ခြကောင်တွေ အငြိမ်းစားယူနည်း (၂) (ဝသန်/သတ္တဗေဒ)

ခြကောင်တွေ အငြိမ်းစားယူနည်း (၂) (ဝသန်/သတ္တဗေဒ)

ခြအလုပ်သမားတွေ အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ ကျောထက်မှာရှိတဲ့ ပုခုံးနှစ်ဖက်ပေါ်မှာ ကျောပိုး အိတ်နဲ့ ဆင်တူတဲ့ ကြည်လင်ပြတ်သားတဲ့ အပြာရောင်အလုံးကြီး (blue crystal chamber) တစ်ခုဟာ သူ့အလို လိုပေါ်လာပါတယ်။

အဲဒီအလုံးကြီးမှာ ကြေးနီဓာတ်ပါဝင်တဲ့ ဟေမိုစီရာနင်း (hemocyannin) လို့ ခေါ်တဲ့ ပရိုတင်းဓာတ် တစ်မျိုးဖြစ်ပါတယ်။

တိုက်ပွဲဖြစ်တဲ့အခါ သူတို့က အဲဒီအလုံးကြီးကို တံတွေးနဲ့ ပေါင်းစပ်လိုက်တယ်။ အဲဒီပေါင်းစပ်မှုက ဓာတု လက်နက်ဖြစ်ပေါ်စေပါတယ်။

ပေါင်းစပ်လိုက်တဲ့ ဓာတုလက်နက်ဟာ စေးကပ်တဲ့အရည်လိုဂျယ်လီ တစ်မျိုးဖြစ်ပြီး သူတို့က ပူဖောင်းလို ပြန့်ကားလာအောင် ဖိသိပ်လိုက်ပြီးတဲ့နောက်မှာ ဖောက်ခွဲပစ်လိုက်ပါတော့တယ်။

အဲ့ဒီအဆိပ်က သားကောင်ကို အပြင်းအထန် နာကျင်အောင်လုပ်ပစ်လိုက်နိုင်စွမ်းရှိပြီး အဆိပ်နဲ့ ထိသမျှ နေရာနဲ့ အထက်တစ်ဝိုက်မှာ အသားပုပ်သိုးသွားလောက်အောင် ဒဏ်ရာပြင်းထန်စေပါတယ်။ အဲဒီ ဓာတုအဆိပ် ဖော်မြူလာ (blue crystal substance) အပါအဝင် ခြအဆိပ်အာနိသင်နဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေကြား ထဲမှာ အခုထိ အဖြေရှာလို့ မရကြသေးပါဘူး။

အမေရိကန်နိုင်ငံ အိုရီဂွန်တက္ကသိုလ်က သုတေသီတွေ Researchers from Oregon University (USA) ကတော့ ခြတွေဟာ အသက်ကြီးလာတာနဲ့အမျှ ပါးစပ်ပေါက်တွေက (အမာတွေကို ကိုက်ရလွန်းလို့) ပါးသွားကြတယ်။

အဲဒီအချိန်မှာ သစ်ရွက်တွေကို ကိုက်ဖြတ်တဲ့ အလုပ်အစား သူတို့ဟာ သစ်ရွက်သယ်တဲ့ အလုပ်လိုမျိုး တခြား အလုပ်တွေကို ပြောင်းလုပ်လာကြတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် သစ်ရွက်တွေကို ကိုက်ဖြတ်ပေးကြတဲ့ သူတို့ကို ခြနိုင်ငံရဲ့ ခြံရှင်တွေလို့လည်း ခေါ်ကြပါတယ်။ သူတို့က သူတို့ခန္ဓာကိုယ်ထက် အဆ၅ဝလောက်ပိုကြီးတဲ့သစ်ရွက်တွေကို ကိုက်ဖြတ် သယ်ဆောင်နိုင်ကြ ပါတယ်။

ခြနိုင်ငံဆီကို သစ်ရွက်တွေ သယ်ဆောင်တဲ့အခါ သင့်တင့်တဲ့ ပတ်ဝန်းကျင် အပူချိန်နဲ့ လေထုအတွင်း စိုထိုင်းမှုပမာဏကို ချိန်ညှိပေးတဲ့ လုပ်ဆောင်ချက် တစ်ခုပါဝင်ပြီး အဲဒါက သစ်ရွက်တွေကို မှိုစွဲစေတယ်။ ဒါမှနောက်ဆုံးမှာ သယ်ဆောင်လာတဲ့ သစ်ရွက်ကသူတို့အတွက် စားလို့ရတဲ့ အနေအထားကို ရရှိမှာ ဖြစ် ပါတယ်။

