မျိုးပွားခြင်းနှင့် မျိုးရိုးဗီဇနှင့်ဆိုင်သောအရာများ ဖလှယ်ခြင်း (ကိုချိုလွင်/ကျန်းမာရေး)

မျိုးပွားခြင်းနှင့် မျိုးရိုးဗီဇနှင့်ဆိုင်သောအရာများ ဖလှယ်ခြင်း (ကိုချိုလွင်/ကျန်းမာရေး)

ဘက်တီးရီးယားများသည် များသောအားဖြင့် ဒွိစုံကလာပ်စည်း ကွဲပြားခြင်းအားဖြင့် မျိုးပွားကြသည်။
သို့မဟုတ် တစ်ခုနှင့်တစ်ခု ချွတ်စွတ်ဆင်တူသော ဆဲလ်ငယ်ကလေးနှစ်ခု ဖွဲ့စည်းဖြစ်ပေါ်ရန် ခွဲထွက်ခြင်း
အားဖြင့် မျိုးပွားကြသော်လည်း ဒီအင်အေပြန်လည်ပေါင်းစည်းခြင်း (Recombination of DNA) အားဖြင့် မျိုး
ပွားခြင်းမဖြစ်ချေ။ သို့သော်လည်း များစွာသော ဘက်တီးရီးယားတို့သည် ပြောင်းလဲဖွဲ့စည်းခြင်း၊ စွမ်းဆောင်
သည့် အသွင်ပြောင်းလဲခြင်း သို့မဟုတ် သဏ္ဍာန်ပေါင်းကူးခြင်း စသည့်နည်းများဖြင့် ၎င်းတို့၏မျိုးရိုးဗီဇအချက်
အလက်များကို ဖလှယ်ကြခြင်းနှင့် ထို့နောက် ပြန်လည်ပေါင်းစပ်ခြင်းတို့ကို ပြုလုပ်ကြပါသည်။ မျိုးရိုးဗီဇအင်
ဂျင်နီယာ လုပ်ထုံးလုပ်နည်းများဖြင့် လုံးလုံးလျားလျား ပြောင်းလဲစေရာတွင် ပါဝင်ပတ်သက်ကြသည့် အထူး
လေ့ကျင့်ထားသော ပညာရှင်များသည် အထက်ဖော်ပြပါ သုံးနည်းစလုံးကို အပြည့်အဝ အကျိုးရှိရှိ အသုံးချ
ခဲ့ကြပါသည်။ ဘက်တီရီယမ် (ဆဲလ်တွင်း ပစ္စည်းအလှူရှင်) တစ်ကောင် သေဆုံးသောအခါ ဆဲလ်ပြဲပြီး (ယို
ယွင်း ပျက်စီးပြီး) ထိုသို့ဖြင့် ဆဲလ်တွင်းပစ္စည်းများ ပတ်ပတ်လည် ပတ်ဝန်းကျင်သို့ လွတ်လွတ်လပ်လပ် ထွက်
ကျလာပါသည်။ ထို့နောက် ဤဗြောင်တုံးလုံးဖြစ်သော ဒီအင်အေ အပိုင်းအစများကို လက်ခံသူ (အိမ်ရှင်)
ဘက်တီးရီးယားက စုပ်ယူလိုက်ပါသည်။ လက်ခံသူ ဘက်တီးရီးယားများသည် ထိုအပိုင်းအစများကို ၎င်းတို့
၏ ဒီအင်အေနှင့် ပေါင်းစပ်ပြီး ပြန်လည်ထည့်သွင်းတွဲထားကြပါသည်။ ဤသို့ လုပ်ဆောင်ခြင်းကို ပြောင်းလဲ
ဖွဲ့စည်းခြင်း (Transformation) ဟု ခေါ်ပါသည်။ ၎င်းနည်းကို ကိုယ်ခန္ဓာအတွင်း လုပ်ငန်းဆောင်တာကို
ချုပ်ကိုင်သော လူသားဂျင်း(န)များ (Functional human genes) ပါဝင်သော နွားများ သို့မဟုတ် အပင်များ
ကဲ့သို့သော မျိုးမတူသော အခြားသက်ရှိသတ္တဝါ၊ အပင်မှ မျိုးပွားယူသော သက်ရှိဇီဝကောင်များ (Transgenic
Organisms) ဖန်တီးထုတ်လုပ်ရာတွင် အသုံးချခဲ့ပါသည်။

