ့ရင် လေထဲတွင် နေ့စဉ်လောင်ကျွမ်းနေတဲ့ သန်းချီဥက္ကာပျံကြီးတွေ ကမ္ဘာကြီးပေါ်သို့ ကျရောက်နိုင်ပါတယ်။

လေထုထဲတွင် အများအားဖြင့် အောက်ဆီဂျင် ၂၁%ပါရှိပါတယ်။ လေထုတစ်ခုလုံးက ခန့်မှန်းခြေအားဖြင့် တစ်စတုရန်းလက်မလျှင် ၁ပေါင်အားဖြင့် ကမ္ဘာ့ပင်လယ်မျက်နှာပြင်ကို ဖိအားပေးပါတယ်။ လေထုဖိအားအဖြစ် ရှိ နေတဲ့ အောက်စီဂျင်က တစ်စတုရန်းလက်မလျှင် ၃ပေါင်ခန့်သာ ရှိပါတယ်။ ကျန်တဲ့ အောက်စီဂျင်အားလုံးက ဒြပ်ပေါင်းအဖြစ် ကမ္ဘာကြီးရဲ့အပေါ်လွှာမှာ ချုပ်ထားခံရပြီး ကမ္ဘာ့ရေထုရဲ့ ဆယ်ပုံရှစ်ပုံပမာဏရှိရေးကို ဖြစ်စေတယ်။ အောက်စီဂျင်ဟာ မြေပြင်ရှိ သက်ရှိသတ္တဝါအားလုံး အသက်ရှုရပ်တည်ရေးအတွက် ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက် အတွက် အောက်စီဂျင်ကို လေထုမှလွဲ၍ တခြားဘယ်နေရာမှ လုံးဝမရနိုင်ပါ။

အလွန့်အလွန်တက်ကြွတဲ့ ဒီဓါတုဒြပ်စင်က ဒြပ်နှောမှ ဘယ်လိုလွတ်မြောက်သွားတာလဲဆိုတာ မေးစရာဖြစ် လာပါတယ်။ ထိုဒြပ်သည် လေထုထဲတွင် ကျန်နေပြီး သက်ရှိအားလုံးရဲ့ အသက်ရှင်ရေးအတွက် လိုအပ်တဲ့ အချိုး အဆအတိုင်း တိတိကျကျဖြစ်နေပါတယ်။ အကယ်၍ လေထုထဲတွင် အောက်စီဂျင်ဟာ ၂၁ရာခိုင်နှုန်းအစား ၅၀ရာ ခိုင်နှုန်းရှိနေခဲ့ရင် ကမ္ဘာပေါ်ရှိ မီးလောင်နိုင်တဲ့ အရာဝတ္ထုအားလုံး လောင်ကျွမ်းသွားလိမ့်မယ်။ အပင်တစ်ပင်ကို မိုးကြိုး တစ်ချက်မိတာနဲ့ သစ်တောအားလုံး လောင်ကျွမ်းပေါက်ကွဲနိုင်ပါတယ်။ အကယ်၍ ကမ္ဘာပေါ်ရှိသန်းချီတဲ့ အရာဝတ္ထုများက ထိုလွတ်လပ်တဲ့ အောက်စီဂျင်ကို စုတ်ယူထားလိုက်ရင် သတ္တဝါအားလုံး အသက်ဆုံးသွားပါလိမ့် မယ်။

လူတစ်ယောက် အသက်ရှုလိုက်တဲ့အခါ အောက်စီဂျင်ကို ဆွဲယူလိုက်တယ်။ ဒီအောက်စီဂျင်တွေက ခန္ဓာ ကိုယ်အနှံ့ရောက်တယ်။ အောက်စီဂျင်က ဆဲလ်တိုင်းမှာရှိတဲ့အစာကို မပြောပလောက်တဲ့ အပူချိန်ပမာဏနဲ့ အလွန် နှေးကွေးစွာဖြင့် လောင်ကျွမ်းစေပါတယ်။ အကျိုးဆက်က ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေငွေ့ပဲထွက်လာတယ်။ သို့ဖြစ် ပါ၍ လူတစ်ဦးသက်ပြင်းချခိုင်းတဲ့အခါ မီးဖိုကြီးပမာထို အမှန်တရားကို လုံးဝတွေ့ရပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် က သူ့အဆုတ်မှ လွှတ်မြောက်သွားပြီး ပမာဏအနည်းငယ်မှလွဲ၍ မရှူနိုင်ပေ။ သူ့အဆုတ်မှာ လှုပ်ရှားလာပြီး ကာဗွန် ဒိုင်အောက်ဆိုဒ် ထုတ်ပစ်ရင်း နောက်ထပ်အသက်ရှူခြင်းကို ပြုရတယ်။

