နှုတ်ထွက်စကားနှင့် ပြောဆိုဟန်တို့၏စွမ်းပကား (ဖြူသွယ်နှင်း/အဖွင့်ဆောင်းပါး)

နှုတ်ထွက်စကားနှင့် ပြောဆိုဟန်တို့၏စွမ်းပကား (ဖြူသွယ်နှင်း/အဖွင့်ဆောင်းပါး)

“နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ” ဆိုပြီး မြန်မာဆိုရိုးစကားရှိပါတယ်။ နှုတ်ထွက်စကားဟာ မိတ္တဗလဋီကာ
ကျမ်းတစ်စောင်ဖြစ်သလို နှုတ်ထွက်စကားဟာလည်း အာဏာစက် ဖြစ်နေတတ်ပါတယ်။ ဒါကို ဥရောပတိုက်
သား ပညာရှင်ကြီး M. Fethullah Gulen က နှုတ်ထွက် စကားဆိုတာ လူတွေရဲ့ဓါးပဲလို့ တင်စားခဲ့ပါတယ်။

လူသားတွေဟာ ဓားသွားထက်ပိုထက်တဲ့ နှုတ်ထွက်စကားကို အသုံးချနိုင်စွမ်းရရှိထားပါတယ်။ နှုတ်ထွက်စကား ရဲ့အာဏာစက်ဟာ အရမ်းကိုကျယ်ပြန့်ပါတယ်။ စကားတစ်ခွန်းကြောင့် စိတ်အားငယ်ပြီး ညှိုးငယ်နေတဲ့သူကို ပြန်လည်လန်းဆန်းတက်ကြွစေနိုင်သလို ကြောက်စရာကောင်းလှတဲ့ စစ်ပွဲတစ်ပွဲကိုလည်းဖန်တီးပေးနိုင်ပါတယ်။

‘နှုတ်ထွက်စကားနှင့် ပြောဆိုဟန်တို့၏ စွမ်းပကား’ ဆိုတဲ့ စာအုပ်မှာ ဥရောပတိုက်သား ပညာရှင်တစ်ဦးဖြစ်တဲ့ ဂူလန်က နှုတ်ထွက်စကားဆိုတာ လူတွေရဲ့ဓားပဲလို့ ညွှန်းဆိုထားပါတယ်။

”နှုတ်ထွက်စကားရဲ့အလံကို ဝှေ့ရမ်းလိုက်တဲ့အခါတိုင်း အင်အားအကြီးဆုံး စစ်တပ်တွေဟာ ရှုံးနိမ့်သွားမှာ ဖြစ် ပြီး လူစုကွဲသွားကြမှာပါ။

”စစ်မြေပြင်မှာ မိန့်ခွန်းပြောနေတဲ့ အချိန်မှာတော့ အမြောက်ကျည်ဆံ ပေါက်ကွဲသံတွေဟာ ပျားတွေ တဝီဝီ မြည်နေသလောက်ပဲ ဖြစ်သွားပါလိမ့်မယ်”လို့ ဂူလန်က စကားရဲ့အစွမ်းကို ညွှန်းဆိုထားပါတယ်။

‘နှုတ်ထွက်စကားနှင့် ပြောဆိုဟန်တို့၏ စွမ်းပကား’ဆိုတဲ့ စာအုပ်ဟာ စကားပြောအတတ်ပညာ အကြောင်းဖြစ် သလို အဲဒီစာအုပ်ဟာလည်း သူ့ရဲ့ စကားပြောအတတ်ပညာနဲ့ပတ်သက်ပြီး ဆရာတစ်ဆူလို ကျွမ်းကျင်မှုကနေ ထွက်ပေါ်လာတာပါ။

ဖသ်ဟွလ္လာဟ်ဂူလန်ဟာ ပညာရေး၊ အပြန်အလှန်ဆွေးနွေးမှုတို့နဲ့ ပတ်သက်ပြီး အားပေးအားမြှောက်ပြုရာမှာ သူ့ ရဲ့ကျွမ်းကျင်မှုကြောင့် ပညာရှင်တစ်ဦးအဖြစ် ထင်ရှားပါတယ်။

