နေစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ ပြောင်းလဲထုတ်လုပ်ခြင်း (ဉာဏ်လွင်/စွမ်းအင်ကဏ္ဍ)

နေစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ ပြောင်းလဲထုတ်လုပ်ခြင်း (ဉာဏ်လွင်/စွမ်းအင်ကဏ္ဍ)

ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့နဲ့ ရေနံတွေကို အကန့်အသတ်နဲ့ပဲ ထုတ်ယူသုံးစွဲနိုင်တယ်ဆိုတာကို မကြာ သေးခင်နှစ်တွေက ကျွန်တော်တို့ သိရှိလာခဲ့ကြပါတယ်။ ဒါကြောင့် အဲဒီလိုရုပ်ကြွင်းလောင်စာတွေအစား နျူက လီးယားစွမ်းအင်တွေကို ပြောင်းလဲအသုံးပြုလာကြပါတယ်။ ဒါပေမဲ့ နျူကလီးယားစွမ်းအင်တွေနဲ့ ရုပ်ကြွင်းလောင် စာတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတတ်တဲ့အတွက် အများအားဖြင့် မနှစ်သက်ကြပါဘူး။ ဒါ ကြောင့် ပြီးခဲ့တဲ့ နှစ် ၂ဝ အတွင်းမှာ ပြန်ပြည့်မြဲ စွမ်းအင်အသုံးပြုမှုတွေ လူကြိုက်များပြီး တွင်ကျယ်လာပါတယ်။ နေ၊ လေ၊ ရေ၊ လှိုင်းနဲ့ Biomass တွေလို ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်တွေဟာ ၁၉၉ဝ ပြည့်နှစ်မှာ ကမ္ဘာ့ စွမ်းအင်သုံးစွဲမှုရဲ့ ၁၈ရာခိုင်နှုန်းလောက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ၂ဝ၂ဝပြည့်နှစ်ကျရင်ပြန်ပြည့်မြဲစွမ်းအင်အသုံး ပြုမှုဟာ ၃ဝရာခိုင်နှုန်းအထိ ရှိလာနိုင်တယ်လို့ ကမ္ဘာ့စွမ်းအင်ကောင်စီက (၁၉၉၃ခုနှစ် အစီရင်ခံစာမှာ) ခန့်မှန်း ထားပါတယ်။

အလားအလာအကောင်းဆုံး ပြန်ပြည့်မြဲစွမ်းအင်တစ်မျိုးကတော့ နေစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် တိုက် ရိုက်ပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။ ဒီစွမ်းအင်အရင်းအမြစ်ကို အသုံးတွင်လာနိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ နေစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းမယ်ဆိုရင် လေထုညစ်ညမ်းမှု မဖြစ်သလို စွန့်ပစ်ပစ္စည်း တွေလည်းမကျန်ခဲ့ပါဘူး။ ပြီးတော့ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲထုတ်လုပ်နေတဲ့ အချိန်မှာ အသံဆူညံတာမျိုး လည်း မရှိပါဘူး။ တိမ်ထူတဲ့နေ့တွေနဲ့ အပူချိန်နည်းတဲ့နေ့တွေမှာလည်း လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲသုံးစွဲလို့ ရပါတယ်။ လှုပ်ရှားနေတဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေမပါတဲ့အတွက် ထိန်းသိမ်းမှုမရှိရင်တောင် ဆိုလာပြားတွေ ကို နှစ်၂ဝ ကနေ ၃ဝ လောက်အထိ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

