နာမ်ရေးရာခေါင်းဆောင်

နာမ်ရေးရာခေါင်းဆောင်

            ဆရာကြီးဂူလန်၏စေ့ဆော်မှုကြောင့် ပေါ်ပေါက်လာသည့် လူမှုရေးအစီအစဉ်များနှင့် အသင်းအဖွဲ့များ စွာတို့က သူ၏အတွေးအခေါ်နှင့် ပတ်သက်၍ မြောက်များစွာရေးသားခဲ့ပြီးပြီ။ တချို့ကျောင်းအတွက် သင်ကြား မှုစနစ်၏ အခြေခံဖြစ်သော သူ၏ပညာရေးသီအိုရီကို ဂူလန်အမည်ဖြင့် ထူထောင်ပြီး ဂူလန်၏အတွေးအခေါ်ကို မြတ်နိုးသော ပုဂ္ဂိုလ်များကိုယ်တိုင် စီမံခန့်ခွဲသောပညာရေးဆိုင်ရာလုပ်ငန်းများကို လေ့လာဆန်းစစ်ကြသည်။

အခြားသူတို့ကမူ လူမှုရေးအပြောင်းအလဲများကိုဖန်တီးပေးနိုင်မည့် လူမှုလှုပ်ရှားမှုဆိုင်ရာလုပ်ငန်းများ၏ နောက်ကွယ်၌ရှိသော အတွေးအခေါ်စက်ကွင်းပမာ သဘောထားနိုင်သည့် ဂူလန်၏အမြင်ကို အလေးအနက် ထားကြသည်။ တူရကီမှာဖြစ်စေ၊ ကမ္ဘာအနှံ့ရှိ မွတ်စလင်ထု၌ဖြစ်စေ၊ ယေဘုယျအားဖြင့် ခေတ်သစ်ကမ္ဘာ၌ ပြောင်းလဲမှုများရှိနေ၏။ တချို့ကလည်းဂူလန်၏ဖိတ်ခေါ်ချက်ဖြစ်သော မေတ္တာ၊ ရင်းနှီးမှု၊ သဘောထားကြီးမှုနှင့် ၎င်းတို့၏အကျိုးဆက်အဖြစ်ပေါ်လာမည့် ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးရေးကို အစ္စလာမ်၏မရှိမဖြစ်လိုအပ် သော တာဝန်ကဲ့သို့ သဘောထားကြသည်။

ဤစာတမ်းတွင် ကျွန်တော်က ဂူလန်၏အတွေးအခေါ်ကို တခြားရှုထောင့်အမြင်တစ်ခုဖြင့် အာရုံစိုက်စေ ရန် တင်ပြလိုသည်။ ၎င်းမှာ ရေရှည်တွင် သူ့အတွေးအခေါ်ဩဇာလွှမ်းသည့် နယ်ပယ်ကျယ်ပြန့်လာသည်ကို သက်သေထူလိမ့်မည်ဟူသောအချက်ဖြစ်သည်။ ဤသည် အစ္စလာမ့်ကောင်းမှုအပေါ်အခြေခံသော ဆရာသမား တစ်ဦးနှင့်နာမ်ရေးရာ ခေါင်းဆောင်တစ်ဦးဖြစ်စေသော သူ၏အခန်းကဏ္ဍဖြစ်သည်။ မွတ်စလင်တိုင်းကို လမ်း ညွှန်ရာတွင် သူ၏အကြံဉာဏ်သည် နာမ်ရေးရာခေါင်းဆောင်တစ်ဦးပမာ ဆောင်ကြဉ်းပေးပြီး သူ၏တပည့်များ၌ လူမှုအသိုင်းအဝိုင်းတွင် အလုပ်လုပ်မည့်လှုပ်ရှားမှုများ ဖွဲ့စည်းပေးနိုင်ခြင်းပင် ဖြစ်ပါသည်။

ကျောင်းသားများမှသည် စီးပွားရေးသမားများ အရည်အချင်းပြည့်ဝသော လူငယ်များ၊ တူရကီ၊ အရှေ့ အာရှနှင့် တခြားနေရာဒေသများမှ ထောင်ပေါင်းများစွာသော လူတို့က ဖသ်ဟွလ္လာဟ်ဂူလန်ကို နာမ်ရေးရာဆရာ ကြီးအဖြစ် ရှုမြင်သုံးသပ်ကြသည်။ ဆရာကြီး၏သွန်သင်မှုအမြော်အမြင်နှင့် အကြံဉာဏ်များသည် အစ္စလာမ့် အစဉ်အလာ၌ အမြစ်တွယ်လျက် ခေတ်သစ်ကမ္ဘာရှိ မွတ်စလင်တို့၏ဘဝကို ပုံဖော်ပေးပြီး အစ္စလာမ်က နား လည်သဘောပေါက်စေသည်။ ဤသည် အသိအမှတ်ပြုပြီး ဂုဏ်ပြုလေးစားသောအားဖြင့် သူ၏တပည့်များက သူ့ကို ဟိုဂျာအဖ္ဖန်ဒီဟု ခေါ်ဆိုကြသည်။ ဆရာကြီး သို့မဟုတ် လေးစားရသောဆရာဟု အဓိပ္ပါယ်ရသည်။