ပြန်လည် ထည့်သွင်းပေါင်းစပ်ခြင်း၏ ဒုတိယနည်းမှာ စွမ်းဆောင်သည့် အသွင်ပြောင်းလဲခြင်း သို့
မဟုတ် သယ်ဆောင်သူ (Carrier) ဗိုင်းရပ်(စ) တစ်ကောင်အားဖြင့် မျိုးရိုးဗီဇနှင့်ဆိုင်သော အရာများကို
ဖလှယ်ခြင်းဖြစ်ပါသည်။ ဘက်တီးရီးယားများ အတွင်းသို့ ကျူးကျော်ဝင်ရောက်ကြသည့် ဗိုင်းရပ်(စ)များကို
ဘက်တီးရီးယို ဖားဂျစ်များ (Bacteriophages) ဟု ခေါ်ကြပါသည်။ သို့မဟုတ် သိပ္ပံပညာရှင်အများစုက ဖား
ဂျစ် (phages) များဟုသာလျှင် ခေါ်ကြပါသည်။ ဖားဂျစ်တစ်ကောင်သည် ဘက်တီးရီးယားတစ်ကောင်ကို
ရောဂါကူးစက်စေရာတွင် ၎င်း၏ကိုယ်ပိုင် ဒီအင်အေကို ထိုးသွင်းပေးလိုက်သော ဒီအင်အေသည် အိမ်ရှင်
(ဘက်တီရီယမ်)၏ ဇီဝတွင်းလုပ်ငန်းများ ဖြစ်ပျက်မှုကို လွှဲပြောင်းသိမ်းပိုက်လိုက်ပြီး ပို၍များသော ဖာဂျစ်
များကို ထုတ်လုပ်စုဝေးနိုင်သော အသေးစားစက်ရုံတစ်ခု အသွင်သို့ ပြောင်းလဲလိုက်ပါသည်။ ၎င်းသည် ဗိုင်း
ရပ်(စ)များကို အရေအတွက်အားဖြင့် အလုံအလောက် ထုတ်လုပ်ပြီးသောအခါ ထိုဆဲလ်သည် ယိုယွင်းပျက်
စီးသွားပါသည်။ ထို ပျက်စီးသော ဆဲလ်မှ ဖားဂျစ်အသစ်များ လွှတ်ထုပ်ပေးပြီး ပို၍ များပြားသော ဘက်တီး
ရီးယားများကို စတင်၍  ရောဂါကူးစက်စေပါသည်။ ဖားဂျစ်များကို ထုတ်လုပ်စုဝေးသော လုပ်ငန်းစဉ်အတွင်း
အကယ်၍ ဖားဂျစ်တစ်ကောင်အတွင်းသို့ အိမ်ရှင် (ဘက်တီရီယမ်) ဒီအင်အေ တချို့ပေါင်းစပ်ပါဝင်ခဲ့လျှင်
အလွန့် ဖြစ်တောင့်ဖြစ်ခဲသော ဖြစ်ရပ်တစ်ရပ်အနေနှင့် ထိုယိုယွင်းမပြည့်စုံ အနာအစာရှိသော ဖားဂျစ်ပင်
လျှင် အိမ်ရှင်ဘက်တီရီယမ် ဆဲလ်ကို ပူးကပ်နိုင်ပြီး ၎င်း၏ ဒီအင်အေကို ထိုးသွင်းပေးနိုင်ပါသည်။ သို့သော်
လည်း ထိုအကောင်သည် ဗိုင်းရပ်(စ)၏ မျိုးရိုးဗီဇနှင့်ပတ်သက်သည့် အရာများကို မသယ်ဆောင်သဖြင့် ဘက်
တီရီယမ်ဆဲလ်ကို ရောဂါကူးစက်စေခြင်း မပြုနိုင်ပါ။ ထို့ကြောင့် ဤသည် ဘက်တီရီယမ် တစ်ကောင်မှ
အခြားတစ်ကောင်အတွင်းသို့ ဒီအင်အေသယ်ယူပို့ဆောင်သော နည်းလမ်းမျှသာပင်လျှင် ဖြစ်ပါသည်။ (ထို
ထက် မပိုပါ။) ပြောင်းလဲဖွဲ့စည်းခြင်းတွင် လုပ်ဆောင်သကဲ့သို့ ရရှိလာသော ဒီအင်အေအသစ်ကို အိမ်ရှင်
ဘက်တီရီယမ်၏ ဒီအင်အေဖြင့် ပြန်လည် ပေါင်းစပ်ဖွဲ့စည်းနိုင်ပါသည်။