ဒါ့ပြင် ကဗျာဆရာတစ်ဦးဖြစ်သလို စာများများရေးနိုင်တဲ့ စာရေးဆရာတစ်ဦးဖြစ်တဲ့အပြင် သူ့ရဲ့ထိမိတဲ့စကားလုံး ရွေးချယ်နိုင်စွမ်းနဲ့ ဟောတတ်ပြောတတ်တာတွေကြောင့်လည်း ပြိုင်ဘက်တွေထက်ပိုပြီး ကျော်ကြားပါတယ်။

နှုတ်ထွက်စကားဆိုတာ တကယ်မရှိတဲ့ အရာတွေကို အသက်သွင်းဖို့အတွက် တန်ခိုးရှင်ရဲ့ ဖောင်တိန်ကနေ စီး ကျလာတဲ့ ပထမဦးဆုံး မင်တစ်စက်ပဲ ဖြစ်တယ်လို့ စာအုပ်အဖွင့်မှာ ဘုရားသခင်နဲ့ ပတ်သက်တဲ့ သူ့ရဲ့အယူ အဆကို လှလှပပဖော်ပြထားပါတယ်။

ဖန်ဆင်းရှင်နဲ့ ဖန်ဆင်းခံကြားက လျှို့ဝှက်ဆန်းကြယ်တဲ့ ဆက်ဆံရေးဟာ ပြောစကားပဲ ဖြစ်ပါတယ်တဲ့။

ကျမ်းစာဟာ ပြောစကားနဲ့ပတ်သက်တဲ့ နမူနာတစ်ခုဖြစ်ပြီး ဘုရားသခင် ဒါမှမဟုတ် လူ့လောကနဲ့ဆိုင်တဲ့တခြား ပြောကြားချက်တွေလိုပဲ ထိမိပေါ်လွင်တဲ့ အရေးအသားတွေနဲ့ ရေးသားထားတယ်လို့ ဂူလန်က ထောက်ပြထား ပါတယ်။

”ကျမ်းစာမှာ စိတ်၊ နှလုံးသားနဲ့ဝိညာဉ်တွေကိုတစ်ခုချင်းစီ ဖော်ပြမထားပါဘူး။

”လူသားတွေရဲ့ စိတ်ခံစားချက်၊ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာတွေကို အားလုံးပေါင်းပြီး ဖော်ပြထားပါတယ်။

”ကျမ်းစာမှာ ပေးထားတဲ့ သတင်းစကားက လိုရင်းတိုရှင်းဖြစ်ပေမယ့် လူသားရဲ့ အပြင်ပိုင်းဆိုင်ရာနဲ့ အတွင်း ပိုင်းဆိုင်ရာကို တစ်ချိန်တည်းမှာ ဖော်ပြထားပါတယ်” ဂူလန်ဟာ စာဖတ်သူကို ညင်ညင်သာသာ လက်တွဲပြီး ခေါ်သွားသလို ပုံစံမျိုးနဲ့ နှုတ်ထွက်စကားရဲ့ခရီးကို ပုံဖော်ထားပါတယ်။ သူ့ရဲ့စကားလုံးတွေက ကလေးချော့ တေးလိုပဲ နူးညံ့ပြီး စိတ်ချမ်းမြေ့စေပါတယ်။

”ကျွန်တော်တို့အားလုံး ဒီလောကကြီးထဲကို နှုတ်ထွက်စကားနဲ့အတူ မျက်လုံးဖွင့်ပြီး ရောက်လာကြသလို ကလေးချော့တေးနဲ့ ကြီးပြင်းလာကြတာပါ။

”ပြီးတော့ နှုတ်ထွက်စကားရဲ့ စွမ်းပကားနဲ့ပဲ ကျွန်တော်တို့ လက်ရှိပိုင်ဆိုင်ထားတဲ့ဘဝကို ရလာကြတာပါ။

”အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေ အသက်ဆက်ရှင်ရဦးမယ်ဆိုရင် စကားတွေပြောနေရဦးမှာပါ။

”သေပြီဆိုရင်တော့လည်း စကားလုံးတွေလည်းမလို အသိပညာလည်း မလိုတော့ဘူးပေါ့။

”စကားလုံးတွေဟာ ထာဝရရှင်သန်ချင်တဲ့ သူတွေအတွက် အသက်ရှည်ဆေးတစ်ခွက်ဖြစ်သလို စကားပြောဆို တာ မရှိတော့ရင်လည်း လူဆိုတာ အသေကောင်လိုပါပဲ” ဒီစာအုပ်မှာ ဂူလန်ဟာ ဘာသာစကားနဲ့ ပတ်သက်ပြီး စနစ်တကျ စေ့စေ့စပ်စပ် ခြုံငုံသုံးသပ်ပြထားသလို စကားလုံးတွေဟာ ကြားခံတစ်ခုဖြစ်ပြီး စွမ်းအားရှိတယ်ဆို တာကိုလည်း ဖော်ပြပေးထားပါတယ်။

