သက်ရှိတွေအတွက် မရှိမဖြစ် ရေ (မီးမီးမြင့်သူ/သဘာဝပတ်ဝန်းကျင်)

သက်ရှိတွေအတွက် မရှိမဖြစ် ရေ (မီးမီးမြင့်သူ/သဘာဝပတ်ဝန်းကျင်)

ကမ္ဘာပေါ်မှာ ရေထုထည် ကုဗကီလိုမီတာပေါင်းသန်း ၁၃၆ဝ ရှိပါတယ်။ သမုဒ္ဒရာတွေ၊ ရေကန်တွေ၊ မြစ်တွေ၊ လေထုနဲ့ မြေအောက်ရေအောင်းလွှာတွေမှာရှိတာတွေ၊ ရေခဲမြစ်တွေနဲ့ နှင်းတွေထဲမှာ ခဲနေတာတွေ စတဲ့ကမ္ဘာ ပေါ်က ရေအားလုံးကိုသာ တစ်ချိန်တည်းမှာ ပို့လွှတ်လိုက်မယ်ဆိုရင် ကမ္ဘာ့မျက်နှာပြင်အထက်အမြင့်သုံးကီလိုမီ တာကျော်အထိ ရေလွှမ်းသွားပါလိမ့်မယ်။

ဒီရေတွေရဲ့ ၉၇ ရာခိုင်နှုန်းကျော်ဟာ သမုဒ္ဒရာထဲမှာရှိနေတာ ဖြစ်ပါတယ်။ ကျန်တဲ့ ကုဗကီလိုမီတာ ၃၇ သန်း သော ရေတွေဟာ ရေချိုတွေဖြစ်ပေမယ့်လည်း ရေခဲတောင်ထိပ်တွေနဲ့ ရေခဲပြင်တွေထဲမှာ ပိတ်မိနေတာကြောင့် အများစုကို အသုံးပြုလို့မရပါဘူး။ လက်ရှိခန့်မှန်းထားချက်တွေအရတော့ ရေကုဗကီလိုမီတာ ရှစ်သန်းလောက် ဟာ အတော်လေး အလှမ်းဝေးတဲ့ မြေအောက်ရေတွေထဲမှာရှိနေပြီး သုည ဒသမ ၁၂၆ သန်းကိုတော့ ရေကန် တွေ၊ စမ်းချောင်းတွေထဲမှာ ထိန်းသိမ်းထားပါတယ်။

