ကျောက်မီးသွေး စိန်နှင့်လူသား – ၁ (သူရနိုင်/နည်းပညာ)

ကျောက်မီးသွေး စိန်နှင့်လူသား – ၁ (သူရနိုင်/နည်းပညာ)

သက်ရှိများ ရှင်သန်နေထိုင်နိုင်ရန်အတွက် ကမ္ဘာမြေတွင် ရှိရှိသမျှတို့ကို ရုပ်ဝတ္ထုအခြေအနေနှင့် ဓာတ်ဝတ္ထုအခြေအနေအဖြစ် ဖန်ဆင်းထားခြင်းပင် ဖြစ်ပါသည်။ စကြဝဠာတွင် ကမ္ဘာမြေကြီး၏ တည်နေရာ၊ အနေအ
ထားနှင့် အပူ၊ အလင်း၊ ရေနှင့်လေ စသော အရာအားလုံးသည် သက်ရှိတို့အတွက် မရှိမဖြစ်လိုအပ်သော အရည်အသွေးများကို ပိုင်ဆိုင်ထားကြပါသည်။ စကြဝဠာဖွဲ့စည်းတည်ရှိပုံ၊ အစီအစဉ်သဘောတရားနှင့် အလွန်
သေးငယ်သော ဒြပ်စင်များနှင့် မော်လီကျူးတို့၏ ဖွဲ့စည်းပုံသဘောတရားတို့မှာ အတူတူပင် ဖြစ်ပါသည်။

ဒြပ်စင်များအားလုံးမှ ကာဗွန်အက်တမ်သည် ကမ္ဘာမြေတည်ဆောက်မှုတွင် အထူးအရေးပါလှပြီး ကမ္ဘာမြေအပေါ်ယံလွှာ၏ သုည ဒသမ ၂ ရာခိုင်နှုန်းခန့်ကို ပါဝင်ပေါင်းစပ် ဖွဲ့စည်းထားပါသည်။ သက်ရှိအားလုံးကို
ကာဗွန်ကိုအခြေပြုသော ဒြပ်ပေါင်းများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပါသည်။ ထို့ပြင် ဒြပ်ပေါင်းများအားလုံး၏ ၉၄ရာခိုင်နှုန်းဖြစ်သော အရေအတွက်အားဖြင့် လေးသန်းထက် ပိုများသော ဒြပ်ပေါင်းများတွင် ကာဗွန်အက်တမ်
များ ပါဝင်ပါသည်။ သက်ရှိများတွင်ပါရှိသော အရာအားလုံး၏ ၁၈ ရာခိုင်နှုန်းခန့်ကို တချို့သာ ကာဗွန်ဒြပ်ပေါင်းများဖြင့် ဖွဲ့စည်းထားပြီး ကျန်သောအရာများ၏ အများစုမှာ ရေဖြင့် ဖွဲ့စည်းထားပါသည်။ ဤဒြပ်ပေါင်းများကို ဆဲလ်ဖွဲ့စည်းရာတွင် အခြေခံအုတ်ချပ်အနေနှင့် အသုံးပြုကြပါသည်။ သက်ရှိတို့ ရှင်သန်နိုင်ရန် အဓိကလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် အခြားဒြပ်စင်များနှင့် ပေါင်းစပ်၍ ဒြပ်ပေါင်းများစွာကို အလုံအလောက်
ပေးနိုင်သော စွမ်းရည်သည် ကာဗွန်၌သာလျှင် ပါရှိပါသည်။ ကာဗွန်အက်တမ်တို့သည် ဓာတ်ပြုပေါင်းစပ်ခြင်း(Chemical bonds) အားဖြင့် လွယ်ကူစွာ ကွင်းဆက်အစီအစဉ်တန်းများ (chains) ဖွဲ့စည်းပေးနိုင်ပေသည်။
အခြားမည်သည့်ဒြပ်စင်တွင်မျှ ဤအရည်အသွေးကို မတွေ့ရှိပေ။ ဤကွင်းဆက်ချိန်းများကို အစဉ်အတန်းအနေနှင့် တစ်လိုင်းတည်းဖြင့် ဖွဲ့စည်းထားပြီး အကိုင်းအခက်များကဲ့သို့ (iso-or trivial system) အဖြစ်ခွဲ၍ ဖြာထွက်
နိုင်သည့်အပြင် အကွင်းများ (rings) ဖွဲ့စည်းဖြစ်ပေါ်စေရန် ချိတ်ဆက်နိုင်ပါသည်။ ဤအကွင်းများသည် အမှန်အားဖြင့် ကာဗွန်အက်တမ်သုံးခု၊ လေးခု၊ ငါးခု၊ ခြောက်ခု သို့မဟုတ် အရေအတွက်ပိုများသော ကာဗွန်အက်
တမ်များဖြင့် ဖွဲ့စည်းထားသော ဗဟုဂံများ (polygons) ဖြစ်ကြပါသည်။။ ဤအရည်အသွေးကြောင့် ကာဗွန်သည် များစွာသော အရာဝတ္ထုများ၏ အခြေခံဒြပ်စင် ဖြစ်ပါသည်။ (ကျွန်ုပ်တို့တွင် စားသုံးသော အစားအစာများ
မှ ဝတ်ဆင်သော အဝတ်အစားများအထိ၊ ကျွန်ုပ်တို့ အသုံးပြုသော လောင်စာများမှ ပရိဘောဂအထိ စသည်တို့တွင် ကာဗွန်ပါရှိပါသည်။)

