ဖသ်ဟွလ္လာဟ်ဂူလန်နှင့် ဆူဖီဝါဒ

ဖသ်ဟွလ္လာဟ်ဂူလန်နှင့် ဆူဖီဝါဒ

ဆရာကြီးဂူလန်၏ရေးသားဖော်ပြချက်များနှင့် လုပ်ဆောင်ချက်များ၌ပါသည့် အဓိကဆိုလိုရင်းသဘော ကို အသေအချာလေ့လာလိုသူတစ်ဦးအနေဖြင့် ပထမဆုံးသိချင်သည့် အကြောင်းအရာမှာ သူ ဆူဖီတစ်ဦးဟုတ်၊ မဟုတ်ဟူသည့်မေးခွန်းပင် ဖြစ်သည်။ သူ့ဘဝအခြေအနေအမျိုးမျိုးတွင် ဆရာကြီးက”သူ၏လှုပ်ရှားမှုမှာ ဆူဖီ လမ်းစဉ်သစ်ကို တီထွင်ခြင်းဖြစ်သည်ဟူသော စွပ်စွဲချက်”ကို ခုခံချေပပြောဆိုပြီး သူကိုယ်တိုင်လည်း သူ တော်စင်(ဥပဇ္ဈယ်ဆရာ)ဖြစ်ကြောင်း ကာကွယ်ပြောဆိုသည်။

ယနေ့ခေတ်တူရကီနိုင်ငံတွင် မြေအောက်ဘာသာရေး အဖွဲ့အစည်းထူထောင်ခြင်းကို တရားဝင်ဖြစ်စေ နိုင်ငံရေးအရဖြစ်စေ အရေးယူဆောင်ရွက်မှုများရှိသည်။ ခေတ်သစ်လောကီအဓိကဝါဒီများက ဆူဖီဝါဒကို ခေတ် နောက်ပြန်ဆွဲဝါဒ၊ အော်တိုမန်အင်ပါယာ၏အမွေဆိုး၊ တိုးတက်မှု၊ ဖွံ့ဖြိုးမှုနှင့် ကြွယ်ဝချမ်းသာမှုတို့အတွက် အဟန့်အတား အနှောင့်အယှက်ဖြစ်စေသည့် အရာများအဖြစ် သဘောထားကြသည်။ တန်ပြန်မှုအဖြစ် မွတ်စ လင် တက်ကြွလှုပ်ရှားသူများ၏ ဆလ်ဖီယိမ်းအမြင်အရ ဆူဖီဝါဒကြောင့် အာမခံချက်မရှိသော ရှေးရိုးစွဲဘာသာ ရေး၌ အမြင်သစ်တီထွင်မှုများပေါ်စေရန်လည်းကောင်း အနုနည်း သဘောထားပျော့ပျောင်းမှုနှင့် ဘာသာရေး ကိုင်းရှိုင်းမှုကိုသာ လူသိရှင်ကြားအားပေးရန်လည်းကောင်း လုပ်ဆောင်နေကြသည်။

ဂူလန်က သူသည် တွရီကာ (ဆူဖီလမ်းစဉ်)ကို မထူထောင်ခဲ့ကြောင်း မည်သည့်ဆူဖီလမ်းစဉ်ကိုမျှ ကိုယ် စားပြုပိုင်ဆိုင်ခြင်းမရှိကြောင်း အခိုင်အမာချေပပြောဆိုသည်။ ဆူဖီဝါဒကိုတင်ပြသည့်အခါ ဘာသာရေးဆိုင်ရာ လမ်းစဉ်ဟူသည် တမန်တော်(ငြိမ်းချမ်းမှုအဖြာဖြာသက်ရောက်ပါစေသား) ကွယ်လွန်ပြီးနောက် အေဒီ ၆ရာစုတွင် ပေါ်ပေါက်လာခဲ့သော အဖွဲ့အစည်းများဖြစ်သည်။ ထိုအဖွဲ့အစည်း(လမ်းစဉ်)အားလုံးတွင် ၎င်းတို့၏ကိုယ်ပိုင် စည်းမျဉ်းများနှင့် ဖွဲ့စည်းပုံများရှိကြသည်။ ကျွန်တော်သည် မည်သည့်ဆူဖီလမ်းစဉ်နောက်ကိုမျှ မလိုက်သလို မည်သည့်ဆူဖီနှင့်လည်း ပတ်သက်ဆက်နွယ်ခဲ့ခြင်းမရှိ။