နေစွမ်းအင်ကို နေရာတိုင်းမှာ ရနိုင်တဲ့အတွက် လျှပ်စစ်စွမ်းအင် လိုအပ်တဲ့နေရာတိုင်းမှာ ပြောင်းလဲသုံးစွဲနိုင်ပါ တယ်။ သည်အချက်ကတော့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာ မဟာဓာတ်အားလိုင်း မရှိတဲ့နေရာတော်တော်များများ က သူတွေ နေစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အားပြောင်းလဲသုံးစွဲမှုကို စိတ်ဝင်စားစေတဲ့ အချက်ပါ။ နေစွမ်းအင်ကို လျှပ်စစ်ဓာတ်အား ပြောင်းလဲပေးတဲ့ စက်တွေကို သုံးလေးလအတွင်း စီစဉ်တပ်ဆင်နိုင်တယ်ဆိုတဲ့ အချက်က လည်း အခုလက်ရှိတွေ့နေရတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေလို စက်လည်ပတ် အသုံးပြုနိုင်ဖို့အတွက် အနည်းဆုံး ငါးနှစ်လောက်ကြာအောင် အချိန်ယူဆောက်လုပ်ရတာမျိုး မလိုတော့ပါဘူး။

နောက်ဆုံးအားသာချက်ကတော့  ဆိုလိုပြားတွေကို ရှိနှင့်ပြီးသား အဆောက်အအုံရဲ့ ခေါင်းမိုးမှာပဲဖြစ်ဖြစ် နံရံမှာ ပဲဖြစ်ဖြစ် တပ်ဆင်အသုံးပြုလို့ရတဲ့အတွက် နောက်ထပ်မြေနေရာ အသုံးပြုစရာမလိုတော့တာပဲ ဖြစ်ပါတယ်။ နေ စွမ်းအင်ကို လျှပ်စစ်ဓာတ်အား ပြောင်းလဲသုံးစွဲလို့ရတာကို ၁၈၃၉ ခုနှစ်မှာ Edmund Becquerel က ပထမဦးဆုံး စတင်တွေ့ရှိခဲ့ပါတယ်။ ၁၉၃ဝ ပြည့်လွန်နှစ်တွေမှာတော့ ပထမဦးဆုံး ဖိုတိုဆဲလ် (အလင်းကနေ လျှပ်စစ်ဓာတ် ထုတ်တဲ့ပစ္စည်း)ကို “solid state research” သုတေသနက စတင်တီထွင်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်မှာတော့ “ Bell Telephone Laboratories”မှာ ဆီလီကွန် ဆိုလာဆဲလ်တွေ တီထွင်ဖန်တီးနိုင်ခဲ့ပြီး အာကာသစီမံကိန်းမှာ အသုံး ပြုတဲ့ လျှပ်စစ်ဓာတ်အား ၆ရာခိုင်နှုန်းအတွက် ပြောင်းလဲထုတ်လုပ် သုံးစွဲနိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းကပဲ နေစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် ပြောင်းလဲထုတ်လုပ် သုံးစွဲမှုတွေ တဖြည်းဖြည်းများပြားလာပြီး ၁၉၉၁ ခုနှစ်မှာ တစ်နှစ်ကို မီဂါဝပ် ၅ဝ အထိ ထုတ်လုပ် သုံးစွဲလာကြပါတယ်။

နေစွမ်းအင်ကို လျှပ်စစ်စွမ်းအင်ပြောင်းပေးတဲ့ ဆိုလာဆဲလ်

နေသာတဲ့ နေ့တွေမှာဆိုရင် မျက်နှာပြင် တစ်စတုရန်းမီတာပေါ်ကျရောက်နေတဲ့ နေလုံးကနေ ဖြာထွက်နေတဲ့ အလင်းကနေ လျှပ်စစ်ဓာတ်အား 1000W/m2 ထုတ်လုပ်နိုင်ပြီး တိမ်ထူတဲ့ နေ့တွေမှာဆိုရင် 100W/m2ထုတ် လုပ်နိုင်ပါတယ်။ ဥရောပမြောက်ပိုင်းမှာတော့ 850W/m2 ထက်ပိုပြီး ထုတ်နိုင်ဖို့ကတော့ မလွယ်လှပါဘူး။ နေစွမ်း အင်ကနေ လျှပ်စစ်စွမ်းအင်ပြောင်းလဲ ထုတ်ယူဖို့အတွက် ဆိုလာပြားတွေကို အသုံးပြုရပါတယ်။ တစ်ပိုင်းလျှပ်ကူး ပစ္စည်းတွေက အလင်းကိုစုပ်ယူပြီး အမဓာတ်ဆောင်အီလက်ထရွန်နဲ့ အဖိုဓာတ်ဆောင် “holes” နှစ်မျိုးစလုံးကို ဖန်တီးပေးပါတယ်။ လျှပ်စစ်စက်ကွင်းက တစ်ပိုင်းလျှပ်ကူး ပစ္စည်းအတွင်းမှာ ရှိနေတဲ့အချိန်မှာ အီလက်ထရွန် တွေနဲ့ “holes”တွေ ဆန့်ကျင်ဖက်ကို ရွေ့လျားသွားကြပါတယ။် ဒီလိုလျှပ်စစ်အဖိုဓာတ်နဲ့ အမဓာတ်ကွဲကွာ ခြင်းကြောင့် လျှပ်စစ်ဗို့အားကို ဖြစ်ပေါ်စေပါတယ်။