ဒီစာအုပ်မှာ ကြိုက်စရာ အကောင်းဆုံးအချက်ကတော့ ဘဝင်ခိုက်လောက်အောင် တင်ပြနိုင်စွမ်းတွေနဲ့ ပတ် သက်တဲ့အယူအဆတွေကို ဂူလန်က ထိထိမိမိ ရှင်းပြထားတာပဲ ဖြစ်ပါတယ်။

သူ့ရဲ့ ကိုယ်ပိုင် အရေးအသားပုံစံ၊ စကားလုံး ရွေးချယ်ဟန်တွေကနေတစ်ဆင့် လှပတဲ့အရေးအသားတွေကို ဘယ်လိုရေးလို့ ရသလဲဆိုတာကို ဂူလန်က ပြသထားပါတယ်။

သရုပ်ဖော်စကားလုံး၊ နိမိတ်ပုံ၊ တင်စားမှုနဲ့ သွယ်ဝိုက်ဖော်ပြထားပုံတွေကို အသုံးပြုလိုက်တဲ့အခါ ဒီစာအုပ်မှာ ရေးထားတဲ့ သူရဲ့စာပေလက်ရာဟာ သူဖော်ပြနေတဲ့အကြောင်းအရာနဲ့ ထင်မြင်ယူဆချက်တွေလောက်ကို အထင်ကြီးစရာကောင်းပါတယ်။

ဂူလန်ရဲ့ အမြင်အရ နိုင်ငံတစ်နိုင်ငံရဲ့ ဩဇာအာဏာဟာ စာပေနဲ့ အတွေးအခေါ်ရဲ့ စွမ်းအားနဲ့တိုက်ရိုက် အချိုး ကျပါတယ်တဲ့။

နိုင်ငံတစ်နိုင်ငံမှာ စကားခပ်ကြွယ်ကြွယ်နဲ့ စိတ်ဝင်စားစဖွယ် ပိုပြောနိုင်လေ သူတို့ပိုပြီး တွေးခေါ်နိုင်လေပါပဲလို့ ဂူလန်က ပြောပါတယ်။

များများတွေးခေါ်နိုင်လေ ပြောစကားရောက်နိုင်တဲ့ အတိုင်းအထွာကလည်း ပိုကျယ်လေပါပဲ။

ဂူလန်က နေရာတိုင်းမှာရှိတဲ့ လူတိုင်းကို ဒီအသိကိုလက်ဆင့်ကမ်းပေးဖို့ ကြိုးစားနေပြီး တွေးခေါ်ပြောဆိုမှုမရှိတဲ့ လူ့အဖွဲ့အစည်းဟာ သူတို့ကိုယ်စား ပြောဆိုပြီးတွေးခေါ်တဲ့ တခြားအဖွဲ့အစည်းကို ရှာတွေ့သွားလိမ့်မယ်လို့ လည်း သူက ကောက်ချက်ချထားပါတယ်။

ကိုယ့်ရဲ့အတွေးအခေါ်ကို စကားအဖြစ် မပြောင်းနိုင်တဲ့ သူတွေကို သူတို့ကိုယ်တိုင် စွမ်းဆောင်နိုင်စွမ်းမရှိတဲ့ ကျေးကျွန်တွေအဖြစ် ဂူလန်က ရည်ညွှန်းထားပါတယ်။

ဘာသာစကားနဲ့ အတွေးအခေါ်ကြား အဆက်အသွယ် ဆက်ပြီးတည်ရှိနေဖို့အတွက် ဟန်ချက်ညီဖို့လိုတယ်လို့ ဂူလန်က ပြောပါတယ်။

အရာအားလုံးကို ဟောင်းသွားရင် မေ့ပစ်ရမယ့်အရာလို့ သဘောမထားသင့်သလို အသစ်ဘက်ကို လုံးဝ မလှည့်ဘဲ အဟောင်းကိုပဲ ဖက်တွယ်ထားတာမျိုးလည်း မလုပ်သင့်ပါဘူး။