ပြန်လည်ပေါင်းစပ် ဖွဲ့စည်းခြင်း၏ တတိယနည်း အမျိုးအစားပုံစံကို သိပ္ပံပညာရှင်များက ၁၉၅၀ ခုနှစ်
မှစ၍ ဆယ်စုနှစ်အတွင်း စူးစမ်းလေ့လာ ရှာဖွေတွေ့ရှိခဲ့ပါသည်။ ၎င်းသည် သဏ္ဍာန်ပေါင်းကူးခြင်း ဖြစ်သည်။
ဤဖလှယ်ခြင်း အမျိုးအစားတွင် ပြွန်တစ်ခု သို့မဟုတ် ပေါင်းကူးတံတားတစ်ခုဖြင့် ဘက်တီးရီးယားများကို
အသာပေးကြပါသည်။ အတွင်းပစ္စည်းပေးလှူသော ဆဲလ်များသည် သန္ဓေအောင်သော (လိင်အင်္ဂါရှိသော)
ပလပ်စမစ်များကို သယ်ဆောင်ကြပါသည်။ ထို ပလပ်စမစ်များသည် ဆဲလ်ကို ပီလိုင် (Pili) ဟု ခေါ်သော
ရှည်လျားပါး၍ သေးသွယ်သော ဥမင်ခေါင်းသဏ္ဍာန်ပြွန်များ ပေါင်းစပ်ဖန်တီးရန် အခွင့်အလမ်းပေးကြပါ
သည်။ ထိုစေးကပ်သော ပီလိုင်သည် လက်ခံသူဆဲလ်၏ ဆဲလ်နံရံသို့ ပူးကပ်ပြီး ထိုဆဲလ်နှစ်ခု တစ်ညီတစ်
ညွတ်တည်း စုစည်းလာသည်။ ထို့နောက် အထူးပြုလုပ်ထားသော အင်ဇိုင်း (Enzyme) တစ်ခုက ဆဲလ်အတွင်း
ပစ္စည်းပေးအပ်သော အလှူရှင်၏ ဒီအင်အေမှ အမျှင်တစ်ခုကို ဖြတ်တောက်လိုက်ပြီး လက်ခံသူ ဆဲလ်ထဲသို့
ပြောင်းရွှေ့ပေးလိုက်ပါသည်။ တစ်ခါတစ်ရံ ခရိုမိုဇုမ်းတစ်ခုလုံးကို ပြောင်းရွှေ့ပေးကြပြီး လက်ခံသူဆဲလ်
အတွင်း၌ ပြန်လည်ထည့်သွင်းပေါင်းစပ် ဖွဲ့စည်းကြပါသည်။ ဘက်တီးရီးယားများသည်လည်း ပေါင်းကူးခြင်း
တွင် သုံးသော ပေါင်းကူးတံတားအားဖြင့် ပလပ်စမစ်များကို ဖလှယ်ကြပါသည်။ ဤဖလှယ်ခြင်းသည် မြန်
ဆန်ပြီး အကျိုးရှိပါသည်။ မျိုးစိတ်တူသော ဘက်တီးရီးယားများ အချင်းချင်းဖလှယ်ခြင်း ပြုလုပ်သည်သာမက
မျိုးစိတ်များလိုင်း (အကန့်အသတ်) ကို ကျော်လွန်ပြီး မျိုးစိတ်မတူသော ဘက်တီးရီးယားများနှင့်လည်း
ဖလှယ်ကြပါသည်။ ထိုအဆင့်ကိုပင် ကျော်လွန်၍ ဘက်တီးရီးယားနှင့် ယူကရိုင်းအိုးတစ် (Eukaryotic)၊ အပင်
နှင့် သက်ရှိသတ္တဝါဆဲလ်များ အကြားတွင်ပင်လျှင် ဖလှယ်ခြင်းများ ဖြစ်ပျက်ပါသည်။

ရည်ညွှန်း။       ။ Yasmeen Bonnie Rutherford ရေးသားသည့် Antibiotic Resistance ဆောင်းပါး။

Related Post

ပဋိဇီဝ ယဉ်ပါးမှု (ကိုချိုလွင်/ကျန်းမာရေး)

ပဋိဇီဝ ယဉ်ပါးမှု (ကိုချိုလွင်/ကျန်းမာရေး)

လုပ်ဆောင်ရန်များနှင့် သုံးသပ်ချက်များ         ခုခံနိုင်စွမ်း (ဆေးယဉ်ပါးမှု) ကို တိုက်ဖျက်ရာတွင် ပထမအဆင့်အနေနှင့် နာမကျန်းဖြစ်သည်တွင် ကု သရန် အသုံးပြုသော ပဋိဇီဝဆေးဝါးများ အရေအတွက်ကို လျှော့ချရန်ဖြစ်သည်။…

Leave a Reply

Your email address will not be published. Required fields are marked *