ခန္ဓာကိုယ်သတိပေးစနစ် နှာချေခြင်း – ၂ (ဆရာသက်)

ခန္ဓာကိုယ်သတိပေးစနစ် နှာချေခြင်း – ၂ (ဆရာသက်)

အတွဲလိုက်ဗုံးပမာ ဖြစ်သည်ကို ဂရုပြုပါ

        နှာချေတာဟာ ရှားပါးဖြစ်စဉ်များထဲက တဒင်္ဂအတွင်း ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ နှာချေတာနဲ့ ချောင်းဆိုးတာတွေကြောင့် လေလှုပ်ရှားမှုတစ်ရပ် ဖြစ်ပေါ်လာပါတယ်။ အဲဒီလှုပ်ရှားမှုက အားကောင်းလှပြီး မြူးကပ်စ်ချွဲ ကပ်စေးနေတာကို ဖြတ်တောက်ပေးတာကြောင့် အစက်ကလေးတွေ ဖြစ်လာပါတယ်။ ဒီအချိန်မှာ လေနဲ့ ၎င်းမှာပါတဲ့ အမှုန်အမွှားတွေကို ပါးစပ်က မှုတ်ထုတ်ပစ်လိုက်တဲ့ နှုန်းထားဟာ တစ်နာရီ မိုင်၁၀၀နီးပါးလောက်ရှိပါ
တယ်။ တုပ်ကွေးလို ဗိုင်းရပ်စ်ဝင်နေတဲ့ ရောဂါဝေဒနာသည်တွေ နှာချေလိုက်ရင် သန်းပေါင်း ၁၀၀ လောက်ရှိတဲ့အဏုဇီဝ ပိုးမွှားတွေကို အတွဲလိုက် ဗုံးများပမာ ပြန့်ကျဲစေပါတယ်။ ၂၅၀၀ မှ ၅၀၀၀ အမှုန်အမွှား အစက်ကလေး
တွေဟာ အသေးအမွှားတိမ်ငယ်လေးပမာ လေထဲမှာ ရှိနေပါတယ်။ အမှုန်အမွှား အစက်ကလေးတွေရဲ့ အရွယ်အစား (အချင်း) လျော့ကျလာတာနဲ့အမျှ လေထဲမှာ ၎င်းတို့ရဲ့ တည်ရှိမှုက ပိုမိုကြာမြင့်လာလေ ဖြစ်ပါတယ်။ လေထဲမှာ အချိန်ကြာကြာရှိနေပြီး ရောဂါပျံ့ပွားစေတဲ့ အစက်တွေရဲ့ အချင်းက ၁ မှ ၅ မိုက်ခရွန်ကြားမှာ ရှိပါတယ်။

တီဘီရောဂါဟာ အစားအသောက်ကြောင့်ဖြစ်ရတာ မဟုတ်ပါဘူး။ နှာချေတာ ချောင်းဆိုးတာတွေမှာ ပါလာတဲ့ ဘက်ဆီလပ်များပါဝင်တဲ့ အမှုန်လေးတွေကြောင့် ဖြစ်ရတာပါ။ အဲဒီ အမှုန်အမွှားလေးတွေဟာ လေထဲ
မှာ ပျံ့နှံ့ပြီး ကျန်းမာတဲ့လူတွေကို အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တာပါ။

ဗိုင်းရပ်စ်ကို ကြိုတင် မကာကွယ်ခဲ့ရင် တစ်လအတွင်း တစ်ကမ္ဘာလုံးကို ပျံ့နှံ့ကူးစက်နိုင်ပါတယ်။ အကြောင်းရင်းကတော့ ဗိုင်းရပ်စ်ပိုးတွေပါတဲ့ အမှုန်ငယ်လေးတွေဟာ နှာချေတဲ့အခိုက် မီတာ ၄၀ အကွာအဝေး
ထိ ရောက်ရှိနိုင်လို့ပါ။ ချောင်းဆိုးရင် ခြောက်မီတာ အကွာအဝေးကို ရောက်နိုင်သလို စကားပြောရင် နှစ်မီတာလောက် ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေးလို ရောဂါတွေဟာ ဒီအမှုန်တွေကြောင့် ပြန့်ပွားကြတာပါ။
ဒီဝေဒနာတွေဟာ ဆောင်းတွင်းကာလမှာ မကြာခစ ဖြစ်ပွားတတ်ပါတယ်။ လူတစ်ယောက်ဟာ လူထူထပ်တဲ့နေရာမှာ အကြိမ်ပေါင်းများစွာ နှာချေခဲ့ရင် မိနစ်ပိုင်းအတွင်းမှာပဲ လူပေါင်းရာပေါင်းများစွာ ရောဂါကူးစက် ခံရနိုင်
ပါတယ်။