အတိတ်က အကြောင်းအရာတွေကိုလည်း အတတ်နိုင်ဆုံး လက်ခံရမှာဖြစ်သလို ရှေ့မှာဖြစ်လာမယ့် အပြောင်း အလဲတွေနဲ့ တိုးတက်မှုတွေကိုလည်း တစ်ချိန်တည်းမှာပဲအလေးထားရမယ်လို့ သူကပြောပါတယ်။

တစ်ယောက်အတွက် တစ်ယောက်က အနစ်နာခံရတာမျိုး မဖြစ်သင့်ပါဘူးတဲ့။

စကားအသုံးအနှုန်းတွေဟာ အစွမ်းအစမရှိတဲ့သူတွေရဲ့ လက်ထဲကို ကျရောက်နေတဲ့အတွက် အနာဂတ်မှာ အတွေးအခေါ်ကောင်းကို ဖန်တီးမယ့်သူတွေနဲ့ ဘာသာစကားပိုင်းမှာ ဆရာတစ်ဆူလို ဖြစ်နေတဲ့သူတွေဟာ စကားအသုံးအနှုန်းရဲ့ စွမ်းအားကို ကာကွယ်ဖို့နဲ့ လေးစားဖို့ သူတို့လုပ်နိုင်သမျှအရာအားလုံးကို လုပ်သင့်တယ် လို့လည်း ဂူလန်က ပြောပါတယ်။

”သူတို့ဟာ အတွေးအခေါ် အယူအဆတွေကိုတင်ပြရာမှာ တစ်သံတည်းထွက်ဖို့ လိုပါတယ်။

”ဒါမှ ကျွန်တော်တို့ ကိုယ်ပိုင်ကမ္ဘာရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်နိုင်မှာပါ။

”အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ နိုက်တင်းဂေးလ်ငှက်လေးရဲ့ တေးဆိုသံကို ကြားနိုင်ဖို့ မျှော်လင့်ထားတဲ့ နေရာမှာ ကျီးအာသံတွေကိုပဲ ကြားနေရပါလိမ့်မယ်။

”နှင်းဆီပန်းကို ခူးဆွတ်နိုင်ဖို့အတွက် သူ့ရဲ့ဆူးခက်ကို ကျော်ဖြတ်ရသလိုမျိုး အခက်အခဲတွေကနေ မကျော်လွှား နိုင်တော့ပါဘူး” ဂူလန်ဟာ ဘုရားသခင်အပေါ် သူ့ရဲ့ချစ်မေတ္တာကို စာဖတ်သူတွေကို ဖော်ပြရာမှာ သာမန် အချစ်ထက် ကျော်လွန်သွားပြီး သဘာဝနယ်လွန် ချစ်မေတ္တာမျိုးဖြစ်လာခဲ့တဲ့ ဆရာကြီးရူမီရဲ့ စကားအတိုင်း သံ ယောင်လိုက်ထားပါတယ်။

ရူမီရဲ့စိတ်ကို အဝေးလွင့်ထွက်သွားစေတဲ့ ပီတိဖြစ်စရာ လှပတဲ့ချစ်မေတ္တာကို ဖော်ပြရာမှာ ဂူလန်ဟာဆရာကြီး ရူမီရဲ့ ကဗျာတွေထဲက အချက်အလက်တချို့ကို ထည့်သွင်းထားပါတယ်။

”အချစ်မြင်းဟာ ကျွန်တော့်စိတ်နဲ့ နှလုံးသားကို ခေါ်ဆောင်သွားပါတယ်။

”ဘယ်နေရာကိုလဲဆိုတာတော့ မမေးပါနဲ့။ နေ့ညမရှိတဲ့နေရာ တစ်ခုကို ကျွန်တော် ရောက်သွားပါတယ်။

”ကမ္ဘာလောကဟာ ကမ္ဘာလောက မဟုတ်တော့တဲ့ လောကကို ရောက်သွားပါတယ်” ဂူလန်ရဲ့ ဒီစာအုပ်မှာ ရေး သားထားတဲ့ပုံစံကတော့ စိတ်ဝင်စားမှုနဲ့ စိတ်အားထက်သန်မှုကို ဖြစ်စေပါတယ်။