ဂူလန်အား ဟိုဂျာ(Hoca)ဟု ခေါ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ စာပေဝေါဟာရအရ တူရကီစကား ဟိုဂျာ၏အဓိပ္ပါယ်မှာ “ဆရာ”သာ ဖြစ်ပြီး ၎င်းကို ဆူဖီလမ်းစဉ်လိုက်နာသူတို့ကလည်း သူတို့၏ ဆရာသခင် များအား ခေါ်ဆိုခဲ့သည့် အစဉ်အလာရှိသည်။ ထိုစကားလုံး၌ အော်တိုမန်ခေတ်ပြန်ရောက်လိုသည့် ဂယက် သို့မဟုတ် အော်တိုမန်အမွေအဆိုး သဘောမပါဝင်ဘဲ အများပြည်သူတို့ ကြည်ညိုလေးစားပြီး အသိအမှတ်ပြု ထားသော ဘာသာရေးကိစ္စများ၌ အသိကြွယ်သည့်ပုဂ္ဂိုလ်တစ်ဦးအား ရိုးရိုးသားသား လေးစားသည့်အနေဖြင့် သုံးခြင်းသာဖြစ်သည်။

ဂူလန်သည် မည်သည့်အခါကမျှ ဆူဖီလမ်းစဉ်တစ်ခုခု၌မပါဝင်မပတ်သက်ကြောင်းပြောသည့်တိုင် သူ့ကို ဆူဖီတစ်ဦးပါဟု အခိုင်အမာသတ်မှတ်နိုင်မည်လား။ ဂူလန်အတွေးအခေါ်ပါဆူဖီသူတော်စင်များပြုလုပ်သော အကြောင်းနှင့်ပတ်သက်၍ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ဇာကီစရီတိုပရက်(Zeki Saritoprak) က “ဂူလန်သည် ကိုယ်နည်းကိုယ့်ဟန် အတိုင်းဆူဖီတစ်ဦးဖြစ်သည်။ မည်သည့်ဆူဖီလမ်းစဉ်ကိုမျှလိုက်နာပတ်သက် ခြင်းမရှိသည့် ဆူဖီသူတော်စင်များစွာရှိသည်။ အစ္စလာမ့်ပထမ ၆ရာစုအတွင်း မည်သည့်ဆူဖီလမ်းစဉ်မျှမရှိခဲ့ သော်လည်း အရေးပါသော ဆူဖီသူတော်စင်များစွာပေါ်ခဲ့သည်။ ၁၃ရာစုနှင့် ၁၄ရာစုအတွင်း ဆူဖီလမ်းစဉ်ပေါ် ပေါက်လာပြီးသည့်တိုင် မည်သည့်ဆူဖီတွရီကာကိုမျှ လိုက်နာပတ်သက်ခြင်းမရှိသည့် အထင်ရှားဆုံး ဆူဖီသူ တော်စင်များလည်းရှိခဲ့သည်။”ဟု ထောက်ပြခဲ့သည်။

အစောပိုင်း ဆူဖီသူတော်စင်များ၌ မည်သည့်သီးခြားကျင့်စဉ် သို့မဟုတ် ဂိုဏ်းဂနအသင်းအဖွဲ့များပင် မရှိခဲ့ပေ။ သူတော်စင်များဖြစ်ကြသော ရာဘီယာ၊ ဂျူနိုဒ်၊ မုဟာစီတီ၊ ဘိရှန်၊ ဂဇ္ဇာလီ၊ ဖရီဒွဒ္ဒီန်းအတ်တာနှင့် ရူမီတို့၌ပင် မည်သည့်တရီကာလမ်းစဉ်မျှ မရှိခဲ့ပေ။ သို့သော် ၎င်းတို့အားလုံးမှာ ဆူဖီသူတော်များဖြစ်ကြသည်။ အပေါ်မှအောက်သို့ အဆင့်ဆင့်ဆက်နွယ်လျက် တည်ရှိခဲ့သော ဆူဖီဝါဒအား အကျိုးပြုရှုထောင့်မှ ကြည့်သော အခါ ၎င်းတို့၏ဝါဒ၌လည်း ပြဿနာရှိနိုင်သည်။ အကြောင်းမှာ အစောပိုင်းဆူဖီမျာ၌ နာမ်ရေးရာခေါင်းဆောင်ဟူ၍ မရှိသောကြောင့်ဖြစ်သည်။ ဆူဖီလမ်းစဉ်အရ၊ နာမ်ရေးရာရှိုက်ခ်ခေါင်းဆောင်မရှိသူသည် စေတန်မိစ္ဆာကောင် အား သူတို့၏ခေါင်းဆောင်အဖြစ် ပြုလုပ်နိုင်သည်။