ဒါဟာ အလုပ်သစ်မှာ ခြအသိုက်အဝန်းထဲက သက်ကြီးအဖွဲ့ဝင်တွေ ဘယ်လိုဆက်ပြီး ရှင်သန်ရပ်တည် နိုင်ကြတယ်ဆိုတဲ့ ကျွန်တော်တို့အတွက် အကောင်းဆုံးစံနမူနာပဲဆိုပါတော့။ ဒါတင်မကသေးပါဘူး။ သူတို့ အသိုက်အဝန်းရဲ့ အဖွဲ့ဝင်တွေက သူတို့ တာဝန်ဆက်လက် ထမ်းဆောင်နိုင်အောင်လို့ သူတို့ရဲ့ အနေအထားကို ပြောင်းလဲပေးလိုက်တာတွေလည်း ရှိတယ်လို့ သူတေသီတွေက ထောက်ပြကြပါတယ်။

ဒီလို ပြောင်းလဲလိုက်ရတာကြောင့် သူတို့ရဲ့ ကျွမ်းကျင်မှုအချို့ ဆုံးရှုံးသွားခဲ့တာတောင်မှ သူတို့ရဲ့ အသိုက်အဝန်းမှာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ကြပါတယ်။

ကျွန်မတို့ရဲ့ စကြဝဠာကြီးမှာ ဒီလိုနည်းလမ်းမျိုးရှိဖို့ပါတယ်။ ကျွန်မတို့ဟာ ခြလို့ခေါ်တဲ့ ပုရွက်ဖြူတွေ လိုပဲ အငြိမ်းစားယူပြီးတာတောင်မှ ပူးပေါင်းပါဝင်နိုင်အောင် ပြောင်းလဲပေးနိုင်ဖို့ လိုပါတယ်။ အငြိမ်းစားယူတယ် ဆိုတာ နားလိုက်တာလို့ မခေါ်ပါဘူး။ အလုပ်ပြောင်းလုပ်လိုက်တာလို့ပဲ ခေါ်ပါတယ်။ ငှက်တွေက သူတို့ အသက် ကြီးလာပြီ။ မပျံတော့ဘူးလို့ ဘယ်တော့မှပြောလေ့မရှိပါဘူး။ သစ်ပင်တွေကလည်း သူတို့ အိုလာပြီ။ အသီးမသီး ပေးတော့ဘူးလို့ မပြောပါဘူး။

သက်ရှိသက်မဲ့တွေဟာ ပတ်ဝန်းကျင် ပုံစံအသစ်မှာ လိုက်လျောညီထွေ နေတတ်ဖို့လိုသလို လိုက်လျော ညီထွေမှုမရှိတော့တဲ့ ပုံစံဟောင်းကို ပြောင်းလဲပြင်ဆင်ပြီး ကျွန်မတို့ရဲ့ ကမ္ဘာကြီးကို ပိုမိုအကျိုးပြုနိုင်ဖို့ နည်းလမ်း အသစ်တွေ ရှာကြံနေရဦးမှာပါ။

သက်ရှိကမ္ဘာကြီးက ဆက်လက်လည်ပတ်နေဦးမှာပါပဲ။ နေမင်းကြီးကလည်း သက်ရှိတွေ ပျက်သုဉ်း သွားတဲ့အထိ ကျွန်မတို့ ဆက်ပြီး ပြုံးပျော်ရယ်မောနိုင်ဖို့ သူ့ရဲ့ အပူရှိန်နဲ့ အလင်းရောင်ကို ဆက်ပေးနေဦးမှာပဲ။ ဒါကြောင့် လူရယ်လို့ဖြစ်လာပြီဆိုရင် မိမိရဲ့ အလုပ်အကိုင်နဲ့ စီးပွားရေးလုပ်ငန်းဆောင်တာတွေကို လုပ်နိုင်သ လောက် ကျွန်မတို့ အစွမ်းကုန် ရှေ့ဆက်လုပ်သွားဖို့နဲ့ အထူးသဖြင့် ပရဟိတလုပ်ငန်းတွေမှာ တတ်နိုင်သ လောက် ဝင်ရောက်လုပ်ကိုင်ပေးဖို့ လိုပါတယ်။ အထက်က ပြောခဲ့သလို အငြိမ်းစားယူပြီး တာဝန်ကနေ ကျော ခိုင်း ထွက်ခွာသွားတာမျိုးတွေ မလုပ်သင့်ပါဘူး။

အခုပဲ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားပြီး သက်ကြီးဝါကြီးတွေရဲ့ ဘဝနေထိုင်မှုတွေကို ပြန်လည် ဆန်းစစ်ကြည့်ကြပါစို့။

ရည်ညွှန်း

Nuh Ozdin ရေးသားသော

Termites and Retirement

ဆောင်းပါးကို ဘာသာ ပြန်ဆိုထားပါသည်။

Related Post

Leave a Reply

Your email address will not be published. Required fields are marked *