ကာဗွန်ကို -၂၀ ဒီဂရီစင်တီဂရိတ် နှင့် +၁၂၀ဒီဂရီစင်တီဂရိတ်အကြားအပူချိန်တွင် ဒြပ်ပေါင်းဖြစ်စေနိုင်ပါသည်။ ကာဗွန်ဒြပ်ပေါင်းများသည် -၂၀ ဒီဂရီစင်တီဂရိတ်တွင် စတင်၍ ခဲတတ်ကြပြီး၊ +၁၂၀ ဒီဂရီစင်တီဂရိတ်
တွင် စတင်၍ ကွဲကြေတတ်ကြပါသည်။ အလွန့်အလွန်ပြင်းသော အပူချိန်နှင့် အရာရာကို ခဲသွားစေနိုင်လောက်အောင် အေးလွန်းသော အာကာသတွင် ကာဗွန်ကို ဒြပ်ပေါင်းဖြစ်စေနိုင်သော အပူချိန်အတိုင်းအဆကို ကမ္ဘာမြေ
ပေါ်တွင်သာ တွေ့နိုင်ပါသည်။ ကျွန်ုပ်တို့အနီးအနားတွင်ရှိသော ဂြိုဟ်များရှိ အပူချိန်များက ပိုမိုကောင်းမွန်သောအကြံကို ပေးကြပါသည်။ ယင်းမှာ ဗီးနပ် Venus တွင် ၄၅၀ ဒီဂရီစင်တီဂရိတ်မျှ ပူပြီး မားစ် Mars တွင် -၅၃ ဒီဂရီစင်တီဂရိတ်လောက်ပင် အေးကြပါသည်။ ဤအပူချိန်များတွင် ကာဗွန်ဒြပ်စင်အနေနှင့် ဒြပ်ပေါင်းဖြစ်ပေါ်တည်နေရန်မှာ မဖြစ်နိုင်သကဲ့သို့ သက်ရှိတို့ အဖို့လည်း အသက်ရှင်နေနိုင်ရန်မှာ မဖြစ်နိုင်ပေ။ ဤအချက်များ
ကြောင့် ကမ္ဘာမြေသည် သက်ရှိတို့ အသက်ရှင်နေထိုင်နိုင်စေရန် အသင့်လျော်ဆုံး အခြေအနေများဖြင့် ဖန်ဆင်းထားသော တစ်ခုတည်းသော ဂြိုဟ်ဖြစ်ပါသည်။

ကာဗွန်အက်တမ်ဖြင့် ပုံဆောင်ခဲ ဖွဲ့စည်းတည်ဆောက်ခြင်း

        ပုံဆောင်ခဲ ဖွဲ့စည်းတည်ဆောက်ပုံဆိုသည်မှာ အတိအကျ သတ်မှတ်ထားသော ဂျီဩမေတြီပုံသဏ္ဍာန်တစ်ခုပင်ဖြစ်သည်။ ဖွဲ့စည်းရယူရန် အက်တမ်များကို ဟင်းလင်းပြင်တွင် ထုထည်ပုံပေါ်အောင် သုံးဘက်မြင်
အတိုင်းအတာ (Three dimensional) မှ အထူးစီစဉ်ထားခြင်း ဖြစ်ပါသည်။

အာလိုထြုပ် (allotrope) ဆိုသည်မှာ တူညီသော အရာ၏ ကွဲပြားခြားနားသော ပုံဆောင်ခဲဖွဲ့စည်းတည်ဆောက်ပုံများ ဖြစ်သည်။ သဘာဝတွင် ကာဗွန်ကို တစ်ခုနှင့်တစ်ခု ကွဲပြားသော အာလိုထြုပ်သုံးမျိုးအဖြစ်
တွေ့ရသည်။