လျှပ်စစ်ဓာတ်တွေ ရွေ့လျားမှုကြောင့် လျှပ်စစ်စီးကြောင်းနဲ့ လျှပ်စစ်ဗို့အားတွေ တစ်ပြိုင်တည်း ဖြစ်ပေါ်လာပါ တယ်။ ဒါကတော့ အလင်းကနေ လျှပ်စစ်ဗို့အားတွေ ပြောင်းလဲဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ပါ။

တစ်ပိုင်းလျှပ်ကူးပစ္စည်းအတွင်းမှာ လျှပ်စစ်စက်ကွင်း တစ်ခုဖြစ်ပေါ်လာစေတဲ့ အခြေခံဖြစ်စဉ်ကတော့ လျှပ်စစ် အဖိုဓာတ်နဲ့ အမဓာတ်ကြား နယ်ပယ်ဖြစ်ပေါ်လာစေဖို့ ဖြစ်ပါတယ်။ ဒီနယ်ပယ်အတွင်းမှာရှိတဲ့ လျှပ်စစ်စက်ကွင်း ဟာ အဖိုဓာတ်ဘက်ခြမ်းမှာရှိနေတဲ့ အီလက်ထရွန်တွေကို အမဘက်ြခမ်းကို တွန်းပို့ပေးလိုက်တဲ့အတွက် လျှပ် စစ်အမဓာတ် စီးဆင်းမှုကို ဖြစ်ပေါ်စေပါတယ်။ အလားတူပဲ အမဘက်ခြမ်းမှာရှိတဲ့ လျှပ်စစ်အဖိုဓာတ်တွေကို အဖိုဓာတ်ဘက်ခြမ်းကို တွန်းလွှတ်လိုက်တဲ့အတွက် လျှပ်စစ်အဖိုဓာတ်စီးကြောင်း ဖြစ်ပေါ်လာပါတယ်။ လျှပ်စစ် အဖိုဓာတ်တွေဟာ လျှပ်စစ်ဗို့အားကို ဖြစ်ပေါ်စေပါတယ်။ ပုံ (၁)မှာ ပြထားတာကတော့ ဆိုလာဆဲလ်တစ်ခုရဲ့ အခြေခံပုံစံပါ။ အရှေ့ဘက်လျှပ်ကူး ကိရိယာကတော့ သတ္တုခပ်ပါးပါးအလွှာပါတဲ့ အရှေ့ဘက် မျက်နှာပြင်ဖြစ်ပြီး အနောက်ဘက်ရှိလျှပ်ကူးကိရိယာကတော့  အနောက်ဘက်မျက်နှာပြင်တစ်ခုလုံးကို အများအားဖြင့် ဖုံးအုပ်ထား ပါတယ်။ ဒါကို n-on-p ဆဲလ်လို့ခေါ်ပါတယ်။ ဆီလီကွန်ကတော့ အီလက်ထရွန်းနစ် လုပ်ငန်းနယ်ပယ်မှာ လူသိ များပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်းတစ်ခုဖြစ်တဲ့အတွက် ဆိုလာဆဲလ်တွေမှာ သူ့ကိုအသုံးပြုကြပါတယ်။ ဈေးကွက် သုံး ဆိုလာဆဲလ် အများစုမှာတော့ နေကရတဲ့ စွမ်းအင်နဲ့အများဆုံးထွက်ရှိတဲ့ စွမ်းအင်အချိုးအစားဟာ ၂ဝ ရာခိုင်နှုန်းရှိပြီး လက်တွေ့စမ်းသပ်ခန်းမှာတော့ ၂၅ရာခိုင်နှုန်းကျော်ရှိပါတယ်။ သဘောတရားအရ ဆီလီကွန် ဆဲလ်တွေဟာ နေရောင်ခြည်ရရှိမှုနဲ့ လျှပ်စစ်ဓာတ်ထွက်ရှိမှု အချိုးဟာ ၃ဝ ရာခိုင်နှုန်းရှိပြီး ဂယ်လီယမ် အသုံးပြု ဆိုလာဆဲလ်တွေကတော့ ၃၄ ဒသမ၂ ရာခိုင်နှုန်း ရှိပါတယ်။