နာမ်ရေးရာလမ်းညွှန်မှု လိုအပ်ကြောင်းနှင့်စပ်လျဉ်း၍ဆူဖီအများစုက ခေါင်းဆောင်မရှိသော ဆူဖီလမ်း စဉ်ကို လိုက်နာခြင်းအား အားမပေးခဲ့ပေ။ ထိုသို့လိုက်နာခြင်းကို တားမြစ်ခဲ့ခြင်းသာရှိသည်။ သို့သော်လည်း အများစု၏အမြင်အရ နာမ်ရေးရာလမ်းညွှန်အဖြစ်ရှိသင့်သည့် ပုဂ္ဂိုလ်မှာ သက်ရှိထင်ရှားရှိသူဖြစ်ရန် မလိုအပ်ဟု သုံးသပ်ကြသည်။ ဥပမာ သူတော်စင် ခရကာနီ(Kharaqani) က အဘူယဇိဒ်အလ်ဘိစ်တာမီ (Al-Bisatami)၏ ဝိညာဉ် (သူထားခဲ့သော ဆုံးမစကား)အားဖြင့် ဆူဖီလမ်းစဉ်ကိုအစပြုခဲ့သည်။ အတ်တာ (Atta) ကလည်း အလ်ဟလ်လာဂ်ျ(Al-Hallaj) ၏ဝိညာဉ်အားဖြင့် စေ့ဆော်ခြင်းခံရသည်။ တခြားဆူဖီသူတော်စင်များက ကျမ်း မြတ်ကုရ်အာန်၌ ဖော်ပြပါရှိသောတမန်တော်မူစာ(အ)၏ လျှို့ဝှက်ဆန်းကျယ်သော မိတ်ဆွေ ခိသိရ် (Khidr)ကို သူတို့အားလမ်းညွှန်သူဖြစ်ကြောင်း ကြွေးကြော်ခဲ့သည်။

ဆရာကြီးဂူလန်၏သဘောထားအရ သူ၏နာမ်ရေးရာတိုးတက်မှုမှာ ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော် မြတ်၏ဩဝါဒတော်များ၌ပါရှိသော လမ်းညွှန်မှုပေါ်မှီတည်ကြောင်း သိရသည်။ ဂူလန်အမြင်အရ ကျမ်းမြတ်ကုရ် အာန်သည် အကောင်းဆုံးလမ်းညွှန်သာ ဖြစ်သည်မဟုတ်။ ဆူဖီအတွေးအခေါ်နှင့် ကျင့်စဉ်အားလုံးအတွက် အကြောင်းရင်းဖြစ်သည်။ သူတို့၏ကိုယ်ပိုင်ကြိုးပမ်းအားထုတ်မှုအားဖြင့် ကျမ်းမြတ်ကုရ်အာန်၏ သွန်သင်မှုအ တိုင်း လိုက်နာပြီး ရာစုနှစ်ပေါင်းများစွာ လိုက်နာကျင့်သုံးခဲ့သော ဆူဖီသူတော်စင်များ၏အတွေ့အကြုံနှင့် ရှု ထောင့်အမြင်များကို ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နသ်ခေါ်ကိုယ်တော်မြတ်၏ဩဝါဒများအပေါ်အခြေခံ၍ တိုးတက် စေခဲ့သောကြောင့် ဆူဖီဝါဒအား တချို့မွတ်စလင်များပြောသကဲ့သို့ ရှရီယသ်တရားတော်နှင့် ဆန့်ကျင်နေသည် ဟူ၍လည်းကောင်း ဆူဖီလမ်းစဉ်လိုက်နာသူများမှာ တရားတော်မှ သွေဖီနေသူများဟူ၍လည်းကောင်း မတွေး တောမယူဆသင့်ပေ။ အစ္စလာမ့်သိပ္ပံ၏အခြေ ခံတစ်ခုကဲ့သို့သာ သဘောထားသင့်သည်။

Thomas Micheal

Peace and Dialogue In A Plural Society

Related Post

မိမိကိုယ်ကိုနှိမ့်ချတတ်သူ

မိမိကိုယ်ကိုနှိမ့်ချတတ်သူ

မိမိကိုယ်ကိုနိမ့်ချတတ်သူသည်သာ စစ်မှန်သော စေတနာဖြူစင်မှုဖြင့် လုပ်ဆောင်နိုင်သူဖြစ်သည်။ ဂူလန်ရှင်းပြသကဲ့သို့ မိမိကိုယ်ကိုနိမ့်ချသူများ မိမိတို့၏ကြိုးပမ်းမှုကြောင့်ထွက်ပေါ်လာသည့် အကျိုးကျေးဇူးများ ကို မိမိတို့ကြောင့် ထိုသို့အောင်မြင်သည်ဟု မမှတ်ကြပေ။ သူတို့၏ကြိုးပမ်းမှုနှင့် အောင်မြင်မှုများကြောင့် တခြား…

Leave a Reply

Your email address will not be published. Required fields are marked *