နှာချေခြင်းသည် အကျိုးပြုပါသလား

        အဆုတ်တွေ ကောင်းမွန်ဖို့ အသက်ရှူလမ်းကြောင်း အထက်ပိုင်းရှိ စီလီယာများ လှုပ်လှုပ်ရှားရှားရှိဖို့ကအလွန်အရေးပါလှပါသည်။ လေနဲ့ ပါလာတဲ့ အန္တရာယ်ပစ္စည်းတွေကို သူတို့က ထိန်းချုပ်ထားပါတယ်။ ချွဲတွေနှင့်
အန္တရာယ်ရှိ ပစ္စည်းတွေ အဆုတ်ထဲ မဝင်ရောက်နိုင်အောင် နှာချေပြီး ကာကွယ်ကြခြင်းအားဖြင့် အရေးကြီးလှတဲ့ ရောဂါကာကွယ်ရေးတာဝန်ကိုလည်း ထမ်းဆောင်ကြပါတယ်။ ကိုယ်ခန္ဓာထဲမှာ အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်း
တွေကို  အဆုတ်အတွင်းမှ လေနဲ့အတူ ထုတ်ပယ်ပစ်လိုက်တာမှာ ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ဒါကြောင့် ရှေးယခင်အခါများက သဘာဝအမှုန်များဖြစ်တဲ့ ငရုတ်ကောင်းမှုန့်တို့လို နှာချေစေတဲ့ အရာတွေကို ရှူ
သွင်းပြီး နှာချေအောင် လုပ်ကြပါတယ်။ နှာချေစဉ်မှာ ဦးနှောက်နဲ့ နှလုံးသွေးပြန်ကြောတွေ ကျယ်ပြန့်လာတာကြောင့် မျက်ရည်ဂလင်းနဲ့ နှာခေါင်းတွင်း ပြွန်ချောင်းတွေလည်း ပွင့်သွားပါတယ်။ ဒါကြောင့် ပုံမှန်ထုတ်လုပ်နိုင်
ခြင်းမရှိတဲ့ မကောင်းတဲ့ လေတွေကို အဆုတ်တွေက အတင်းထုတ်လိုက်နိုင်တာပါ။

နှာချေတဲ့အခါမှာ ကိုယ်ခန္ဓာအတွင်းမှာ ဖိအားမြင့်မြင့် ဖြစ်ပေါ်လာပါတယ်။ အထူးသဖြင့် ဗိုက်နဲ့ ဦးနှောက်အတွင်းမှာ ပိုမို ဖြစ်ပေါ်စေပါတယ်။ ဒီလိုဖိအားကြောင့် နှလုံးသွေးပြန်ကြော အတွင်းကို သွေးအမြောက်
အမြား ရောက်ရှိသွားတာမို့ နှာချေတဲ့အခါ အင်အားချို့တဲ့ မူးမေ့သတိလစ်သွားတတ်တာပါ။ ဒါပေမဲ့လည်း နှာချေခြင်းဟာ နှလုံးကို အကျိုးပြုပါတယ်။ နှာချေစဉ် ပါးစပ်ကို လုံးဝပိတ်ထားပြီး အသက်ကို အောင့်ထားလိုက်ရင်
အဆုတ်အနာတရ ရတတ်ပါတယ်။ ဟန်ချက်မညီတဲ့ ပြင်းပြင်းထန်ထန် နှာချေမိတာမျိုးမှာဆိုရင် နံရိုးတွေတောင် ကျိုးသွားနိုင်ပါတယ်။ တကယ်လို့ လူတစ်ဦးဟာ နှာခေါင်းနဲ့ ပါးစပ်ပိတ်ပြီး နှာချေတာကို ထိန်းချုပ်
အောင့်ထားမယ်ဆိုရင် တားဆီးပါက ဒါဟာ ဦးနှောက်ကို ထိခိုက်စေနိုင်သလို လေတောင် ဖြတ်နိုင်ပါသေးတယ်။ ဒီလိုမဟုတ်ရင်တောင် ဦးနှောက်အတွင်းက သွေးမျှင်ငယ်ကလေးတွေ ဖိအားများလာတာကြောင့် ဦး
နှောက်သွေးယိုစီးနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အထူးသဖြင့် ခွဲစိတ်ကုသမှုတစ်ခု ခံယူခဲ့သူဆိုရင်လည်းအသည်းအသန် ရောက်နိုင်ပါတယ်။ ဒါ့အပြင် မျက်စိထဲက သွေးပြန်ကြောတွေ ကျယ်ပြန့်လာကာ ပေါက်ပြဲသွား
နိုင်ပါတယ်။ နှာချေချင်လာရင် သက်တောင့်သက်သာနဲ့ နှာချေခြင်းဖြစ်ဖို့ လိုပါတယ်။

