ဟေ့ မောင်မောင်… ငါက မင်းရဲ့လျှာကွ- (၃) (မောင်မင်းနိုင်/ကြည့်၊တွေး၊ယုံ)

ဟေ့ မောင်မောင်… ငါက မင်းရဲ့လျှာကွ- (၃) (မောင်မင်းနိုင်/ကြည့်၊တွေး၊ယုံ)

ဟေ့မောင်မောင်…

မင်းကို ကြုံတုန်းပြောရဦးမယ်။ အရသာတွေ အမြောက်အမြားရှိတဲ့ အထဲမှာမှ အဓိကအုပ်စုကြိး လေးခုရှိတယ်ကွ။ တချို့အတွက် အရသာဖုတွေကတော့ ကျုပ်ရဲ့ ရှေ့ပိုင်းနားမှာရှိတယ်။ အငန်အရသာခံစားနိုင်ဖို့က
တော့ ကျုပ်ရဲ့မျက်နှာပြင် တစ်ကြောမှာ ဖြန့်ပြီးတည်ရှိနေတာပေါ့။ အခါးအရသာကိုခံတဲ့ ရသာဖုတွေကတော့ကျုပ်ရဲ့ ကျောဘက်မှာရှိနေတာဗျ။ ချဉ်တဲ့ အရသာခံဖုတွေကကျတော့ ကျုပ်ရဲ့ ဘေးဘက်တွေမှာ တည်ရှိနေ
တာပေါ့ဗျာ။

ကျုပ်ရဲ့ အောက်ဘက် မျက်နှာပြင်ဟာဆိုရင် ကျုပ်ရဲ့အဖျားပိုင်းကစလို့ မင်းရဲ့ ပါးစပ် ကြမ်းပြင်ထိအောင် ဖြန့်ကျက်ပြီး ရှိနေကြတာကွ။ ဒီမျက်နှာပြင်ကို ဖုံးလွှမ်းထားတဲ့ ကျွိချွဲမြှေးက ချောမွေ့နေပြီး အဖုမွှားတွေ
မပါရှိဘူးကွ။ သွေးကြောတွေ အများကြီးရှိနေတာကြောင့် ပန်းရောင်သန်းနေတယ်လေ။ ဒါတွေက လျှာရဲ့ အထဲမှာရှိနေပြီး ကျုပ်ကို အာဟာရ ဖြည့်တင်းပေးထားတယ်ဗျ။ ဒါနဲ့ စကားမစပ်… “လျှာမှာ အရိုးမရှိ” ဆိုတဲ့ စကားပုံ
က အတော်ကြီးကို ကျော်ကြားတာနော် ဒီစကားပုံက မှားတယ်ဗျ။ ကျုပ်မှာလည်း အရိုးတစ်ချောင်းရှိတယ်ဗျ။ ဒါပေမဲ့ ဒီအရိုး ကျုပ်ရဲ့ကိုယ်ခန္ဓာရှေ့ပိုင်းမှာ ရှိနေတာတော့ မဟုတ်ဘူးဗျို့။ ကျုပ်ရဲ့ ကြွက်သားတွေနဲ့ အရွတ်တွေ
အားဖြင့် ကျုပ်ရဲ့အရင်းပိုင်းက U ပုံသဏ္ဍာန်အရိုး (The hyoid bone) မှာ အခိုင်အခံ့ တွယ်ထားတာဗျ။ မင်းရဲ့အောက်မေးရိုးကို ဒီအရိုးအားဖြင့် ဆက်ထားတာလေ မောင်မောင်ရ။

ဟေ့မောင်မောင်…

မင်းငါ့ကို လျှာရှည်တယ်လို့တော့ မထင်နဲ့။ ငါ့မှာလည်း တခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေလိုပဲ ဖောက်ပြန်မှုတော့ ရှိတာပဲကွ။ အမှန်တော့ ငါ့မှာ ဖောက်ပြန်မှုတွေ ဖြစ်ရတာလည်း တခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း
တွေမှာ ဖောက်ပြန်မှုတွေဖြစ်နေလို့ပဲကွ သိလား။ ဇီဝတွင်း ရောဂါဝေဒနာတွေဝင်နေလို့ပဲဟေ့။ ဥပမာပြောရရင်တော့ဗျာ ပါးစပ်ပြည်တည်နာ တချို့က စိတ်ဖိစီးမှုတို့၊ အိပ်ရေးပျက်တာတို့ ဒါမှမဟုတ် ဗီတာမင် ချို့တဲ့တာတွေ
နဲ့ ပတ်သက်နေတာကြောင့်ပဲ ဖြစ်တယ်။ တခြားတခြား ရောဂါတွေကကျတော့ စုပ်ယူမှု ဖောက်လွှဲဖောက်ပြန်ဖြစ်ရခြင်းတွေရဲ့ ရလဒ်တွေကြောင့် ဖြစ်ရတာတွေရှိတယ်။ ဗဲဟဆက် လက္ခဏာတစ်ခု (Behcet’s Syndrome)
လိုမျိုးပေါ့ဗျာ။