၁။       ပီပြင်သော ပုံသဏ္ဍာန်မရှိသည့် ပုံဆောင်မဲ့ကာဗွန် (ကျောက်မီးသွေး)

၂။       ဂရပ်ဖိုက် (Graphite)

၃။       စိန်တို့ ဖြစ်ကြသည်။ ဤသည်တို့အပြင် ဖူလာရင်း (Fullerene) သည် အတုထုပ်လုပ်သော အာလိုထြုပ်
တစ်မျိုးဖြစ်သည်။

၁။     ပုံဆောင်မဲ့ ကာဗွန် (ကျောက်မီးသွေး)

        တိကျသော ပုံဆောင်ခဲ ဖွဲ့စည်းတည်ဆောက်ပုံမရှိသည့်အရာသည် ပုံဆောင်မဲ့ဖွဲ့စည်းတည်ဆောက်ပုံဖြစ်သည်။ ဤတွင် အက်တမ်များသည် ၎င်းတို့၏ နေရာများကို လွတ်လပ်စွာ ရယူနိုင်ကြသည်။ ပုံဆောင်မဲ့ ဖွဲ့
စည်းတည်ဆောက်ပုံရှိသည့် ကာဗွန်အက်တမ်များ၏အစုအစည်းကြီးတစ်ခုကို “ကျောက်မီးသွေး” ဟု ခေါ်သည်။အပင်များ သေကြေပျက်စီးပြီးနောက် ၎င်းတို့သည် အလွန်သေးငယ်သော သာမာန်မျက်စိဖြင့် မမြင်နိုင်သော ပိုး
မွှားသတ္တဝါများ လှုပ်ရှားသွားလာခြင်းအားဖြင့် ဓာတုဓာတ်ပြု ပြောင်းလဲဖွဲ့စည်းခြင်း တစ်ရပ်ကို ဖြတ်သန်းကြရပါသည်။ အကယ်၍ သင့်လျော်သော စိုထိုင်းသည့် ဒေသတစ်ခုတွင် အပင်သေများကို စုဆောင်းပြီး ဘူမိဗေဒဆိုင်
ရာ နည်းစနစ်များဖြင့် မြေအောက်တွင် မြှုပ်ထားလျှင် ထိုအပင်များ၏ ကိုယ်ထည်တွင် ကာဗွန်ပမာဏများပြားလာပြီး ၎င်းတို့သည် ကျောက်မီးသွေးအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းစ ပြုလာကြပါသည်။ ကျောက်မီးသွေးများကို ၎င်းတို့တွင် ပါဝင်သော ကာဗွန်ရာခိုင်နှုန်းအရ အမျိုးအစားခွဲခြားသတ်မှတ်ကြပါသည်။ ဘူမိဗေဒပညာရပ်အရ ဤပြောင်းလဲဖွဲ့စည်းသော နည်းစနစ်သည် ၁၅ နှစ်မှ နှစ်သန်းပေါင်း ၃၄၅ နှစ်အထိ အချိန်ယူပါသည်။ စွမ်းအင်
ထုတ်လုပ်သုံးစွဲသည့် အသွင်များအနက် ကျောက်မီးသွေးကို အသုံးအများဆုံးနှင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးစွဲဆုံးဖြစ်သည်။