ဆိုလာဆဲလ်တွေဟာ ထိခိုက်ပျက်စီးမှုဖြစ်စေနိုင်တဲ့ အရာမှန်သမျှကနေ ကာကွယ်ထားသင့်လောက်တဲ့အထိ နူးညံ့တဲ့အရာတွေပါ။ လိုအပ်တဲ့ဗို့အားနဲ့ စွမ်းအင်တွေရရှိဖို့အတွက် ဆဲလ်တွေကို အများအားဖြင့် အတွဲလိုက် ချိတ်ဆက်ထားပြီး အပြိုင်ဒါမှမဟုတ် ပုံစံနှစ်မျိုးလုံးပေါင်းပြီး ဆက်သွယ်လေ့ရှိပါတယ်။ ၁၉၉၅ ခုနှစ်မှာ ဆိုလာ ဆဲလ်တစ်ခုရဲ့ ဈေးနှုန်းဟာ လျှပ်စစ်ဓာတ်အားတစ်ဝက်ကို အမေရိကန်လေးဒေါ်လာနှုန်းလောက် ကျသင့်နေပါ တယ်။ ဆိုလာဆဲလ်တွေဟာ နှစ်ပေါင်းများစွာ အသုံးပြုနိုင်စွမ်းရရှိဖို့လည်း လိုပါတယ်။ အခုလက်ရှိမှန်းထားတဲ့ ဆိုလာပြားတစ်ခုရဲ့သက်တမ်းဟာ နှစ်ပေါင်း၃ဝပါ။

နေစွမ်းအင်ကို လျှပ်စစ်ထုတ်လုပ်မှု အသုံးပြုခြင်းများ

၁၉၉၄ ခုနှစ်မှာ ကမ္ဘာ့ဆိုလာဆဲလ် ရောင်းအားစုစုပေါင်းဟာ တစ်နှစ်ကို မဂ္ဂါဝပ် ၇ဝ ထုတ်လုပ်နိုင်တဲ့အထိ ရှိလာ ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာတော့ ဆိုလာဆဲလ်တွေကို ကဏ္ဍစုံက လုပ်ငန်းတော်တော်များများမှာ တွေ့ လာရပါတယ်။ အဓိက အသုံးပြုကြတဲ့ ကဏ္ဍတွေကတော့-

၁။ အာကာသဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် အသုံးပြုခြင်း

ဂြိုဟ်တုတွေအတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်ပေးဖို့ ဆိုလာဆဲလ်တွေကို ၁၉၅၈ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပါတယ်။ အဲသည်အချိန်ကစပြီး အလင်းစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ခြင်းဟာ အာ ကာသဆိုင်ရာလုပ်ငန်းစဉ်တွေအတွက် မရှိမဖြစ် စွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ဆိုလာဆဲလ်တွေဟာ နေနဲ့ဝေးတဲ့နေရာမှာဖြစ်စေ၊ နေနဲ့နီးတဲ့နေရာမှာဖြစ်စေ၊ နေစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင် ပါတယ်။