တချို့ချို့သော အနာတွေကတော့ ရက်သတ္တပတ် တော်တော်ကြာတတ်တယ်။ အင်မတန်မှလည်း နာကျင်ရတယ်။ အထူးသဖြင့် အစာစားချိန်နဲ့ စကားပြောချိန်မျိုးမှာ နာကျင်မှုခံစားရတာဖြစ်တယ်။ ဆစ်ဖလစ်နဲ့ ရေ
ယုန်ရောဂါတို့လို ရောဂါမျိုးတွေဖြစ်ရင်လည်း ကျုပ်ဆီမှာ အနာဖြစ်တတ်တယ်။ ဆေးလိပ်သောက်တဲ့သူတွေနဲ့သိပ်ပြီး ပူလောင်တဲ့ အစာကို စားသောက်တဲ့ သူတွေမှာတော့ လျှာမှာ ကင်ဆာ ဖြစ်တတ်တယ်ဗျ။ ဒေါင်းစ်လက္ခ
ဏာစုရောဂါ။ လင့်ဗ်ကြောတွေ ပိတ်ဆို့မှုတို့၊ သကြားဓာတ်အနှံ့အပြားသိုလှောင်မှု ဖြစ်ပေါ်တာနဲ့ အမီလွိုက်ဒိုးစစ် (Amiloidsis) တို့လို ဇီဝဖောက်ပြန်မှုတချို့ ဖြစ်ရင်လည်းပဲ တစ်ခါတစ်ခါကျရင် ကျုပ်မှာ ရောဂါလက္ခဏာ
တွေ ပြတတ်တယ်ဗျ။ ဒီလို ဖောက်ပြန်မှုတွေမှာတော့ ကျုပ်ရဲ့ ကြွက်သားတွေဟာ တော်တော်လေးကို အဆမတန်ကြီးထွားလာတတ်တယ်ဗျ။ ပုံမှန်မဟုတ်တဲ့ ဂလိုင်ကိုဂျင်နဲ့ အမိုင်လွိုက်အနယ်တို့ကြောင့်ပေါ့ဗျာ။

ဟေ့မောင်မောင်…

အခုချိန်ထိ မင်းရဲ့ စကားမပြောတတ်တဲ့ ကိုယ်တွင်းအင်္ဂါတိုင်းကလည်း သူတို့ရဲ့အကြောင်းကို ကိုယ်ပိုင်စကားနဲ့တတ်သလို တင်ပြသွားတယ်ကွ။ ငါကတော့ အမြဲပြောနေမျာပဲဟေ့။ ဒီလို အမြဲပြောနေတာကလည်း မင်းရဲ့ ကိုယ်စား ပြောပေးဆိုပေးရတာလေကွာ။ မင်းရဲ့အတွေးတွေ မင်းရဲ့ခံစားချက်တွေကိုပေါ့ကွာ။

ဒါပေမဲ့ ငါပြောခဲ့သမျှနဲ့ ပတ်သက်လို့ ကောင်းကောင်းဆိုးဆိုး တာဝန်ရှိတာကတော့ မင်းပဲကွ။ ငါက မင်းရဲ့ စိတ်တန်ခိုးလွှမ်းမိုးမှုကြားမှာ ရှိနေရုံမျှသာပဲကွာ။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ အရှင်ကြောင့် ငါ့ရဲ့ ကိုယ်ပိုင်လျှာနဲ့ ငါ
စကားပြောခဲ့ရပြီ။ အထူးတလည် သိထားကြတဲ့အတိုင်းပဲ။ အဆိုး၊ အကောင်းနဲ့ ပတ်သက်လာရင် နှစ်မျိုးစလုံးအတွက် ငါက ကြီးမားတဲ့ စွမ်းပကားရှိနေတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း တစ်ခုပဲဖြစ်တယ်။