ပေါ်လွင်ထင်ရှားတဲ့ စကားအသုံးအနှုန်းတွေကို အသုံးပြုပြီး သူ့ရဲ့အဓိကစိတ်ကူးကို မပျောက်ပျက်စေဘဲ စိတ် ကူးဉာဏ်ကွန့်မြူးမှုနဲ့ သူ့ရဲ့အရေးအသားကို သက်ဝင် လှုပ်ရှားစေပါတယ်။

ဂူလန်ရဲ့အရေးအသားပုံစံမှာ ကွက်ကွက်ကွင်းကွင်းမြင်စေတဲ့ စကားအသုံးအနှုန်းတွေ သုံးထားတာ၊ ဘာသာ စကား မှန်ကန်တိကျမှုရှိတာ၊ သူ့စိတ်ကူးကို တင်ဆက်ပုံလှပမှုရှိတာ၊ စိတ်ကူးစိတ်သန်း ထူးခြားမှုရှိတာ၊ တင်စား ပြောဆိုတာတွေရှိသလို သွယ်ဝိုက်ရည်ညွှန်းတာတွေမှာလည်း မျှတမှုရှိပြီး အပိုအလိုမရှိတာ တွေ့ရပါတယ်။

စာဖတ်ပရိသတ်တွေ မှတ်ထားဖို့လိုတာကတော့ ဒီစာအုပ်ဟာ ဘာသာပြန်ဆိုထားတာဖြစ်ပြီး ဂူလန်ရဲ့မူရင်း လက်ရာ Beyan နဲ့ ချွတ်စွပ်မတူဘူးဆိုတဲ့ အချက်ပါ။

ဒါပေမဲ့ ဂူလန်လို ပညာရှင်တစ်ဦးရဲ့ လက်ရာကို ဘာသာပြန်ဆိုတာဟာ တော်တော်လေးကို စေ့စေ့စပ်စပ်နဲ့ ဘာသာပြန်ရမှာ ဖြစ်တဲ့အတွက် ဒီဘာသာပြန် ရေးသားချက်ဟာ မူရင်းလက်ရာနဲ့ တတ်နိုင်သမျှ နီးစပ်နိုင်သမျှ နီးစပ်အောင် ဘာသာပြန်ထားတယ် ဆိုတာကတော့သေချာပါတယ်။

စာပေ၊ အလှအပ၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ၊ကဗျာ၊ အမျိုးသမီးနဲ့ သနားကြင်နာမှုစတဲ့ အကြောင်းအရာ တွေပါဝင်တဲ့ ဒီစာအုပ်ဟာ စာဖတ်သူတွေကို ဂူလန်ရဲ့အရေးအသားပုံစံနဲ့ အသိပေးလိုတဲ့ အချက်ကနေ တစ် ဆင့် သွက်လက်ပြီး ရှင်းလင်းတိကျတဲ့ လောကဆီကို ပို့ဆောင်ပေးနေပါတယ်။

ရည်ညွှန်း

Ayse Meva Nur ရေးသားသော

Speech and Power of Expression ကို

တိုက်ရိုက်ပြန်ဆိုထားပါသည်။

Speech and Power of Expression ဆိုတဲ့ ဒီစာအုပ်ကတော့ စာရေးဆရာတွေ၊ စာနယ်ဇင်းသမားတွေ၊ စာသင်သားတွေအတွက် အကောင်းဆုံး စံနမူနာပြ စာအုပ်တစ်အုပ်ဖြစ်ပြီး M. Fethullah Gulen ရဲ့ စာအုပ် တွေကိုနှစ်သက်သူတိုင်းအတွက် အသင့်တော်ဆုံးစာအုပ်ပဲ ဖြစ်ပါတယ်။

 

Related Post

သံလွင်ပင် (မေ/လူမှုဘဝ)

သံလွင်ပင် (မေ/လူမှုဘဝ)

လူတွေဟာ တခြားလူတွေနှင့် အရာဝတ္ထုတွေအပေါ် သူတို့ရဲ့ အရေးပါမှု အဆင့်ပေါ်လိုက်ပြီး ဂရုစိုက် လေ့ရှိကြပါတယ်။ သံလွင်ပင်တွေကို အနီးကပ်လေ့လာကြည့်တဲ့အခါ အပင်ရောဆီပါ အရေးပါကြောင်း သိရှိရပါ တယ်။ သံလွင်ပင်များ…

Leave a Reply

Your email address will not be published. Required fields are marked *