၂။ ဆက်သွယ်ရေးကဏ္ဍ

အသံလွှင့်စက်တွေနဲ့ ထပ်ဆင့်အသံ လွှင့်စက်တွေကိုအများအားဖြင့် တောင်ကုန်းတွေ၊ ကျွန်းတွေနဲ့ သဲကန္တာရလို ခပ်ဝေးဝေးနေရာမျိုးတွေမှာ ဆောက်လုပ်ထားပါတယ်။ ဆိုလာစွမ်းအင်ဟာ အသံလွှင့်စက်တွေနဲ့ ထပ်ဆင့်အသံ လွှင့်စက်တွေအတွက် ဈေးအသက်သာဆုံးနဲ့ စိတ်အချရဆုံး စွမ်းအင်အရင်းအမြစ်ဆိုတာ သက်သေပြနေပါတယ်။

၃။ ရွာတွေအတွက် လျှပ်စစ်ဓာတ်အား

ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူအများစု၊ ခန့်မှန်းခြေအားဖြင့်တော့ လူဦးရေနှစ်ဘီလျံလောက်ဟာ လျှပ်စစ်မီးမရတဲ့ ရွာ ငယ်လေးတေမွှာ နေထိုင်ကြပါတယ။် ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းလိုလိုဟာ လျှပ်စစ်ဓာတ်အားပေးစက်ရုံကနေ ဝေးလွန်း တဲ့ နေရာတွေဆီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမယ်ဆိုရင် ကုန်ကျစရိတ်များလွန်းတဲ့အတွက် စီစဉ်မပေးနိုင်ဘဲ ဖြစ်နေရပါတယ်။ နေစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား ပြောင်းလဲထုတ်လုပ်တဲ့စနစ်ကတော့ အရှင်းဆုံးနဲ့ ကုန်ကျ စရိတ်အသက်သာဆုံး နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဘက်ထရီတစ်လုံးရှိရင် သုံးလို့ရတဲ့ နေစွမ်းအင်ကနေ လျှပ် စစ် စွမ်းအင်ပြောင်းပေးတဲ့ စက်ကလေးတစ်လုံးဟာ သာမန်မီးထွန်းတာ၊ ရုပ်မြင်သံကြားတစ်လုံးနဲ့ ရေခဲသေတ္တာ လေးတစ်လုံးအတွက် လုံလောက်တဲ့ လျှပ်စစ်ဓာတ်အားကိုထုတ်ပေးနိုင်ပါတယ်။

၁၉၉၃ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံက အိမ်ပေါင်း၁ဝ,ဝဝဝကျော်မှာ ဆိုလာပြားတွေ တပ်ဆင်အသုံးပြုနေကြပါပြီ။ ဖိလစ်ပိုင်၊ ဒိုမီနီကန်ရီပတ်ဘလစ်၊ ကိုလံဘီယာ၊ အိန္ဒိယ၊ ကင်ညာ၊ မက္ကဆီကို၊ မော်ရိုကို၊ သီရိလင်္ကာနဲ့ ဇင်ဘာ ဘွေ နိုင်ငံတွေမှာလည်း အိမ်တွေမှာ နေစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အားတွေ ထုတ်ယူသုံးစွဲတဲ့စနစ်ကို ၁၉၉၃ ခုနှစ်ကစလို့ အသုံးပြုနေကြပါပြီ။ ဝပ် ၅၀ထွက်အိမ်သုံးဆိုလာစနစ်တစ်ခုရဲ့ တန်ဖိုးဟာ ၁၉၉၃ ခုနှစ်မှာ ကန် ဒေါ်လာ ၅ဝဝ ကျသင့်ပါတယ်။ ဝပ် ၅၀ထွက် အိမ်သုံးဆိုလာစနစ်တစ်ခုကို ဒေါ်လာ၂၅ဝ ပဲကျသင့်တော့မယ်ဆို ရင် ကမ္ဘာတစ်ဝန်းက အိမ်ပေါင်း သန်း ၄ဝဝ မှာ တပ်ဆင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ရေတင်တာ၊ ဆည်ရေသွင်း တာ၊ လမ်းမီးထွန်းတာနဲ့ ရုပ်သံဖမ်းစက်တွေအတွက်လည်း ရွာတွေမှာ ဆိုလာစနစ်ကို အသုံးချနိုင်ပါသေးတယ်။