ရေဟာလည်း ကျောက်မီးသွေး၊ ရေနံ၊ သံ ဒါမှမဟုတ် မြေဆီလွှာတွေလို သဘာဝ သယံဇာတတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ရေနဲ့ တခြားသဘာဝအရင်းအမြစ်တွေမှာ ကွာခြားမှု အများကြီးရှိပါတယ်။ ပထမအချက်ကတော့ ရေဟာ ရွေ့လျားနိုင်ပါတယ်။ ဒုတိယအချက်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ပမာဏစုစုပေါင်းဟာ တစ်သမတ်တည်းဖြစ်ြပီး တိုးလို့လည်းမရသလို လျှော့လို့လည်းမရပါဘူး။ တတိယအချက်ကတော့ လူသားတွေ အသက်ရှင်သန်ဖို့အတွက် ရေဟာ မရှိမဖြစ်လိုအပ်တာပါပဲ။ လူသားတွေ ရေကို သဘာဝအလျောက် လိုအပ်မှုဟာ အသင့်အတင့်သာ ဖြစ် ပါတယ်။ တစ်နေ့ကို ရေခွက်နဲ့အပြည့် တစ်ဒါဇင်လောက်ဆိုရင် လုံလောက်ပါတယ်။ ဒါတောင် ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ခက်ခဲတဲ့ နေရာတွေ ကမ္ဘာပေါ်မှာ အများကြီးရှိပါတယ်။ သဲကန္တာရဒေသတွေက မိုးရေချိန်ဟာ တစ်နှစ်မှာ မီလီမီတာအနည်းငယ်သာ ရတဲ့အထိ အကန့်အသတ်ရှိနေပါတယ်။ ဒါ့ပြင် မိုးရွာမယ့် အချိန်ကိုလည်း မှန်းလို့မရနိုင်သလို ရွာပြန်တော့လည်း ရက်အနည်းငယ်ပဲ ရွာတာဖြစ်ပါတယ်။ ရေကို တခြားနည်းလမ်းနဲ့သာ မရယူနိုင်ဘူးဆိုရင် အဲဒီဒေသတွေမှာ အသက်ရှင်သန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါပေမဲ့လည်း ရေကြောင့် စိတ်ဖိစီးနေရတဲ့ ဒီကနေ့ကမ္ဘာကြီးမှာတော့ အသက်ရှင်သန်ဖို့ဆိုတာဟာ အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး။ အိမ်သုံးအတွက်၊ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးတွေအတွက် ရေကို လိုအပ်ပါတယ်။ ကမ္ဘာ့နေရာတိုင်းမှာ သောက်ဖို့၊ အဝတ်လျှော်ဖွပ်ဖို့နဲ့ ချက်ပြုတ်ဖို့စတဲ့ အိမ်သုံးလိုအပ်ချက်တွေကို ပြည့်မီအောင် အကြမ်းဖျင်းအားဖြင့် လူတစ်ဦးအတွက် တစ်နေ့ ရေလီတာ ၁ဝဝနှုန်းအောက်လောက် လိုအပ်ပါတယ်။ အဲဒီပမာ ဏဟာ လူတစ်ဦးစီ ရေတစ်ခါချိုးစာ ပမာဏလောက်ဖြစ်ပါတယ်။ ဒီအထဲမှာမှ သောက်ဖို့လိုတာက ရေတစ်လီ တာတည်း ဖြစ်ပါတယ်။ တစ်နေ့ ရေလီတာ၁ဝဝ သုံးတာဟာ လူတစ်ယောက် တစ်နှစ်ကို ရေ ၃၅ကုဗမီတာ လောက်သုံးတာနဲ့ ညီမျှပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ယောကျာ်း၊ မိန်းမ၊ ကလေးတိုင်းကို တစ်နေ့ရေလီတာ ၁ဝဝ ဖြည့်ဆည်းပေးမယ်ဆိုရင် လူဦးရေသန်းငါးထောင်အတွက် ရေကုန်ကျမှုဟာ တစ်နှစ်ကိုရေလီတာ သန်းထောင် ပေါင်း ၁၈ဝ,ဝဝဝ သို့မဟုတ် ကုဗကီလိုမီတာ ၁၈ဝ ဖြစ်ပါလိမ့်မယ်။ ရေကုဗကီလိုမီတာပေါင်း ၆,ဝဝဝ နီးပါးကို နှစ်စဉ် စီးဆင်းပေးနေတဲ့ အမေဇုန်မြစ်တစ်စင်းတည်းနဲ့တင် ကမ္ဘာ့လူဦးရေရဲ့ ရေလိုအပ်ချက်ကို လက်ရှိထက် အဆ ၃ဝ ကျော် ထောက်ပံ့ပေးနိုင်ပါတယ်။

ညစ်ညမ်းမှုမရှိတဲ့ သောက်သုံးရေကို ထောက်ပံ့ပေးနိုင်ဖို့နဲ့ လူသားတွေရဲ့ စွန့်ပစ်အညစ်အကြေးတွေကို ကျန်းမာ ရေးနဲ့ ညီညွတ်အောင် စွန့်ပစ်ရေးဟာ ကျန်းမာရေးအတွက် အခြေခံကျပါတယ်။ ရေညစ်ညမ်းမှုဟာ မျှဝေသုံးစွဲတဲ့ မြစ်တွေ၊ ချောင်းတွေနဲ့ ပင်လယ်တွေကနေတစ်ဆင့် တစ်နေရာက တစ်နေရာကို ကူးစက်သွားပါတယ်။ မသန့်ရှင်း တဲ့ သောက်သုံးရေနဲ့ အာဟာရချို့တဲ့မှုကြောင့် ဖြစ်ပွားတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ခန့်မှန်းခြေလူဦးရေ သန်း ၆ဝ လောက် သေဆုံးခဲ့ကြပြီး ကပ်ဘေးသင့်သူအများစုဟာ ကလေးတွေဖြစ်ကြပါတယ်။