နှာချေချင်တာကို မတားဆီးသင့်ပါ

        နှာချေခြင်းဟာ တုံ့ပြန်မှုတစ်ရပ်ဖြစ်ပါတယ်။ နှာချေတာကြောင့် သက်တောင့်သက်သာ အနေအထားကိုရရှိနိုင်သလို စိတ်သက်သာရာ ရစေတာကြောင့် ကိုယ်ခန္ဓာကို အားသစ်လောင်းစေပါတယ်။ တကယ်လို့ နှာချေ
တယ်ဆိုတဲ့ ဖြစ်စဉ်သာမရှိခဲ့ရင် လူတွေကို အန္တရာယ်ပေးနိုင်တဲ့ အရာတွေကို ရှောင်ရှားနိုင်မှာ မဟုတ်ပါဘူး။ နှာချေစဉ်မှာ နှလုံးနားနေစဉ် (နှလုံးတွင်းသို့ သွေးပြန်လည်ရောက်ရှိပြီး) အချိန်ကာလကို ပိုမိုပြီး ကြာရှည်စေပါ
တယ်။ ဒါကြောင့် မိဘတွေက သားသမီးတွေ နှာချေပါက “ဟဲ့ ဆိတ်ဖွား အသက်တရာ အနာမရှိ” လို့ ဆိုလေ့ရှိတာပါ။ အနောက်နိုင်ငံများမှာတော့ “သင့်အား ကောင်းချီးကျေးဇူး ချမ်းသာ ချီးမြှင့်တော်မူပါစေ” (Bless you) လို့ ဆိုလေ့ရှိကြပါသည်။ တမန်တော်မုဟမ္မဒ်က ယုံကြည်သူတစ်ယောက်ဟာ အခြားယုံကြည်သူတစ်ယောက်ဆီက ရပိုင်ခွင့်ခြောက်ခုအနက် တစ်ခုဟာ သူ သို့မဟုတ် သူမ နှာချေလိုက်တိုင်း တစ်ကြိမ်စီ ဆုတောင်းပေးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆုတောင်းပြည့်ချိန်များထဲက တစ်ခုဟာ နှာချေလိုက်တဲ့ တဒင်္ဂအချိန်ကလေးဖြစ်တယ်လို့လည်း ဆိုပါတယ်။

နှာချေတာဟာ ကရုဏာတိမ်ကလေးတစ်ခုသဖွယ် ဖြစ်ပါတယ်။ ဒီ အပြုအမူကြောင့် ကျွန်ုပ်တို့အတွက်သာမက ဤတဒင်္ဂအချိန်ကလေးကို တွေ့မြင်သက်သေထူ ဆုတောင်းပေးသူရဲ့ကျေးဇူးနဲ့ ခံစားချက်တွေကိုပါ
မျှဝေနိုင်ပါတယ်။ ကျွန်ုပ်တို့ နှာချေတဲ့အခါတိုင်းမှာ ကျွန်ုပ်တို့အား ချီးမြှင့်ပေးထားတဲ့ ကျန်းမာရေးရဲ့ တန်ဖိုးကို သတိရကျေးဇူးတင်ဖို့လည်း ဖြစ်ပါတယ်။

ရည်ညွှန်း

Adem Arikanli ရေးသားသည့် Sneezing an Alarm from The Body ဆောင်းပါး။

Related Post

Leave a Reply

Your email address will not be published. Required fields are marked *