၂။ ဂရပ်ဖိုက်

ဂရပ်ဖိုက်တွင်အက်တမ်များကို ဆဋ္ဌဂံပုံဆောင်ခဲဖွဲ့စည်းတည်ဆောက်ပုံ တစ်ခုအနေနှင့် တွေ့ရပါသည်။ဤပျားအုံမျက်နှာပြင်နှင့်ဆင်တူသော အချပ်များ စုပြုံလာပြီး ဂရပ်ဖိုက်ဖွဲ့စည်းဖြစ်ပေါ်လာသည်။ ဤအလွှာ
အချပ်များသည် ခိုင်မာသော ပေါင်းစပ်တွယ်ကပ်ခြင်းဖြင့် ချိတ်ဆက်ထားခြင်း မရှိပေ။ ထို့ကြောင့် အတော်အသင့် ပမာဏရှိသောအားဖြင့် အားသက်ရောက်ပေးလိုက်ပါက လွယ်ကူစွာရွေ့၍ ဖယ်ထွက်သွားကြသည်။ ထို့
ကြောင့် စက်ပစ္စည်း ထုတ်လုပ်သော ကုန်ထုတ်လုပ်ငန်းများတွင် ပွတ်မှုအား လျှော့ချရန်အတွက် ဂရပ်ဖိုက်ကို အသုံးပြုကြပါသည်။ ခဲတံများတွင် တွေ့ရသော အနက်ရောင်အရာသည် ရွှံ့စေးနည်းနည်းရောပြီး မာတောင့်
လာစေအောင် ပြုလုပ်ထားသော ဂရပ်ဖိုက်ပင် ဖြစ်သည်။ ဂရပ်ဖိုက်သည် အလွန်ပြင်းထန်သော အပူချိန်ကို ခံနိုင်ရည်ရှိကြပါသည်။ ထို့ကြောင့် ၎င်းကို စတီးပစ္စည်း ကုန်ထုတ်လုပ်ငန်းများအတွင်း သတ္တုပစ္စည်းများကို အရည်ပျော်စေရာတွင် အသုံးပြုကြပါသည်။ ထို့အပြင် ၎င်းသည် အလွန်ကောင်းသော လျှပ်စစ်ကူးပစ္စည်း (အပူကာပစ္စည်း) တစ်မျိုးဖြစ်သည်။ ဤအကျိုးပြုချက်များကြောင့် အဝတ်လျှော်စက်၊ ဖုန်စုပ်စက် အစရှိသော အိမ်သုံး
စက်ကိရိယာများတွင်ရှိသော လျှပ်စစ်မော်တာများ၏ လျှပ်ဆက်ငုတ်ကို ဂရပ်ဖိုက်ဖြင့် ပြုလုပ်ကြပါသည်။ မကြာသေးမီသော နှစ်များမှစ၍ အာကာသယာဉ်များ (space shuttles) တွင် ဂရပ်ဖိုက်ကို အပူကာပစ္စည်းအဖြစ် အသုံးပြုလာခဲ့ကြပါသည်။

၃။     စိန်

        ကျွန်ုပ်တို့ သိသမျှသော သဘာဝပစ္စည်းများတွင် စိန်သည် အမာကျောဆုံး ဖြစ်သည်။ အလင်းဖောက်နိုင်သည့် အရာတစ်မျိုးဖြစ်ပြီး ပင်ကိုအားဖြင့် အရောင်မဲ့သည့် အကြားမှပင် အဝါ၊ အညို အစရှိသည့် ခပ်ဖျော့
ဖျော့အရောင်များအဖြစ် တွေ့နိုင်ပါသည်။ တခြားဓာတ်သတ္တုများနှင့် ရောယှက်လျက်ရှိနေသည့် အခါများတွင်ပင် ခပ်မှုန်မှုန် အနက်ရောင် ဖြစ်နေတတ်ကြပါသည်။ စိန်သည် ပြီးပြည့်စုံသော လျှပ်စစ်ကာပစ္စည်း (electric isolator) တစ်မျိုးဖြစ်ပြီး အပူလျှောက်သတ္တိ (heat conductivity) အမြင့်မားဆုံးအရာဖြစ်သည်။ ဤသို့သောသဘာဝဂုဏ်သတ္တိများကြောင့် ၎င်းကို ပုံသဏ္ဍာန်မပျက်စေဘဲ ဖြတ်ယူနိုင်ကြပါသည်။ စိန်သည် အပူချိန် ၈၅၀ ဒီဂရီစင်တီဂရိတ်တွင် လောင်ကျွမ်းပါသည်။ စိန်အပိုင်းအစတစ်ခုတွင် အခြားအက်တမ်များ ပါရှိနိုင်၍ အရည်အသွေးညံ့စေပြီး တန်ဖိုးလျော့ကျစေနိုင်ပါသည်။ အရည်အသွေးကောင်းသော သဘာဝစိန်များတွင် ကာဗွန်အက်
တမ်တစ်သိန်းရှိလျှင် တခြားကာဗွန်မဟုတ်သော အက်တမ်တစ်ခုသာလျှင်ပါရှိနိုင်ပါသည်။ ကျောက်မျက်ရတနာလက်ဝတ်လက်စားအဖြစ် အသုံးပြုနိုင်သည့်အပြင် စိန်ကို ကုန်ထုတ်လုပ်ငန်းဖြစ်ကြသော လွန်၊ လွန်ပူနှင့် မှန်
ဖြတ်ကိရိယာများကဲ့သို့သော ကိရိယာတန်ဆာပလာများတွင် ကျယ်ပြန့်စွာ အသုံးပြုကြပါသည်။ စိန်ထုတ်လုပ်မှု၏ ၇၅ရာခိုင်နှုန်းကို ဤကုန်ထုတ်လုပ်ငန်းတွင် အသုံးပြုပါသည်။

ရည်ညွှန်း

Ibrahim Ozbek ရေးသားသည့်

Coal, Diamond, and Man ဆောင်းပါးမှ

သင့်တော်သလို ဘာသာပြန်ဆိုပါသည်။

 

Related Post

Leave a Reply

Your email address will not be published. Required fields are marked *