ငါ့ကို ထိန်းချုပ်ဖို့တို့ ကောင်းကောင်း အသုံးချဖို့တို့ကတော့ မင်းရဲ့တာဝန်ပဲပေါ့ကွ… မောင်မောင်ရ။ ငါဟာ ကြွက်သားပြင် ရိုးရိုးကြီး၊ ကိုယ်တွင်းအပေါ်ယံလွှာ တစ်သျှူးဆဲလ်နဲ့ နာ့ဗ်ကြောတွေနဲ့ပဲ မဟုတ်တာကိုတော့
မင်းဘယ်တော့မှ မမေ့ပါနဲ့ကွာ…နော်။ တကယ်တော့ မင်းကို သိက္ခာတက်စေနိုင်သလို၊ အသရေလည်း မဲ့သွားစေနိုင်တဲ့ ကိရိယာတန်ဆာပလာတစ်ခုပဲပေါ့ သတိထား မောင်မောင်ရေ…။

ကဲ…မောင်မောင်ရေ

နောက်ဆုံး ပြောချင်တာကတော့ အခုကစပြီး ပန်းသီးတစ်လုံးစားမယ့်အချိန်မှာ ကောင်းကောင်းမဝါးသေးဘဲနဲ့ မျိုချမယ်တော့ မကြံလိုက်နဲ့ဟေ့ သိလား။ အရသာကို ကောင်းကောင်းကြီး ငါ ခံစားပြီးတဲ့အထိတော့
စောင့်ကွာ။ ဒီနည်းနဲ့သာ မင်းစားရတဲ့ အစားအစာအတွက် မင်းဘက်ကနေ အရှင့်ကို ကျေးဇူးတင်ဖို့ အခွင့်အရေးရှိလာမှာလေကွာ။ ဒီအရှင်က မင်းကို ပန်းသီးချီးမြှင့်ပေးခဲ့ရုံသာမက ငါ့ကိုလည်းပဲ ပန်းသီးရဲ့အရသာကို သိစေတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်စေခဲ့တာလေကွာ။

ဒါဟာလည်း မင်းရဲ့ဘဝကို လှပစေတဲ့ ထပ်ပြီးအံ့ဩရစေတဲ့ အခြင်းအရာတစ်ခုပဲလေ။ တုနှိုင်းမဲံအရှင်ရဲ့ ကျေးဇူးကို သိခြင်းအားဖြင့် အရှင့်ရဲ့ နိယာမပညတ်တွေကို မင်းအနေနဲ့ ပိုပြီး နက်နက်ရှိုင်းရှိုင်းလိုက်နာ
ကျင့်ကြံနိုင်မှာပေါ့ကွာ။

ရည်ညွှန်း

Irfan Yilmaz ရေးသားသည့် It’s me, Peter, Your tongue!
ဆောင်းပါး။ စာရေးသာ Irfan Yilmaz သည် တူရကီနိုင်ငံ၊ အိဇ်မီရ်မြို့ရှိ၊ ဒိုကုဇ်ဒိုင်လူးလ် တက္ကသိုလ်မှ ဇီဝဗေဒ
ပါမောက္ခတစ်ဦးဖြစ်သည်။

Related Post

Women -The Representatives of Hz Khadija and Hz Aise (Myanmar Subtitle)

“မွတ်စလင်အမျိုးသမီးထုကို ကိုယ်စားပြုတဲ့ အမျိုးသမီးခေါင်းဆောင် မိခင်မွန်ခတီဂျာသခင်မနှင့် အာအေရှာသခင်မ” ********************************************************************************************************************** မိခင်မွန်ခတီဂျာသခင်မနှင့် အာအေရှာသခင်မတို့၏အဆင့်အတန်းမြင့်မြတ်ပုံကို မခွဲခြားကြရန်နှင့် မွတ်စလင်အမျိုးသမီးထုကြီး၏ခေါင်းဆောင်များဖြစ်ကြပုံကို ဆရာကြီးဖသ်ဟွလ္လာဟ်ဂူလန်မှ မိန့်ဆိုထားခြင်းဖြစ်သည်။ Related

Leave a Reply

Your email address will not be published. Required fields are marked *