၎။ အကွက်တစ်ကွက်အတွင်း စုစည်းတည်ရှိနေတဲ့ ရုံးခန်း အဆောက်အအုံတွေ

ဆိုလာပြားတွေကို အဆောက်အအုံရဲ့ အမိုးနဲ့နံရံတွေမှာ တပ်ဆင်အသုံးပြုနိုင်တဲ့အတွက် နောက်ထပ်မြေနေရာ ရှာစရာ မလိုတော့ပါဘူး။ ရုံးအဆောက်အအုံတွေဟာ အလုပ်ချိန်အတွင်းမှာ လျှပ်စစ်ဓာတ်အားကို ညပိုင်းထက် ပိုလိုအပ်နေတဲ့အတွက် အလင်းစွမ်းအင်ကိုစုပ်ယူပြီး လျှပ်စစ်ဓာတ်အားထုတ်ပေးတဲ့ ဆိုလာပြားတွေကို အဆောက်အအုံ နံရံအကာအဖြစ် အသုံးပြုသင့်ပါတယ်။ ဆိုလာပြား အကာသုံးမယ်ဆိုရင် ကုန်ကျစရိတ်သက် သာပြီး ရုံးအဆောက်အအုံလည်း အဆင့်မြင့်နည်းပညာရှိတဲ့ ပုံစံလည်းပေါက်စေပါတယ်။

၅။ ဗဟို လျှပ်စစ်ဓာတ်အားပေးစက်ရုံ

နေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အခုအချိန်အထိတော့ သုတေသနပြုဖို့အတွက် တပ်ဆင် အသုံးပြုကြပါတယ်။ ဩစတြီးယား၊ ဂျာမနီ၊ အီတလီ၊ စပိန်နဲ့ အမေရိကန်နိုင်ငံတွေမှာ ဒီလိုစက်ရုံလေးတွေရှိပါ တယ်။ နေစွမ်းအင်စနစ်အသုံးပြုမှု တခြားပုံစံတွေကတော့ အိတ်ဆောင် ဂဏန်းတွက်စက်၊ လက်ပတ်နာရီ၊နာရီ၊ လက်နှိပ်ဓာတ်မီး၊ ဥယျာဉ်မီး၊ အိတ်ဆောင်ရေဒီယို၊ လှေမှာပါတဲ့ ဘက်ထရီ ၊ နောက်တွဲလူနေယာဉ်၊ လျှပ်စစ်ကား၊ မီးရထားလမ်းအချက်ပြစနစ်၊ မီးပွိုင့်၊ အရေးပေါ်ချက်ပေးစနစ်၊ ရာသီဥတုတိုင်းတာရေးစခန်း၊ စစ်ရေးသုံးကိရိယာ စသဖြင့် အမျိုးမျိုးရှိပါတယ်။

နိဂုံး

နေစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့စနစ်ဟာ အခုအချိန်မှာတော့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို မယှဉ်နိုင်သေးပါဘူး။ ဒါပေမဲ့ နောက်လာမယ့်ရာစုနှစ် အစပိုင်းမှာတော့ ထုတ်လုပ်မှုစရိတ် လျှော့ချရေးကို စီးပွား ရေးတွက်ခြေကိုက်ဖို့အတွက် ကြည့်လာကြပြီဆိုရင်တော့ နေစွမ်းအင်ဟာလည်း အရေးပါတဲ့ စွမ်းအင်အရင်းအ မြစ်တစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။

ရည်ညွှန်း

Tankut Yalcinoz ရေးသားသော

Generating Electricity from The Sun

ဆောင်းပါးကို ဘာသာပြန်ဆိုထားပါသည်။

Related Post

Leave a Reply

Your email address will not be published. Required fields are marked *