သူ၏သင်ကြားမှုနှင့် လမ်းညွှန်မှုရှုထောင့်ကို သူ့အတွေးအခေါ်၌ “ဆူဖီလုပ်ရပ်”ဟု မကြာခဏ ရည်ညွှန်း လေ့ရှိသည်။ ဆရာကြီးနှင့်ဆူဖီဝါဒ မည်သို့ဆက်နွယ်နေကြောင်းကို ပညာရှင်များစွာက ဆွေးနွေးထားပြီးဖြစ် သည့်အတွက် ဤနေရာတွင် ထပ်မံတင်ပြရန် မလိုအပ်ပေ။ ဇကီစရီတိုပရက် (Zeki Saritoprak)၏ အမြင်အရ “ဂူလန်သည် သူ၏ကိုယ်ပိုင်လမ်းစဉ်သာ ကျင့်ကြံသည့်ဆူဖီတစ်ဦး ဖြစ်သည်။”၎င်းကို ဖဇ်လုရဟ်မာန် (Fazlur-Rahman)က စကားလုံးသစ်တစ်ခုဖြင့် ဖော်ပြခဲ့သည်။

ဆူဖီဝါဒ၏သဘောထားနှင့် ရည်ရွယ်ချက်တို့ကိုရှင်းပြသည့်နေရာတွင် စအီးဒ်နူရ်စီနှင့် ဂူလန်တို့၏လုပ် ဆောင်ချက်အရ “ခေတ်သစ်ဆူဖီ”ဟု ခေါ်လိုသည်။ သို့သော် သူတို့က မည်သည့် တွရီကာ (ကျင့်စဉ်)နှင့် ပီးရ် (နာမ်ခေါင်းဆောင်ဘွဲ့)ကိုမျှမခံယူကြချေ။ ဟီယွန်ကီမ်း၏အသုံးအနှုန်းအရ ဂူလန်၏နည်းစနစ်လမ်းစဉ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများမှာ “တွေ့ဆုံဆွေးနွေးမှုကို အခြေခံသောဆူဖီဝါဒ” သို့မဟုတ် “လူသားဆန်မှုကို အခြေ ခံသော ဆူဖီဝါဒ”ပင် ဖြစ်သည်။ ရီဖသ်အတေး (Rifat Atay)ကမူ တမန်တော်မြတ်နောက်ပိုင်း တစ်ရာစုအတွင်း မဒီနာမြို့၌ ပေါ်ပေါက်ခဲ့ပြီး လုံ့လဝီရိယရှိသော သူတော်ကောင်းတို့၏အဦးဆုံးဆူဖီလမ်းစဉ်ကို ဂူလန်က ပြန် လည်အသက်သွင်းပေးခြင်း ဖြစ်သည်။

မွတ်စဖာ ရူခ်ကျီးခ် (Mustafa Gokcek) က “၁၉၉၀အထိ ဆရာကြီးက ဆူဖီအကြောင်းမရေးခဲ့ကြောင်း၊ သူ့အသက်၅၀ကျော်မှ စတင်ရေးသားကြောင်း” မှတ်တမ်းတင်ခဲ့သည်။ သူ၏အစောပိုင်း ဟောပြောချက်များနှင့် အရေးအသားများမှာအစ္စလာမ့်ယုံကြည်မှုဆိုင်ရာ အခြေခံများနှင့် ကိုယ်ကျင့်တရား ရေးရာညွှန်ကြားချက်များ အပေါ်သာ အဓိကအာရုံစိုက်ခဲ့သည်။သို့သော် သူပေးသည့် ဥပမာများ၌ ရှေးခေတ်သူတော်စင်များ၏ ဘဝများ ပါဝင်သည်။

မည်သို့ဆိုစေ ၁၉၉၀တွင် ဂူလန်က ဆီဇီန့်တီ (The Fountain) လစဉ်ထုတ်မဂ္ဂဇင်း၌ ဆူဖီလမ်း စဉ်ဆိုင်ရာ ကွဲပြားခြားနားသော သဘောထားကို ဆောင်းပါးအဖြစ် စတင်ထည့်သွင်းဖော်ပြခဲ့သည်။ ၎င်းတို့ အားလုံးကို စုစည်း၍ “ဆူဖီဝါဒကျင့်သုံးခြင်း၌လိုသောသဘောထားသော့ချက်များ”(Key Concepts  in the Practice of Sufism) ဟု အတွဲနှစ်တွဲပါသော စာအုပ်ကို အင်္ဂလိပ်လို ထုတ်ဝေဖြန့်ချီခဲ့သည်။

Thomas Michel

Peace And Dialogue In A Plural Society

Related Post

မိမိကိုယ်ကိုနှိမ့်ချတတ်သူ

မိမိကိုယ်ကိုနှိမ့်ချတတ်သူ

မိမိကိုယ်ကိုနိမ့်ချတတ်သူသည်သာ စစ်မှန်သော စေတနာဖြူစင်မှုဖြင့် လုပ်ဆောင်နိုင်သူဖြစ်သည်။ ဂူလန်ရှင်းပြသကဲ့သို့ မိမိကိုယ်ကိုနိမ့်ချသူများ မိမိတို့၏ကြိုးပမ်းမှုကြောင့်ထွက်ပေါ်လာသည့် အကျိုးကျေးဇူးများ ကို မိမိတို့ကြောင့် ထိုသို့အောင်မြင်သည်ဟု မမှတ်ကြပေ။ သူတို့၏ကြိုးပမ်းမှုနှင့် အောင်မြင်မှုများကြောင့် တခြား…

Leave a Reply

Your email address will not be published. Required fields are marked *