စိတ်မတည်ငြိမ်ဖြစ်နေချိန်မှာ အကောင်းဘက်ကနေထိုင်နိုင်မယ့် နည်းလမ်းဆယ့်နှစ်သွယ် (နှင်းယုလွင်/စိတ်ပညာ)

စိတ်မတည်ငြိမ်ဖြစ်နေချိန်မှာ အကောင်းဘက်ကနေထိုင်နိုင်မယ့် နည်းလမ်းဆယ့်နှစ်သွယ် (နှင်းယုလွင်/စိတ်ပညာ)

တစ်ခါတစ်ရံမှာ လူတိုင်းဟာ စိတ်ဆိုးခြင်း၊ စိတ်တိုခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်းတွေကို ကြုံရတတ် လေ့ရှိပါတယ်။ အဲဒီလိုကြုံတဲ့အခါမှာ သင်လည်း စိတ်လိုက်မာန်ပါ လုပ်မိသွားနိုင်ပါတယ်။ အဲဒီအခါမှာ အမှား လုပ်မိကောင်း လုပ်မိနိုင်ပါတယ်။ အဲဒီလိုဆိုးဝါးတဲ့ အခြေနေနဲ့ သင်ကြုံနေစဉ်မှာ သင့်အနေနဲ့ အကောင်းဆုံးနေ ထိုင်နိုင်မယ့် အောက်ဖော်ပြပါနည်းလမ်းဆယ့်နှစ်သွယ်က သင့်ကို အကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

(၁)     သင့်စိတ်တွေ မတည်ငြိမ်မချင်း လုံးဝမတုံ့ပြန်ပါနဲ့။ တကယ်လို့ သင့်စိတ်တွေ လုံးဝတည်ငြိမ်သွားပြီ ဆို တာ သင်သေချာမသိသေးဘူးဆိုရင်တောင်မှ မတုံ့ပြန်လိုက်ပါနဲ့ဦး။ ပထမဆုံးလုပ်ရမှာက သင့်စိတ်ကို အရင်ဆုံး တည်ငြိမ်သွားအောင် အချိန်ယူပေးပါ။

(၂)     ပထမအဆင့်အနေနဲ့ စိတ်ကို လျှော့ချနိုင်ဖို့အတွက် အသက်ကို ပြင်းပြင်းရှူပါ။

(၃)     တင်းမာနေတဲ့ အခြေအနေကို လျှော့ချနိုင်ဖို့ အတွက် ညင်သာစွာ စကားဆိုပါ။

(၄)     ဆိုးဝါးနေတဲ့ အခြေအနေမှာတောင် အခွင့်လမ်းကောင်းတွေကို သင်ရှာတွေ့နိုင်တယ်ဆိုတာကို သဘော ပေါက်ပါလေ။ ”ခက်ခဲတဲ့အခြေအနေတိုင်းရဲ့ အလယ်ဗဟိုတွေမှာ အခွင့်အလမ်းကောင်းတွေ ကိန်းအောင်းနေ တယ်”လို့ အဲလ်ဘတ်အိုင်းစတိုင်းက ဆိုပါတယ်။

(၅)     မိမိတိုးတက်ရာ တိုးတက်ကြောင်း လုပ်နိုင်ဖို့အတွက် ကိုယ့်ကို လူတွေက ဘယ်လိုပြောဆိုနေကြတယ် ဆိုတဲ့ အကြောင်းအရာတွေထဲက ကောင်းမွန်တဲ့အကြောင်း တစ်စုံတစ်ရာကို တွေ့လိုတွေ့ငြား ကြည့်တတ်ပါ စေ။ ကိုယ်နဲ့ပတ်သတ်တဲ့ အကြောင်းအရာ မှတ်ချက်တွေ အကုန်လုံးကိုတော့ ပယ်ချမပစ်လိုက်ပါနဲ့။

(၆)     ကိုယ့်အပေါ်ကို မကောင်းမြင်နေတဲ့ ကျန်တဲ့မှတ်ချက်တွေကိုသာ လက်သင့်မခံဘဲ ရိုးသားစွာ လျစ်လျူ ရှူထားလိုက်ပါ။

(၇)     အပျက်သဘောဆောင်တဲ့ သူတစ်ပါးအပေါ်မှာထားတဲ့ သင့်ရဲ့ခံစားချက်တွေက သူတစ်ပါးကို မဟုတ်ဘဲ သင့်ကိုပဲ နာကျင်စေလိမ့်မယ်ဆိုတာကို သတိပြုပါ။ ဒါကြောင့် အဆိုးဘက်ကို ခံစားနေဖို့ မလိုပါဘူး။

(၈)     လူတွေအပေါ်မှာ အကောင်းမြင်တတ်တဲ့စိတ်ကို အမြဲတမ်း ထိန်းသိမ်းထားပါ။ သူတို့ရဲ့ အပြောအဆို၊ အပြုအမူတွေကို သင်မနှစ်သက်တာမျိုး ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီအချက်ကြောင့် သူတို့ကို ပုဂ္ဂိုလ် ရေးအရ မုန်းတီးဖို့ မလိုပါဘူး။

(၉) အမှားလုပ်မိသွားရင် ဖွင့်ဟဝန်ခံပါ။

(၁၀)    တကယ်လို့ သင်အမှားလုပ်မိသွားပြီဆိုရင်လည်း ဂျော့ဘားနတ်ရှောရဲ့ အဆိုကို သတိရလိုက်ပါ။”ဘဝမှာ ဘာမှမလုပ်ဘဲ အမှားတွေလုပ်ပြီး နေတာကမှ ပိုပြီးသိက္ခာရှိဦးမယ်၊ ဒါတွင်မက အလဟဿမဖြစ်ဘဲ ပိုပြီးတော့ တောင် အကျိုးရှိနေပါသေးတယ်။”

(၁၁)    ဖြစ်နိုင်ရင် အတွေးအခေါ်ကောင်းတွေထည့်သွင်းပေးနိုင်မယ့် ဂီတသံတွေကို နားဆင်ခံစားပါ။

(၁၂)    သင့်ကို အားပေးနိုင်မယ့် အကောင်းမြင်ဝါဒသမား မိတ်ဆွေတွေနဲ့ စကားစမြည်ပြောပါ။

12 Tips to stay positive in Negative Situations မှ ကောက်နုတ်ထားပါသည်။

Related Post

အရှင်မြတ်၏မေတ္တာ (အပိုင်း-၁)

အရှင်မြတ်၏မေတ္တာ (အပိုင်း-၁)

ကျွန်ုပ်တို့၏ စိတ်နှလုံးများ၌ အာဃာတ၊ ရန်လိုမုန်းတီးစိတ်၊ အမုန်းပွား လိုစိတ်များ ထိန်းမရအောင် လွှမ်းမိုးနေသော ဤငြီးငွေ့ဖွယ်ရာ အမင်္ဂလာများ နှင့် ပြည့်နေသည့် ခေတ်တွင် မေတ္တာကရုဏာ နှင့်…

Leave a Reply

Your email address will not be published. Required fields are marked *