ဆည်ရေပေးလုပ်ငန်းတွေဟာ အခုအချိန်အထိတော့ ရေသုံးစွဲမှုအများဆုံးဖြစ်ပြီး အလျင်မြန်ဆုံး တိုးပွားလာနေပါ တယ်။ အပင်တွေ ကြီးထွားစဉ်တစ်လျှောက်မှာ ရေပမာဏအမြောက်အမြားကို အသုံးပြုကြပါတယ်။ခြောက်သွေ့ တဲ့ အခြေအနေမှာဆိုရင် အပင် တစ်မက်ထရစ်တန် ကြီးထွားဖို့အတွက် ရေကုဗမီတာ ၁,ဝဝဝ လောက် လိုအပ် ပါတယ်။ ဆည်ရေပေးလုပ်ငန်းတွေအတွက် အသုံးပြုတဲ့ ရေပမာဏဟာ ဒီရာစုနှစ်မှာ ဆယ်ဆမြင့်တက်လာခဲ့ပြီး ဆည်ရေပေးလုပ်ငန်းတွေကို ပိုပြီးပိုပြီး နေရာတိုးချဲ့ဖို့ အသေးစိတ်စီမံကိန်းတွေကိုလည်း ပြုလုပ်နေကြဆဲဖြစ် ပါတယ်။ အသုံးပြုတဲ့ ရေပမာဏစုစုပေါင်းကို တွက်ချက်ရတာကတော့ ရိုးရှင်းပါတယ်။ အိမ်သုံး၊ စက်မှုလုပ်ငန်း သုံး၊ အအေးခန်းလုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ အသုံးပြုတဲ့ရေ ၅၆၅ ကုဗကီလိုမီတာကို ဆည်ရေပေးလုပ် ငန်းတွေမှာ သုံးတဲ့ ရေ ၃,၃ဝဝ ကုဗကီလိုမီတာနဲ့ ပေါင်းပြီးတွက်ချက်ရမှာပါ။ အကွဲအလွဲအနည်းငယ်ရှိနိုင်ပေမယ့် အဖြေကတော့ တစ်နှစ်ကို ရေကုဗကီလိုမီတာ ၄,ဝဝဝ ဖြစ်ပြီး အားထားသုံးစွဲလို့ရတဲ့ ရေစုစုပေါင်းရဲ့ ၄၄ ရာခိုင် နှုန်းခန့်နဲ့ ညီမျှပါတယ်။

၁၉၄ဝ ပြည့်နှစ်မှာတော့ စုစုပေါင်းရေသုံးစွဲမှုဟာ တစ်နှစ်ကို ကုဗကီလိုမီတာ ၁,ဝဝဝ လောက်ရှိခဲ့ပါတယ်။ ၁၉၆ဝ ပြည့်နှစ်မှာတော့ နှစ်ဆမြင့်တက်လာခဲ့ပြီး ၁၉၉ဝပြည့်နှစ်မှာ တစ်ဖန် နှစ်ဆဖြစ်လာခဲ့ပြန်ပါတယ်။ တိုးပွားလာတဲ့ ရေလိုအပ်မှုမှာ အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။ တစ်ခုကတော့ လူဦးရေများလာလို့ ရေကို ပိုသုံးစွဲလာကြတာဖြစ်ပါ တယ်။ နောက်တစ်ချက်ကတော့ လူတွေဟာ ရေကိုသူတို့သုံးနေကျထက် ပိုပြီးသုံးကြတာပဲ ဖြစ်ပါတယ်။

ရေဟာ သက်ရှိအားလုံးရဲ့ မြစ်ဖျားခံရာ အရင်းအမြစ်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ကို သတိရစေပါတယ်။ ဒီ စာစုလေးကိုကြည့်ပါ။

”တစ်ဆက်တစ်စပ်တည်းရှိနေခဲ့တဲ့ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးကို ကျွန်ုပ်တို့က တကွဲတပြားစီ ဖြစ်အောင် ပိုင်းလိုက်ပြီးနောက် ရေကနေ သက်ရှိအားလုံးကို ဖန်တီးခဲ့တာဖြစ်ပါတယ်”

သက်ရှိအားလုံးကို ရေနဲ့ဖွဲ့စည်းထားပါတယ်။ ဒါမှမဟုတ် သက်ရှိအားလုံးဟာ ရေကနေ ပေါ်ပေါက်လာခဲ့တယ် လို့လည်း အဓိပ္ပါယ်ကောက်နိုင်ပါတယ်။ အနက်အဓိပ္ပါယ်တွေဟာ သိပ္ပံနည်းကျအချက်အလက်တွေနဲ့တော့ တစ်သဝေမတိမ်း ကိုက်ညီနေပါတယ်။ သက်ရှိတွေဟာ အမှန်တကယ်ကို ရေနေဇာတိဖြစ်ပြီး ရေဟာ သက်ရှိ ဆဲလ်တွေအားလုံးရဲ့ အဓိကပါဝင်ပစ္စည်းလည်း ဖြစ်ပါတယ်။ ရေမရှိဘဲနဲ့ သက်ရှိတွေဆိုတာလည်း မဖြစ်နိုင် ပါဘူး။ တခြား ဂြိုဟ်တစ်ခုအပေါ်မှာ သက်ရှိတွေရှိနိုင်ခြေကို ဆွေးနွေးရာမှာလည်း ”သက်ရှိတွေကို ထောက်ပံ့ ပေးဖို့ ရေပမာဏအလုံအလောက်ရှိရဲ့လား”ဆိုတာဟာ ပထမဆုံးမေးခွန်းဖြစ်ပါတယ်။

ရည်ညွှန်း

Peter J. Alister ရေးသားသော

Water for life

ဆောင်းပါးကို ဘာသာပြန်ဆိုထားပါသည်။

Related Post

Leave a Reply

Your email address will not be published. Required fields are marked *