အောက်စီဂျင်သည် အသက်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်။ အကြောင်းမှာ သွေးထဲရှိ တခြား ဒြပ်စင်များကဲ့သို့ပင် အောက်စီဂျင်ရဲ့လုပ်ဆောင်မှုလဲ ခန္ဓာကိုယ်တစ်ခုလုံးကို သက်ရောက်ပါတယ်။ ထိုလုပ်ဆောင်မှု မရှိပါက အသက်ရှင်သန်မှုစနစ် ရပ်သွားပါလိမ့်မယ်။

အခြားတဖက်မှာတော့ သက်ရှိအပင်အားလုံးက လေထုထဲမှ အလွန့်အလွန်သေးငယ်တဲ့ ပမာဏရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုသာ မှီခိုရှင်သန်ရတယ်။ အပင်များက ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုရှူတယ်လို့ပြောကြတယ်။ အပင်များက ကာဗွန်ဒိုင်အောက်ဆိုဒ်မှ အစာချက်နိုင်အောင်အလွန်ရှုပ်ထွေးလှတဲ့ ဓါတုပြောင်းလဲမှုဖြစ်စဉ်ကိုအလွယ် ကူဆုံးနည်းနဲ့လုပ်ဆောင်နိုင်တယ်။ အပင်ရဲ့အရွက်များမှာ အဆုတ်များဖြစ်ပြီး ၎င်းတို့တွင် နေရောင်စွမ်းအားအကူအ ညီဖြင့် ခိုင်မြဲတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်မှ ကာဗွန်နဲ့အောက်စီဂျင်ကို သီးခြားစီခွဲထုတ်ပြီး ကာဗွန်ကို ဆက်လက်ထိန်း ထားနိုင်တယ်။

ထိုကာဗွန်ကို အမြစ်၌ရှိတဲ့ ရေမှ ဟိုက်ဒရိုဂျင်နဲ့ ပေါင်းစပ်ပေးနိုင်ပါတယ်။ သဘာဝလို့ခေါ်ကြတဲ့ ဒီအံ့ဖွယ် ဓါတုဗေဒက ထိုဒြပ်စင်များမှ သကြားဓါတ်၊ ကစီဓါတ်၊ အသီးအနှံ၊ ပန်းပွင်းနဲ့ တခြားဒြပ်စင်များစွာကို ထုတ်ပေးနိုင်ပါ တယ်။ ထိုအသီးအနှံအဖူးအပွင့်အားလုံးတို့သည် တစ်ခုနဲ့တစ်ခု အရောင်အဆင်း၊ အနံ့အရသာ၊ ပုံသဏ္ဍာန်အားဖြင့် လုံးဝသီးသန့်စီခြားနားနေတယ်။ ဒီအတိုင်းအဆမရှိတဲ့ကွဲပြားမှုကို အသိစိတ်မဲ့၊ အသိဉာဏ်မဲ့တဲ့အစေ့သေးသေးလေး က ဖန်တီးလိုက်တာပဲလို့ ပြောနိုင်ပါ့မလား။ အပင်တွေက မိမိတို့ရဲ့အစာကို ကိုယ်တိုင်ချက်ယူနိုင်ပြီး ကမ္ဘာပေါ်ရှိ သတ္တဝါတိုင်းအတွက်လဲ လုံလောက်တဲ့အစာကို ထုတ်လုပ်ပေးပါတယ်။ တစ်ချိန်တည်းမှာ အပင်တွေက ကျွန်ုပ်တို့ရှူ သွင်းရတဲ့ အောက်စီဂျင်ကိုလဲ ထုတ်ပေးပါတယ်။ ထိုအောက်စီဂျင်သာမရှိခဲ့ရင် ကျွန်ုပ်တို့၅မိနစ်တောင် အသက်ရှင် နိုင်မှာ မဟုတ်။ ဒါကြောင့် အပင်အားလုံး၊ သစ်တော၊ မြက်ပင်၊ ရေညှိ၊ ရေမှော်နှင့် သဘာဝပေါက်ပင်အားလုံးကို အ များအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။

M. Fethullah Gulen

The Essential of the Islamic Faith

Related Post

မဟာကရုဏာတော်ရှင်ထံ အသနားခံခြင်း (အပိုင်း-၇)

မဟာကရုဏာတော်ရှင်ထံ အသနားခံခြင်း (အပိုင်း-၇)

မည်သို့ပင် အကြင်နာ နှင့် ညှာတာမှုကင်းမဲ့သော အခြေအနေများနှင့် ကြုံပါစေ။ ဤပုဂ္ဂိုလ်များက မိမိတို့ အခိုင်အမာဆုံးဖြတ်ထားသည့် လမ်းကြောင်းမှ သွေဖည်ခြင်း နှင့် သူတစ်ပါးအား နှောင့်ယှက်စေခြင်း လုံးဝမရှိဘဲ…

Leave a Reply

Your email address will not be published. Required fields are marked *